menu

Monday 27 August 2012

မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်သော ရန်ကုန်မြို့တော်စည်ပင်မှ အရာရှိနှင့်အောက်ခြေ၀န်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်



မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှုပြုလုပ်ခဲ့သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု အရေးယူခဲ့သည့် စာရင်း မှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီ လ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အရေးယူရာတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချ ခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။


အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ၀န်ထမ်းတွေက ပိုများတယ် . . .
အရေးယူခြင်းခံရသည့် ၇၂ ဦးထဲမှ အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသောအရေအတွက် မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင်  အရာရှိ(ဌာနမှူးအဆင့်မှ ဌာနစုမှူး အထိ)  ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း)  ၂၆ ဦးတို့ပါ ၀င်ကြောင်း၊ အရာရှိ ၁၃ ဦး အနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးတစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစားယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
အောက်ခြေ၀န်ထမ်း(အမှု ထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ် ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုးရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုးရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ ကြောင်း သိရသည်။
ဌာနပြောင်းရွှေ့ခြင်းခံရသော သူအရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ(ဌာနမှူး အဆင့်မှ ဌာနစုမှူးအထိ ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦး တို့ပါ ၀င်ကြောင်း သိရသည်။ ထို့ပြင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့်သတိ ပေးဆုံးမမှုကိုခံရသော အရာရှိ (ဌာန မှူးအဆင့်မှဌာနစုမှူးအထိ) ၄၇ ဦး နှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။
“မြို့တော်စည်ပင်က ဌာနမှူး အဆင့်တွေလို အရာရှိတွေ၊ တခြား အောက်ခြေ၀န်ထမ်းတွေ ငွေရေးကြေး ရေးကိစ္စတွေနဲ့ပတ်သက်လို့  အလုပ် ဖြုတ်တာတို့၊ ရာထူးလျှော့ချတာ တွေ၊ ဌာနပြောင်းတာတွေရှိတယ် လို့ သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ၀န်ထမ်းတွေက ပိုများတယ်လို့ သိရတယ်”ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦး က ပြောပြခဲ့သည်။
“ စည်ပင်သာယာနဲ့ပတ်သက် တဲ့ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်  ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ၀န်ထမ်းတွေ မရိုးမဖြောင့်လုပ်တာရှိရင် အရာရှိတွေကို လာရောက်အသိပေး တိုင်ကြားလို့ရပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစိုးရ အသစ်က ချမှတ်ထားတဲ့ မူဝါဒအ တိုင်းဝန်ထမ်းအဖွဲ့အစည်းကိုကောင်း အောင် စစ်ဆေးအရေးယူတာတွေ လုပ်နေချိန်မှာ ၀န်ထမ်းတွေနဲ့ ဆက်နွယ်ဆောင်ရွက်နေရတဲ့ တစ်ဖက်က ပြည်သူတွေအနေနဲ့ ၀န်ထမ်းတွေကို မရိုးမဖြောင့်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ် အောင်ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဌာနပေါင်း  ၂၀ တွင် ၀န်ထမ်းအရေအတွက် ၁၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis