menu

Thursday 16 August 2012

ယမကာနှင့် ဘ၀(ရေးသားသူ- မောင်လန်းဆန်း)

၃၅ လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နှင့် စကားပြောရင်း အရက်သောက်
ဖြစ်သည်။ ကျွန်တော်ထိုင်သော ထိုင်ခုံမှာခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့် ကျွန်တော့်
သူငယ်ချင်းမှာ သက်တူရွယ်တူ(၄၀)ကျော် အရွယ်များ ဖြစ်ပါသည်။ ကျန်လေးယောက်မှာ ၁၄နှစ် ၁၅ နှစ်အရွယ်
ကလေးများဖြစ်ကြပါသည်။ သူတို့သည် အရောင်ဆိုးထား သော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက ခေါင်ရေပုလင်း များ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။


ကျွန်တော်၏ အရက်သောက်မှုအတွေ့အကြုံအရ အရက်နှင့် ဆေးလိပ်သည် အခါအားလျော်စွာ မတည့်ပါ။ အရက်သောက်ပြီး အရက်ရှိန်တက်လာသော အချိန်နှင့် ဆေးလိပ်မီးခိုးရှိုက်လိုက်သည့် အချိန်များတွင် မူးမိုက်၍ အန္တရာယ်ဖြစ်စေပါသည်။ ၀ါရင့်အ ရက်သမားများသာ အရက်နှင့် ဆေးလိပ်တွဲသောက်နိုင်ကြပါသည်။ ယခုတော့ ဤကလေးများက ၎င်းအပြုအမူများကို ကျွမ်းကျင်စွာ တတ်မြောက်နေပေပြီ။

ဤကလေးများသည် အရက်ခေါင်ရေကို တစ်ခါတစ်ရံ သောက်ဖူးသည်ရှိအောင် မြည်းစမ်း၍ သောက်ကြသူများဖြစ်ပါစေဟု ဆုတောင်းမိသည်။ နုနယ်သော အဆုတ်က ဆေးလိပ်၏ အရှိုက်ကို ခံနိုင်ရည်ရှိမည်မထင်။ ထို့အပြင် နုနယ်သေးသော   အသည်းက လည်း ပြင်းရှသော အရက်ဒဏ် ကို ခံနိုင်ရည်စွမ်းအားပေးနိုင် စွမ်းမည် မထင်ပါ။

ကျွန်တော့်အဖေသည်  အရက်သမားတစ်ယောက်ဖြစ်ပါသည်။ အဖေသည် အသက် ၂၀ အရွယ်က အရက်သောက်ခဲ့သည်။ ထိုအချိန်က အဖေတို့ သောက် သော အရက်သည် တောအရက် ဖြစ်ပါသည်။ တောထန်းလျက် ကောင်းကောင်းနှင့် ချက်သောအရက်ဖြစ်ပါသည်။ အဖေ အသက်(၆၇)နှစ်မှာ ဆုံးပါးသွားသည်။ အဖေဆုံးတော့ မည်သည့်ရောဂါမှ မရှိပါ။ အရက်အသောက် များပြီး အားပြတ်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်က ဆိုပါသည်။

အရက်ကို တစ်နေကုန်သောက်သည်။ မြို့ရောက်တော့ ဘီအီးကို အဖေသောက်ဖြစ်ခဲ့သည်။ မြို့ပေါ်ဘီအီးအရက်သည် တောအ
ရက်လောက်တော့   ကောင်းမည်မထင်ပါ။

ကျွန်တော်ကတော့ အသက် ၄၀ ကျော်မှ အရက်သမားတစ်ယောက်ဖြစ်လာသူပါ။ အပေါင်း အသင်းစုံရာကနေ ပျော်ရွှင်မှုကို ဦးစားပေးမိရာက ကျွန်တော်အ ရက်သမားဖြစ်လာပါသည်။ အရက်သောက်တတ်တော့ ကျွန် တော့်မှာ အရက်သမားအပေါင်း အသင်းတွေ များတာပေါ့။ အဖေ့ ကို သတိရတော့ အဖေသောက်နေကျ အရက်ဆိုင်ကလေးကို စ ရောက်ဖြစ်ရာကနေ နောက်တော့ ရပ်ကွက်ထဲက အရက်ဆိုင်တွေ အားလုံးလည်း ကျွန်တော့်မိတ် ဆွေအရက်ဆိုင်တွေ ဖြစ်သွားပါသည်။ အဲဒီမှာ ကျွန်တော် သတိထားမိတာကတော့ အသက် ၃၀၊ ၄၀ ၀န်းကျင် လူငယ်တွေက ဗိုက်ပူနံကား၊ မျက်နှာကဖောသွပ်သွပ်ဖြစ်နေတာတွေကို တွေ့နေရတာ ပါပဲ။

တစ်နေ့သောည။ သောက်နေကျ ၀ိုင်းမှ အရက်သမားသူငယ်ချင်းတစ်ယောက်က ပြောသည်။
“မနေ့ညက ဖိုးထူးကြီးတော့ ဆုံးသွားပြီကွ”သည်တော့ နောက်တစ်ယောက်က ၀င်ပြောသည်။
“သေမှာပေါ့ကွ။ သူက အဲဒီအရက်ဆိုင်ပဲ အမြဲသောက်နေတာ။ ဆိုင်ရှင်က သူ့ကို အမြင်ကတ်နေတာ အတော်ကြာပြီ။ သူ က အရက်လာသောက်တဲ့ သူတွေ တင်မကဘူး။ ဆိုင်ရှင်ကိုပါရစ် တယ်။ အများစိတ်ဆင်းရဲရအောင် လုပ်တယ်။ သည်တော့ အရစ်ခံရ တဲ့သူက ဆိုင်ရှင်ကို မျက်စပစ်ပြ။အဲဒီမှာ ဆိုင်ရှင်က အရက်ဆီ (အရက်အဖြစ် မစပ်ရသေးသော အဆီ)ကို ရေကလေး နည်းနည်း
ရောပြီး ရော့ ၅၀ဖိုး ၁၀၀ ဖိုးဆိုပြီး တိုက်လိုက်ပါလေရော။    သူကလည်း အရက်ကလည်း အလကား သောက်ရ။ သောက်တဲ့အရက်က လည်း ခပ်ပြင်းပြင်းဆိုတော့ ဇယားကိုက်တယ်ပေါ့ကွာ။ အဲဒီမှာ တင်ပဲ  သုံးလလောက်ကြာတော့ ဗိုက်ပူနံကားနဲ့ လက်တွေတုန်ယမ်း လာပြီး နောက်ဆုံးသေပွဲဝင်ကြ တော့တာပဲကွ။ နောက်ပြီး ဖိုးထူး တင်ဘယ်ကမလဲကွာ။ အရက်သမား ၃၊ ၄ ယောက်ရှိပြီ။ အဲဒီလိုဆိုင်
ပိုင်ရှင်စိတ်ဓာတ်တွေကြောင့် သေတာ”ဟု ဆိုသည်။

ကျွန်တော်များစွာ စိတ်မ ကောင်းဖြစ်မိသည်။ သို့သော် ဘာ မျှမတတ်နိုင်ပါ။ သည်လိုနှင့်   Rum Station တွေပေါ်လာတော့ ရပ်ကွက်ထဲက ဆိုင်တွေမှာ မ သောက်ဖြစ်။  Rum Station မှာ သောက်ဖြစ်သည်။  Rum သည် စက်မှု(၁)၀န်ကြီးဌာနမှ ထုတ်လုပ် သော အရက်ဖြစ်သည်။ အာမခံ ချက်ရှိသည်။ အရက်ကလည်း ကောင်းသည်။ သို့သော်   Rum Station   ဆိုင်တွေက နည်း သည်။ အခွန်ကြီးလေးမှုကြောင့် လည်းဖြစ်နိုင်သည်။ ကျွန်တော်သည် မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ရပ်ကွက် ကြီးတွင် နေထိုင်သော မန္တလေး သားတစ်ဦးဖြစ်ပါသည်။ ၄၁ လမ်းထိပ်တွင်   Rum Station  ဆိုင်တစ်ဆိုင်၊ ၄၁ လမ်းတောင်ဘက် စံပြရပ်ကွက်တွင်  Rum Station   ဆိုင် တစ်ဆိုင်၊ ၃၅ လမ်း သင်္ဂဟချောင်း အနောက်ဘက်တွင်   Rum Station    ဆိုင်တစ်ဆိုင်နှင့် ၄၁ လမ်း တောင်ဘက် သပြေညွန့်ရပ်ကွက် ရှိ ကျွန်တော်သောက်နေကြ “နေသာချိန်”Rum Station”အရက်ဆိုင်လေးတို့ ရှိပါသည်။   ကျွန်တော်သည်     အာမခံချက်ဖြင့် ရောင်းသော အရက်ဆိုင်များများ ဖွင့်စေလိုပါသည်။ သောက်နေကြ “နေသာချိန်”အရက်ဆိုင်ကလေး ပိတ်သွားသောအခါ ရပ်ကွက်ထဲ က အရက်ဆိုင်များသို့သာ ခြေဦးလှည့်ရပါတော့သည်။ ဤတွင် ရပ် ကွက်ထဲက မည်သည့်အရက်ဖြူ ဆိုင်မဆို   Rum   တစ်ပက် ၁၀၀ ကျပ်နှင့် ၀ယ်သောက်၍ ရနေပါသည်။   Rum Station   ဆိုင်ကြီး များတွင်သာ တစ်ပက် ၁၀၀ ကျပ် ရောင်းသည်မဟုတ်ပါ။ မည်သည့် အရက်ဖြူဆိုင်တွင်မဆို ရပါသည်။

ကျွန်တော်သည် အသိမိတ် ဆွေ အရက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် စကားပြောဖြစ်သည်။
“ရမ်အတုတွေက    အများ ကြီးလှိမ့်ဝင်နေတာဗျ။ တစ်ပုလင်း ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်အထိ ရှိတယ်။ အဲဒီတော့ တစ်ပက် ၁၀၀ ကျပ်နှုန်းရောင်း နိုင်တာပေါ့ဗျာ”

ဤသို့ လွယ်လွယ်ရသော ရမ်တစ်ပက် ၁၀၀ ကျပ်ကိုသာ သောက်သုံးနေကြပါလျှင် အရက်ဆီအိုပီထဲသို့ ရေနည်းနည်းရော၍
တိုက်သောအဖြစ်နှင့်သာ တူနေပါလိမ့်မည်။ ကျန်းမာရေးမည်မျှ ဆိုးရွားမည်ကို မသိနိုင်။ သို့သော် တို့မြန် မာလူမျိုးများမှာ ဥရောပတိုက် သားများနှင့် ယှဉ်လျှင် လွန်စွာ သေးကွေးလှပါသည်။ တစ်ချိန်က ဂျပန်ငပုဟု ခေါ်သော ဂျပန်လူ မျိုးများနှင့် ယှဉ်လျှင်လည်း ကျွန် တော်တို့ မြန်မာလူမျိုးက သေးနေပါသည်။ အိနိယတိုက်သားများနှင့် ယှဉ်လျှင်လည်း ပို၍ဆိုးပါသည်။ သို့ပါ၍ အရွယ်မတိုင်မီ ရုပ်အ ဆင်းရည်ကျနေသော   အရက် သောက်တတ်သည့် လူငယ်များ အနေဖြင့် မိမိတို့၏ လူမှုရေး၊ စီး ပွားရေး၊ ယဉ်ကျေးမှုများကို ထိန်း သိမ်းကာကွယ်သင့်ပါသည်။

အရက်၏ ဘေးဥပါဒ် အန္တ ရာယ်များမှာ ဘီပိုး၊ စီပိုးနှင့် အ သည်းခြောက်၊ အသည်းရောင် အသားဝါ၊ ဗိုက်ပူနံကား၊ အိုနာ စောခြင်း၊ အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း၊ ခြေတုန်လက်တုန် ဖြစ်ခြင်း၊ သတိမေ့မြောခြင်းများ နှင့် ရောဂါမျိုးစုံကပ်ငြိတတ်ခြင်း တို့ ဖြစ်စေပါသည်။ လူ၏လုပ် အား ဆုံးရှုံးခြင်းမှာလည်း အရက် ကို အဟောသိကံ (အလွန်အကျွံ) သောက်စားမှုပါဝင်ပါသည်။ မည် သို့ပင် ဆိုစေကာမူ အရက်ကို ကြိုက်တတ်၍ပဲ သောက်သောက် ၀ါသနာအရပဲ သောက်သောက်၊ ရိုးရာဓလေ့အရပဲသောက်သောက်၊မိမိတို့၏ ကျန်းမာရေးရှုထောင့်၊ လူ့စွမ်းအားအရင်းအမြစ်ရှုထောင့်၊ လုပ်သားလုပ်အား အပြည့်အ၀ ပေးစွမ်းနိုင်မှု ရှုထောင့်တို့ကိုအမျိုးမျိုးသုံးသပ်ရှုမြင်နိုင်ရေးတို့မှာ အရက်ထုတ်လုပ်သူ၊ အရက်ရောင်းသူ၊ အရက်သောက်သူတို့မှာလည်း အမျိုးသားရေးတာဝန်တစ်ရပ်ဟု ရှုမြင်ခံစားမိပါသည်။

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အရက်ဆိုင်နှင့် အရက်အရည်အသွေး များကို စစ်ဆေးကြည့်ရှု၍ အရေးယူမှုများ ပြုလုပ်သင့်ပါသည်။
    (၁) အရက်ဖြူ ကုန်ကြမ်း (အိုပီ)နှင့် ရေရောစပ်မှု အချိုးအ စား အတိအကျလိုက်နာမှုရှိ မရှိ။
    (၂)  ငယ်ရွယ်သူများ အ သက် ၁၈ နှစ်မတိုင်မီ အရက်မ သောက်ရေး။
    (၃) စက်ရုံထုတ် အာမခံပါသည့် အရက်ဖြူကုန်ကြမ်းများ သုံး စွဲမှုရှိမရှိ။
    (၄) ပြည်တွင်းဖြစ် အရက်နှင့် နိုင်ငံခြားအရက်များ၏ စံချိန် မီခြင်း ရှိ မရှိ။
    (၅) တိုက်ရိုက်တင်သွင်း သည့် နိုင်ငံခြားအရက်များ ပုံမှန် စီးဆင်းမှုမှန်ကန်ခြင်း ရှိမရှိ။
    (၆) အရက်တု၊ တံဆိပ်တု၊ အတုမျိုးစုံတို့အား ရှောင်တခင် စစ်ဆေးနိုင်မှု ပြုလုပ်ရေး။
    (၇) အရက်ဆိုင်များ၏ စား သောက်ဖွယ်အမြည်းများနှင့် အ ရက်ဆိုင်၏ ပတ်ဝန်းကျင်တို့မှ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ မရှိ တို့ကိုလည်း လေ့လာစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

ထို့အပြင် အရက်ဆိုင်များ ညလုံးပေါက် ရောင်းချခြင်းနှင့် နံနက်စောစောရောင်းချခြင်းတို့ကိုလည်း လေ့လာသုံးသပ်သင့်ပါ သည်။ အရက်သောက်တတ်သူ တစ်ယောက် အရက်သမား မြန် မြန်ဖြစ်စေသော နည်းလမ်းမှာ နံနက်စောစောသောက်ခြင်း ( ရက်သမားတို့အဆို အမူးအနောက် ခေါက်ကိုက်ဖြေရန် ဖြေ သည်)ပင် ဖြစ်ပါသည်။ အရက် သောက်တတ်သူတစ်ယောက် နံ နက်ရေ(အရက်) မ၀င်လျှင် အ ရက်သမားလုံးလုံး မဖြစ်ဟုလည်း အရက်သမား အသိုင်းအ၀ိုင်းမှ သိ ရပါသည်။

ကျွန်တော်သည် သန့်ရှင်း သပ်ရပ်၍ ခမ်းနားသော အရက် ဆိုင်များကို သဘောကျပါသည်။ ပို၍ သဘောကျသည်မှာ စင်တင် များပင် ဖြစ်ပါသည်။ သို့သော် သောက်သုံးရသော ယမကာနှင့် အမြည်းအပြင် အထွေထွေတို့၏ ဈေးနှုန်းများကို မတတ်နိုင်ပါ။ ထို့ ကြောင့် မိမိနှင့်သင့်လျော်သည့် ရပ်ကွက်ဒေသတို့၌သာ ယမကာ ကို သောက်သုံးပါသည်။ အရက် ယမကာကိုသောက်သုံးရာတွင် လည်း အာမခံပါသည့် အရက်နှင့် အရက်ဆိုင်များကိုသာ သောက် သုံးပါသည်။ သို့သော် မိမိအလို ဆနတစ်ခုတည်းအတွက် မဖြစ် နိုင်ပါ။ မိမိတို့၏ မိသားစု စီးပွား ရေးကိုသာ အဓိကထားတတ်ကြ ပါသည်။ အရက်စစ်၊မစစ်က အဓိ ကမဟုတ် အမြတ်ရရေးသည်သာ အဓိကကျပါသည်။ ကျွန်တော် အရက်ဆိုင်အားလုံးကို မကောင်း မြင်နေခြင်းမဟုတ်ပါ။ အမြည်း စားဖွယ်နှင့် အရက်အားလုံး အဆင်ပြေမှုရှိ မရှိ၊ စားပွဲထိုးနှင့် ဆက်ဆံရေး ပြေလည်မှုရှိ မရှိ အစစအရာရာ ဂရုစိုက်သော ဆိုင်များကိုလည်း တွေ့ရပါသည်။

ယခုကာလများတွင် တောနှင့် မြို့ မည်သည့်အရပ်ဒေသ တွင်မဆို ရပ်ကွက်ဘုရားပွဲရှိပါက လူကြီး၊ လူငယ် အရက်သောက် ကြသည်က များပါသည်။ အရက်မသောက်တတ်သော လူငယ်ဆို သည်မှာပင် ခပ်ရှားရှားပင်ဖြစ် သည်။

အရက်သောက်ခြင်းကြောင့် စကားပြောရွှင်သည်။ ရဲတင်းမှု ရှိ သည်။ ခန္ဓာကိုယ်တွင် အောင်းနေ သော ချွေးပုပ်တို့ကို အပြင်သို့ ကန်ထုတ်ပေးနိုင်သည်။ ခံတွင်း ပျက်၍ ထမင်းစားမကောင်းဖြစ် နေသောအခါ ခံတွင်းလိုက်၍ စား ကောင်းစေနိုင်သည်။ အရက်ကို ရမ်  သုံးပက်ထက်မပိုဘဲ ပုံမှန် သောက်လျှင် ကျန်းမာရေးကောင်း စေနိုင်သည်။ သို့သော် အရက်ကို များများသောက်သုံး၍ ပုံမှန်စွဲ သောက်လာပါက ဦးနှောက်ဆဲလ် များလည်း ပျက်စီးစေနိုင်သည်ဟု မိတ်ဆွေဆရာဝန်တစ်ဦး၏ ပြော ပြချက်အရ သိရသည်။

အရက်သောက်တတ်စ လူ ငယ်တစ်စု အုပ်စုဖွဲ့၍ ပျော်ကြသည်။ အရက်ကြောင့် အာရွှင်၍ ဆိုကြ၊ အော်ကြ၊ ဟစ်ကြသည်။ ဆိုင်ကယ်စီးက မြန်လာသည်။ တစ်ခါတလေ သုံးယောက်ပူးစီး ကြသည်။ အရက်ရှိန်က တဖြည်းဖြည်းတက်လာသည်။ သတိကို မထိန်းနိုင်တော့။ နောက်ဆုံး ဆေး ရုံမှာ ဇာတ်သိမ်း၍ အမှုနှင့်ရင်ဆိုင်ရသည်။   သေသူက   သေ၍၊ မသေသူက အကျိုးအကန်းဖြစ်ရ ခြင်းများကိုလည်း တွေ့ရ ကြားရ ဖူးပါသည်။

ကျွန်တော်ဘာသာပြန် ၀တ္ထု စာအုပ်များ ဖတ်ဖူးပါသည်။ အ မေရိကန်နှင့် ဥရောပနိုင်ငံများ၌ ယောက်ျားရော၊ မိန်းမပါ အရက် သောက်သည့် အလေ့အထများကို သိရှိခဲ့ပါသည်။ တစ်ဦးနှင့် တစ်ဦး ဧည့်ခံစကားပြောရာ၌လည်း အ ရက်မပါလျှင် မပြီးပါ။ သို့သော် ယောက်ျားများကသာ အရက်ကို များစွာသောက်သုံးပြီး အမျိုးသမီး များက တစ်ခါတရံသာ သောက် သုံးလေ့ရှိပါသည်။ လုပ်ငန်းခွင်မ ပျက် အလုပ်လုပ်ကြသူများလည်း ဖြစ်ကြပါသည်။

မည်သို့ဖြစ်စေ အရက်ကို စတင်သောက်သုံးတော့မည်ဆိုပါလျှင် အရက်၏ ကောင်းကျိုးဆိုးကျိုးကို လေ့လာသိရှိထားသင့်ပါ သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis