menu

Monday 8 October 2012

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား

Photo: ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား  

MONDAY, 08 OCTOBER 2012 01:31

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်းအတွင်းရှိ အလုပ်ရုံတစ်ခုတွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါအလုပ်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အဦများကို ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

News from : Eleven Media Group
Post By : Aye Chan Mon
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်းအတွင်းရှိ အလုပ်ရုံတစ်ခုတွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ြေ
ကာင်း သိရသည်။

ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါအလုပ်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အဦများကို ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis