စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်
လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁
ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စက်တင်ဘာလ ၂၁
ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင်
ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ
အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
No comments:
Post a Comment