menu

Wednesday 5 September 2012

မို့မို့မြင့်အောင်လည်း အမည်ပျက်စာရင်းထဲ ရောက်ခဲ့

စစ်ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့အတွက် ၀ါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်ပေးခဲ့သည့် မင်းသမီးကြီး မို့မို့မြင့်အောင်ကို ပြီးခဲ့သည့် ရက်ပိုင်းကာလအထိ အမည်ပျက်စာရင်း သွင်းထားခဲ့ကြသည်။

ရာပေါင်းများစွာသော မြန်မာပြည်သားတို့၏ အမည်များကို အမည်ပျက်စာရင်းမှ ယခင်တပတ်က ထုတ်ပြန်ရာတွင် ၀ါရင့်မင်းသမီးကြီး အကယ်ဒမီ မို့မို့မြင့်အောင်၏ အမည် ပါဝင်နေသည်ကို တွေ့ကြရသည်။

ထိုကဲ့သို့သော ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ဆန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်အခြေစိုက် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်က မင်းသမီးကြီးကို ဆက်သွယ် မေးမြန်းခဲ့သည်။

မင်းသမီးကြီးက “ဘယ်တုန်းက ပိတ်ထားမှန်း မသိခဲ့ပါဘူး။ အဲ့ဒီစာရင်း ထွက်လာတဲ့အချိန်မှာ ကိုသူရ (ဇာဂနာ )နဲ့တောင် ပြောဖြစ်သေးတယ်။ နာမည်ရော၊ အဖေနာမည်ရော မှန်နေတယ်။ မှတ်ပုံတင်နံပါတ်က အရင်တုန်း ကထုတ်ပေးထားတဲ့ ကဒ်နံပါတ်ပါ” ဟု အဆိုပါ ဂျာနယ်ကို အသေးစိတ် ရှင်းလင်းပြောပြခဲ့သည်။

မြ၀တီသတင်းဌာန အွန်လိုင်းတွင် တွေ့ရသည့် အချက်အလက်များအရ မို့မို့မြင့်အောင်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းတွင် ပါဝင်နေသည်။

မည်သည့်အတွက် ထိုသို့ အမည်ပျက်စာရင်း သွင်းထားသည်ကို ဖော်ပြထားခြင်း မရှိချေ။

ရုပ်ရှင်လောကသားများထဲမှ မို့မို့မြင့်အောင် တစ်ဦးတည်းသာ နာမည်ပျက်ခြင်း မဟုတ်ဘဲ သရုပ်ဆောင် ရဲမင်းပိုင်လည်း အမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ရဲမင်းပိုင်သည် နို့ဘိုးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ထိုမှတဆင့် တတိယနိုင်ငံတခုသို့ သွားရောက် ခိုလှုံခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်မှ လာသော သတင်းများက ဆိုသည်။

http://upload.wikimedia.org/wikipedia/en/6/62/2008-academy-winners-performance-MMMA.jpg
မို့မို့မြင့်အောင်ကို ရုပ်ရှင်/ဗီဒီယို ဇာတ်ကားများစွာတွင် ထောင်ထွက်၊ ကနားစီး၊ ခေါင်းရွက်ဈေးသည်၊ အထက်တန်းကျောင်းသူ၊ သီလရှင် စသည့် ဇာတ်ကောင်စရိုက်မျိုးစုံဖြင့် တွေ့မြင်ကြရသည်။

လက်ဝှေ့သမားအဖြစ်လည်း သရုပ်ဆောင်ခဲ့ဖူးသည်။ သူကိုယ်တိုင်လည်း လက်ဝှေ့ပွဲကြည့်ခြင်းကို ၀ါသနာပါသူဖြစ်သည်။

“မမို့က လက်ဝှေ့ပွဲတွေကို အရမ်းသဘောကျတာ၊ ပွဲကောင်းတွေဆိုရင် လူမမှတ်မိအောင် ရုပ်ဖျက်ပြီး သွားကြည့်ရတယ်” ဟု မို့မို့မြင့်အောင်က ပြောကြားခဲ့ဖူးသည်။

မို့မို့မြင့်အောင်သည် ၁၉၈၀ ပြည့်နှစ်က မွန်းတည့်ချိန်တွင် နေ၀င်သည် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။

နှလုံးသားမြို့တော် (၁၉၈)၊ ခပ်စိမ်းစိမ်း နေပါ့မယ် (၁၉၈၉)၊ သမီးနှင့်အမေများ (၁၉၉၁)၊ မသုဓမ္မစာရီ (၁၉၉၆) ၊ မြင့်မိုရ်ထက်က သရဖူ (၂၀၀၈) ဇာတ်ကားတို့တွင် အကယ်ဒမီဆုများ ရခဲ့သည်။

အမည်ရင်း မမွှေး၊ ကျောင်းအမည် မြင့်မြင့်ခိုင် ဖြစ်ခဲ့သော အကယ်ဒမီများရှင် မို့မို့မြင့်အောင်သည် အသက်၂ နှစ် ရှိပြီဟု သိရသည်။
မိုးမခ moemaka.com ကနေ ယူပါတယ်
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis