menu

Monday 27 August 2012

NLD ပါတီ၏အောက်ခြေဖြစ်ရပ်များအား ဒေါ်အောင်ဆန်းစုကြည် မသိရှိနိုင်သေးဟု ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပါတီဝင်အများစုကဆို

NLDပါတီ၏ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ကော်မရှင်များရွေး ချယ်မှုနှင့် ပတ်သက်ပြီး ပါတီတွင်း ဒီမိုက ရေစီ နည်းလမ်း မကျပဲ ဗဟိုဦးစီး စနစ်ချုပ်ကိုင် မှုရှိနေသည်ဟုဆိုကာ ယင်းနှင့်ပတ်သက်ပြီး
ပါတီဝင် အချင်းချင်းကြား မကျေနပ်မှုများ ရှိနေသည်ကို NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် မသိရှိနိုင်သေးကြောင်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ၊NLDဥက္ကဌ ဦးတင်ဦး ကထုတ်ဖော်ပြောကြား လိုက်သည်။

အဆိုပါကိစ္စနှင့်စပ်လျှဉ်း၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများနှင့်ပါတီဝင်များ သည်ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပါတီဝင်များတွေ့ဆုံကြပြီး မြို့နယ်အလိုက်ပါတီတွင်းဖြစ်စဉ်များ ကို တင်ပြ ဆွေးနွေးကြသည်။

“ဒီလိုမှညှိနှိုင်းမဆွေးနွေးရင် ပါတီဝင်လူငယ်တွေ လမ်းပေါ်ထွက် လာလိမ့်မယ်။ ပါတီတွင်းမှာ တပည့်မွေး ဆရာမွေး ကိစ္စတွေဖြစ်နေတယ်။ ဒါကို ဥက္ကဌသိအောင် ၊ပြည်သူတွေသိအောင်လုပ်သွားမှာပါ။ အဓိကတော့ ဒီမိုကရေစီနည်းလမ်း မကျပဲ ဗဟိုဦးစီးစနစ်ချုပ်ကိုင်မှုရှိနေတယ်”ဟု ဦးတင်ဦးကဆိုသည်။

ပါတီ၏မြို့နယ်ကော်မရှင်ရွေးချယ်မှုနှင့်ပက်သက်၍နိုင်ငံရေးအတွေ့ရှိသောပါတီဝင်များထက် ကြားဖြတ် ရွေးကောက်ပွဲကာလ အတွင်းဝင်ရောက် လာသည့် ပါတီဝင်များအား ရွေးချယ်ခဲ့ခြင်းမှာလက်ရှိ အခြေအနေ တွင် ပါတီဝင် အချင်းချင်း တင်းမာမှုများ ရှိနေကြောင်းလည်း ၁၉၉၀ ခုနှစ်တွင်သာပေါင်းမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း ကသုံးသပ်ပြောကြားသည်။

ယင်းကပင်“လူရွေးချယ်မှုမှာပုဂ္ဂိုလ်ရေးတွေပါတယ်၊၈၈ တုန်းကလုပ်နေတဲ့ လူတွေထက်လော လော ဆယ် ၂၀၁၂ မှာ ၀င်လာတဲ့သူတွေ ကို ရွေးချယ်တယ်၊ ဒီကိစ္စကိုဒီမှာရှိတဲ့ ပါတီဝင် တော်တော်များများ ကမကျေ နပ်ကြ ဘူး”ဟုဆိုသည်။

ယင်းမကျေနပ်ချက်များနှင့်ပက်သက်၍ သြဂုတ်လ ၁၂ရက်နေ့တွင် မြောင်းမြမြို့၌ NLD ပါတီဝင် ၃၀၀ ခန့်က“ဗဟိုဦးစီးစနစ် အလိုမရှိ”ဟူသော ကြွေးကြော်သံများ၊ဆိုင်းဘုတ်များကိုင်ဆောင်ကာ တိုင်း ကော်မရှင် အားဦးတည်ကာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းဆန္ဒထုတ်ဖော်မှုတွင်မြောင်းမြ မြို့နယ် ရပ် ကျေး NLD အဖွဲ့ခေါင်းဆောင်ဖြစ်သော ဦးမြင့်ကျော်နှင့်ဦးစစ်အောင်မှ ဦးဆောင်ခဲ့ကြောင်းသိရ သည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis