menu

Sunday 23 September 2012

ရှယ်ယာများ ပြည်သူလူထုသို့ ရောင်းနိုင် ရန် မြန်မာ့ဆက်သွယ်ရေးက ရည်မှန်းထား

Photo: ရှယ်ယာများ ပြည်သူလူထုသို့ ရောင်းနိုင် ရန် မြန်မာ့ဆက်သွယ်ရေးက ရည်မှန်းထား

22 SEPTEMBER 2012  

နိုင်ငံတကာ အော်ပရေတာ ကုမ္ပဏီများ ကဲ့သို့ ရှယ်ယာများ ပြည်သူ လူထု သို့ ရောင်းချနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တစ်ဦးတည်း လုပ်လို့မဖြစ်တဲ့ အတွက် ပုဂ္ဂလိကရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်ယှဉ်ပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ လိုက်မီနိုင်မယ်လို့ မျှော်မှန်းထားတယ်။ ဒီတော့ ဥပဒေခိုင်မာမှ အော်ပရေတာတွေကို ပြိုင်စေမှာပါ။ ဒါမှ နည်းလမ်းကျတဲ့ ပြိုင်ပွဲကို ဥပဒေခိုင်ခိုင်မာမာနဲ့ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
ဥပဒေမခိုင်မာဘဲနဲ့ အော်ပရေတာတွေကို ပိတ်လိုက်တဲ့အခါ မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်တာများပြီး နယ်တွေမှာ ပိုက်ဆံရဖို့မလွယ်တဲ့ အတွက် လုပ်ငန်းလုပ်ဆောင်တာ နည်းတယ်။ ဒီတော့ ဥပဒေမှာ နယ်မြို့တွေမှာပါ လုပ်ငန်းလုပ်ဆောင်ဖို့ ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လိုစနစ်တွေ သုံးတယ်ဆိုတာတွေကို လေ့လာရမှာ ဖြစ်တယ်” ဟု ယင်းက ပြောကြားသည်။
“လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတော်အစိုးရ ဘတ်ဂျက်ကို မှီခိုပြီး လုပ်နေတာပါ။ မြန်မာ့ဆက်သွယ်ရေးကတော့ FDI Law ကို လက်ခံပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဝင်လာမယ့် အော်ပရေတာတွေကလည်း နည်းပညာပိုင်းအရ၊ ငွေကြေးအရ အင်မတန် ကြီးမားတဲ့အတွက် ကျွန်တော်တို့က ဘတ်ဂျက်ပေါ်မှာပဲ မှီခိုမှာဆိုရင် အဆင်မပြေဘူး။
ဒါကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်သွားမှာ ဖြစ်တယ်။ ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်တဲ့အခါမှာ နိုင်ငံတော်ရဲ့ ရင်းနှီးမတည်ငွေကိုသာ ပြန်ထုတ်ပေးပြီးတော့ စီးပွားရေးဆန်ဆန် လုပ်ငန်းတွေ လုပ်သွားဖို့ ရှိတယ်။ စီးပွားရေးဆန်ဆန် လုပ်နိုင်ဖို့အတွက် စတော့အိတ်ချိန်းတွေ၊ အများပိုင် ကုမ္ပဏီတွေ ပေါ်ပေါက်လာရင် ကျွန်တော်တို့မှာ ရင်းနှီးငွေလိုမယ်။
ဒါကြောင့် အော်ပရေတာ ကုမ္ပဏီတွေကို နိုင်ငံတကာနည်းတူ ပြည်သူလူထုကို ပိုမို ပါဝင်လာအောင် ရှယ်ယာတွေ ရောင်းနိုင်အောင် ရည်မှန်းထားတယ်။ ဒါကို မြန်မာတယ်လီကွန်း ကုမ္ပဏီနဲ့ ရတနာပုံတယ်လီကွန်း ကုမ္ပဏီကို ရည်မှန်းထားပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တယ်လီဖုန်း အသုံးပြုမှု၊ အင်တာနက် အသုံးပြုမှုများစွာ နောက်ကျနေပြီး လက်ရှိလူတစ်ရာတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ တယ်လီဖုန်း အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

News From:   PYI MYANMAR
Post By : အေးချမ်းမွန်
နိုင်ငံတကာ အော်ပရေတာ ကုမ္ပဏီများ ကဲ့သို့ ရှယ်ယာများ ပြည်သူ လူထု သို့ ရောင်းချနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တစ်ဦးတည်း လုပ်လို့မဖြစ်တဲ့ အတွက် ပုဂ္ဂလိကရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်ယှဉ်ပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ လိုက်မီနိုင်မယ်လို့ မျှော်မှန်းထားတယ်။ ဒီတော့ ဥပဒေခိုင်မာမှ အော်ပရေတာတွေကို ပြိုင်စေမှာပါ။ ဒါမှ နည်းလမ်းကျတဲ့ ပြိုင်ပွဲကို ဥပဒေခိုင်ခိုင်မာမာနဲ့ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
ဥပဒေမခိုင်မာဘဲနဲ့ အော်ပရေတာတွေကို ပိတ်လိုက်တဲ့အခါ မြို့ပေါ်မှာပဲ လုပ်ငန်းလုပ်တာများပြီး နယ်တွေမှာ ပိုက်ဆံရဖို့မလွယ်တဲ့ အတွက် လုပ်ငန်းလုပ်ဆောင်တာ နည်းတယ်။ ဒီတော့ ဥပဒေမှာ နယ်မြို့တွေမှာပါ လုပ်ငန်းလုပ်ဆောင်ဖို့ ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လိုစနစ်တွေ သုံးတယ်ဆိုတာတွေကို လေ့လာရမှာ ဖြစ်တယ်” ဟု ယင်းက ပြောကြားသည်။
“လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံတော်အစိုးရ ဘတ်ဂျက်ကို မှီခိုပြီး လုပ်နေတာပါ။ မြန်မာ့ဆက်သွယ်ရေးကတော့ FDI Law ကို လက်ခံပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဝင်လာမယ့် အော်ပရေတာတွေကလည်း နည်းပညာပိုင်းအရ၊ ငွေကြေးအရ အင်မတန် ကြီးမားတဲ့အတွက် ကျွန်တော်တို့က ဘတ်ဂျက်ပေါ်မှာပဲ မှီခိုမှာဆိုရင် အဆင်မပြေဘူး။
ဒါကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်သွားမှာ ဖြစ်တယ်။ ကော်ပိုရေးရှင်း အနေနဲ့ ရပ်တည်တဲ့အခါမှာ နိုင်ငံတော်ရဲ့ ရင်းနှီးမတည်ငွေကိုသာ ပြန်ထုတ်ပေးပြီးတော့ စီးပွားရေးဆန်ဆန် လုပ်ငန်းတွေ လုပ်သွားဖို့ ရှိတယ်။ စီးပွားရေးဆန်ဆန် လုပ်နိုင်ဖို့အတွက် စတော့အိတ်ချိန်းတွေ၊ အများပိုင် ကုမ္ပဏီတွေ ပေါ်ပေါက်လာရင် ကျွန်တော်တို့မှာ ရင်းနှီးငွေလိုမယ်။
ဒါကြောင့် အော်ပရေတာ ကုမ္ပဏီတွေကို နိုင်ငံတကာနည်းတူ ပြည်သူလူထုကို ပိုမို ပါဝင်လာအောင် ရှယ်ယာတွေ ရောင်းနိုင်အောင် ရည်မှန်းထားတယ်။ ဒါကို မြန်မာတယ်လီကွန်း ကုမ္ပဏီနဲ့ ရတနာပုံတယ်လီကွန်း ကုမ္ပဏီကို ရည်မှန်းထားပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တယ်လီဖုန်း အသုံးပြုမှု၊ အင်တာနက် အသုံးပြုမှုများစွာ နောက်ကျနေပြီး လက်ရှိလူတစ်ရာတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ တယ်လီဖုန်း အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည့်ရည်ဖူး
PYI MYANMAR


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis