menu

Wednesday 5 September 2012

"ဖုန်းသုံးစွဲသူများအကြိုက် ကျပ်တစ်သောင်း အောက်ငွေဖြည့်ကတ် ထုတ်မည်"

ကျပ် တစ်သောင်းအောက် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ”လက်ရှိရောင်းပေးနေ တဲ့ ငွေ ဖြည့် ကတ်နှုန်း ထားထက် လျော့နည်းမှာပါ။ ကျပ် ငါးထောင်တန် ကတ် ဖြစ်နိုင် သလို ကျပ်သုံးထောင် တန်ကတ် လည်း ဖြစ်နိုင်ပါတယ်။ ငွေဖြည့်ကတ် တန်ဖိုး အတိအကျ သတ်မှတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာပေး သွားမှာပါ”ဟု မြ
န်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ အဆိုပါ ငွေဖြည့် ကတ် များ ထုတ်လုပ်ခြင်းကို ယခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေး မည်ဖြစ်သော်လည်း ရောင်းချ ပေးနိုင်၊ မပေးနိုင်ကို အတိအကျ မသိရှိသေးကြောင်း၊ လာမည့်နှစ် တန်ဖိုးနည်းဖုန်းများ ရောင်းချသည့် ကာလတွင် ယင်းကတ်များ ရောင်း ချခြင်းကို အမှန်တကယ်ပြုလုပ်ပေး နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြော သည်။ ”အခုရောင်းပေးနေတဲ့ ငွေ ဖြည့်ကတ်တွေ ဈေးနှုန်းမြင့်မားနေတယ် ဆိုတာ သိပါတယ်။ သုံးစွဲသူ တွေ အခက်အခဲ ရှိနေတယ် ဆိုတာ မှန်ပါတယ်။ အခြေ အနေ တစ် ရပ် ကြောင့်သာ အခုလိုဖြစ်နေ တာပါ။ အခု ဆက်သွယ်ရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေပြီဖြစ်တဲ့ အတွက် နောက်ပိုင်း နိုင်ငံတကာ ပုံစံအ တိုင်း ဖြစ်လာတော့ မှာပါ။ ဒါ ကြောင့် အခုလို တန်ဖိုးနည်းငွေဖြည့် ကတ်တွေ စီစဉ်နေခြင်းဖြစ်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။ လက်ရှိတွင် ထုတ်လုပ် ရောင်းချပေးနေသည့် ကြို တင်ငွေဖြည့် ကတ် ကျပ် သုံးသောင်းတန် နှင့်ကျပ် တစ်သောင်းတန် တို့ထဲတွင် ကျပ် တစ်သောင်းတန် ကတ်ကိုသာ ဝယ်ယူ သုံးစွဲမှု ပိုများကြောင်း သိရသည်။ ”ဖုန်း တစ် လုံး ဝယ် ဖို့တောင် အနိုင်နိုင် ကြိုးစားခဲ့ရတယ်။ ငွေ တစ်ခါဖြည့်ဖို့ ကျပ် တစ်သောင်း လောက် ထပ်ကုန် ရတယ်။ ငွေကုန် မှာကြောက်လို့ ဖုန်းမပြောဘဲ ထား ရင်လည်း သတ်မှတ် ထားတဲ့ အချိန် ကုန်ရင် ပြောလို့ မရပြန်ဘူး။ တစ်လ တစ်လကို ဒီပြဿနာနဲ့ပဲ ကြုံနေရ တယ်။ ထောင် ဂဏန်းငွေဖြည့်ကတ် ဆိုရင်တော့ ဒီပြဿနာတွေ ကင်း ဝေးနိုင်ပါ တယ်” ဟု ပုဇွန်တောင် မြို့နယ်မှ ဖုန်းသုံးစွဲသူ တစ်ဦးက ပြောသည်။
ယင်းအပြင် မိုဘိုင်းဖုန်း ကျွမ်းကျင်ပညာရှင် တစ်ဦး ကလည်း နိုင်ငံ တကာ တွင် ဖုန်းငွေဖြည့်သည့် စနစ် မှာ အလွန် လွယ်ကူသော စနစ် တစ်ခုဖြစ်ကြောင်း၊ မိမိ ထည့်သွင်း လိုသလောက် ငွေဖြည့်သွင်းနိုင်သည့် စနစ်ကို အသုံးပြုနေသည်မှာ အချိန်ကြာမြင့်နေ ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ယင်းစနစ် ကဲ့ သို့ ဖော်ဆောင်ပေး သင့်ကြောင်း ၄င်း၏ အမြင်ကို ပြောသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် ငွေဖြည့် ကတ် စတင် အသုံးပြုသည့် အချိန် မှစ၍ ငွေဖြည့် ကတ်နှုန်း များ လျှော့ ချ ရောင်းချခြင်း မရှိသော်လည်း ဖုန်း ဆင်းကတ် တန်ဖိုးနှုန်းထား များကို အဆင့်ဆင့် လျှော့ချပေးခဲ့ကြောင်း သိရသည်။

PN- 052
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis