menu

Tuesday 21 August 2012

ဆင်ဘိုဒေသအနီးတစ်ဝိုက်တွင် ကြွက်ကောင်ရေသောင်းနှင့်ချီပြီး ဧရာဝတီမြစ်ကို ဖြတ်ကူးလျှက်ရှိကြောင်းသိရ




ကောင်ရေသောင်းနှင့်ချီသော ကြွက်များသည် ဧရာဝတီမြစ်အရှေ့ဖက်ကမ်းမှ အနောက်ဖက်သို့ ဆင်ဘိုဒေသ တစ်ဝိုက်မှဖြတ်ကူးလျှက်ရှိကြောင်းသတင်းရရှိပါသည်။
ပြီးခဲ့သော သြဂုတ်လ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ကြွက်ကောင်ရေအများအပြားသည် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ မြင်သာရွာ၊ ရေနားပင်လုံကျေးရွာများကိုဖြတ်သန်းသွားခဲ့ကြောင်းဒေသခံများ၏ပြောကြား ချက်အရသိရသည်။
“၁၇ ရက်နေ့ညမှာ ခွေးတွေဟောင်တယ်။ ကြောင်းတွေလည်းအော်တယ်။ မနက်လင်းတော့ ရေခပ်တဲ့သူတွေ တွေ့တာ။ မြင်သာရွာမှာ ရတာ အကောင် ၅၀၀ ကျော်တယ်ပြောတယ်။ ရေနားပင်လုံကလူတွေက အကောင် ၆၀၀ ကျော်တယ်လို့ သိရပါတယ်။ မြစ်အရှေ့ဖက်ကမ်းက ၀ါးတွေသုဉ်းတာနဲ့ဆိုင်မယ်ထင်တယ်” ဟု  ဆင်ဘို မြို့နယ်ခွဲမှ စက်လှေပိုင်ရှင် ဦးနေ၀င်းထွန်းကပြောပါသည်။

သြဂုတ်က ၁၇ ရက်နှင့် ၁၈ ရက် ညများတွင် မြင်သာ၊ ရေနားပင်လုံရွာများကိုဖြတ်သန်းသွားကြောင်း သြဂုတ်လ ၁၉ ရက်နေ့ညက ဆင်ဘိုမြို့နယ်ခွဲအနီးမှဖြတ်သန်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။ ဆင်ဘိုအနီးတစ်ဝိုက် တွင် ဖူးစပြောင်းခင်းများနှင့် မိုးစပါးစိုက်ခင်းများရှိကြောင်း၊ ယခုကဲ့သို့ ကြွက်အုပ်လိုက်ရွှေ့ပြောင်းနေမှုအပေါ် ဒေသခံများ စိုးရိမ်ပူပန်နေကြကြောင်း သိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis