menu

Saturday 18 August 2012

‘အရက်အတုသာသောက်သုံးနေရသည့် ပြည်တွင်းယမကာ လုလင်များအတွက် နိုင်ငံခြားအရက်တရားဝင်တင်သွင်းခွင့်ပြုမည်’

မြန်မာနိုင်ငံသား အရက် သောက်သုံးသူများ အနေဖြင့် အရက်အတုများသာ သောက်သုံး နေရ၍ နိုင်ငံခြား အရက် အမျိုးမျိုးကို မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် တင်သွင်း ရောင်းချ ခွင့်ပြု သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

အရက်တုများ သောက်နေရ၍ ကျေးလက်နေ တောင်သူ လယ်သမားများ အားကောင်း မောင်းသန် အလုပ်မလုပ် နိုင်ကြတော့ဘဲ ပိ

န်လှီ ချည့်နဲ့ နေကြ ကြောင်း၊ အရက်အတု သောက်သုံးရခြင်း၏ ဆိုးကျိုးကို ၎င်းကိုယ်တိုင်ပင် ခံစား နေရကြောင်း ဦးဝင်းမြင့် က ပြောသည်။

“ကျွန်တော့် မျက်နှာသာ ကြည့်တော့ အရက်အတုတွေ သောက်ရတဲ့ အတွက် ဘယ်လို ဖြစ်နေတယ် ဆိုတာ”ဟု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ရယ်ရွှင် ပွင့်လင်းစွာ ပြောသည်။

သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News သတင်းဂျာနယ်ပါ သတင်းမှ ကောက်နုတ်ချက်
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis