ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်နေစဉ်အ
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂ရက်ကြာအလည်အပတ်ေ
ရာက်ရှိလျက်ရှိသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်ဆွေးနွေးပွဲအစတွင် အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ခိုင်မာကျစ်လစ်သောအခြေခံပေါ်တွင် ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။
“ကျမတို့အနေနဲ့ နှစ်နိုင်ငံအကြား သဘောတူညီတဲ့ကိစ္စတွေ၊သဘောမတူတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပုံစံနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်။ဒါကိုကြည့် ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ရင့်ကျက်မှုရှိလာတယ်၊နောက်လည်း ဒီထက်ပိုပြီး တိုးတက်သွားမယ်ဆိုတာကိုပြသနေတာပါပဲ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်တွေ့ဆုံရာတွင် အကောင်းမြင်သဘောထားမှတ်ချက်ပေးခဲ့သော်လည်း၊တရုတ်ကွန်မြူနစ်ပါတီ ၏ အာဘော်သတင်းစာဖြစ်သော People Daily ၏ဆောင်းပါးတစ်ပုဒ်တွင်မူ ပိုင်နက်အငြင်းပွားလျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံတချို့နှင့်တင်းမာမှုပြင်းထန်နေသောအရေးတွင် အမေရိကန်ကဝင်ရောက်အမြတ်ထုတ်လျက် ရှိသည်စသည်ဖြင့် ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားထား သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်နိုင်ငံသို့အလည်အပတ်မလာရော က်မီ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရော က်ခဲ့ပြီးနောက် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအကြားတင်းမာလျက်ရှိသော တောင်တရုတ်ပင်လယ်အတွင်းရှိပိုင် နက်အငြင်းပွားမှုများအကြောင်းဆွေးနွေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် လည်း တွေ့ဆုံမည်ဖြစ်သည်။
သို့သော် မကြာမီတရုတ်သမ္မတဖြစ်လာမည့်သူဟုယူဆထားသော တရုတ်ဒုသမ္မတ Xi Jinping နှင့်တွေ့ဆုံမည့်အစီအစဉ်ကိုမူ အကြောင်းပြချက်တစုံတရာမရှိဘဲ ဖျက်သိမ်းခဲ့သည်။
“ကျမတို့အနေနဲ့ နှစ်နိုင်ငံအကြား သဘောတူညီတဲ့ကိစ္စတွေ၊သဘောမတူတဲ့က
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်တွေ့ဆုံရာတွင် အကောင်းမြင်သဘောထားမှတ်ချက်ပေးခ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင်
သို့သော် မကြာမီတရုတ်သမ္မတဖြစ်လာမည့်သူဟုယ
The Voice Weekly
No comments:
Post a Comment