menu

Thursday 16 August 2012

ဆိုရှယ်မီဒီယာများတွင် မြန်မာသတင်းဓာတ်ပုံများဟု လိမ်ညာဖော်ပြ


နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ စားသုံးနေရသော သတင်းအချက်အလက်များမှာ လုံးဝမမှန်ကန်(သို့မဟုတ်) အဖြစ်မှန်အားလုံး ပျောက်ပျက်သွားသည်ထိ ချဲ့ကားဖော်ပြ ထားသည်ဟု တစ်ခါတစ်ခါ သင်တွေးမိဖူးပါသလား။
မြန်မာပြည်မှ ပုံများဟု ဆိုကာ တင်ထားသည့် ပုံများကို တွေ့ရစဉ်
လူမှုကွန်ရက် ဝက်(ဘ)ဆိုက်များတွင် မြန်မာနိုင်ငံ၌ မူဆလင်များ အသတ်ခံ နေရသည် ဆိုသည်နှင့် ပတ်သက်သည့် သတင်းများ ပလူပျံနေပါသည်။ “မြန်မာနိုင်ငံမှ မူဆလင်သတ်ဖြတ်ပွဲ”၊ “မြန်မာနိုင်ငံတွင် မူဆလင်များကို ဗုဒ္ဓဘာသာဝင်များက သတ်ဖြတ်” စသော ပုံစာများဖြင့် လူအမျိုးမျိုးက တင်ထားသော ဓာတ်ပုံများကို ကြိုကြား ကြိုကြား သင် တွေ့နိုင်ပါသည်။
ထို့ကြောင့် အဖြစ်မှန်ကို အပြီးအပိုင် ရွေးထုတ်ပြသရမည့် တာဝန်ကို ကျွန်တော့်ဘာသာ ကျွန်တော်ယူခဲ့ပြီး သံသယ ဖြစ်ဖွယ်ရာ ဓာတ်ပုံအချို့ကို ဆန်းစစ်ကြည့်ခဲ့သည်။ အောက်တွင် ပုံတချို့နှင့် မူရင်းကော်ပီတချို့ကို ဖော်ပြလိုက်ပါသည်။ ထိုပုံများကြား ကွာခြားချက်နှင့် အဆက်အစပ်မဲ့မှု တို့ကိုသင် အထင်အရှား တွေ့နိုင်ပါသည်။ “မြန်မာနိုင်ငံတွင် လူ ၁ဝဝဝ ကျော် သတ်ဖြတ်ခံရ”ဟူသော ပုံစာဖြင့် ပလူပျံနေသော ပုံမှာ အတု ဖြစ်ပါသည်။

အောက်တွင် သင်မြင်တွေ့ရသော မူရင်းပုံမှာ ၂ဝဝ၄ ခုနှစ်က ထိုင်းတွင် ရိုက်ယူထားခဲ့သော ပုံဖြစ်ပါသည်။ ထိုပုံမှာ ဘန်ကောက်ရှိ Tai Bai ရဲစခန်း ပြင်ပတွင် မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခံရသော ဆန္ဒပြသမားများ၏ ပုံဖြစ်သည်။ ထိုနေရာမှာ မြန်မာပြည်မှ အကြမ်းဖျင်း ၁၄ဝ၉.၉ ကီလိုမီတာ အကွာအဝေးတွင် ရှိပါသည်။
မြန်မာပြည်မှ ပုံများဟု ဆိုကာ တင်ထားသည့် ပုံများကို တွေ့ရစဉ်
အောက်ပါ အွန်လိုင်းတွင် တင်ထားသော ပုံကိုကြည့်ပါ။ Jamaat e Islam ဟူ၍ လက်ဝဲဘက်ထိပ်တွင် ပုံနှိပ်ဖော်ပြထားပြီး ပုံစာတွင် “မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများက မူဆလင် ၅ဝဝ ကို သတ်ဖြတ်”ဟု ရေးထားပါသည်။
ထိုင်းတွင် ရိုက်ကူးထားသည့် ပုံကို မြန်မာပြည်ဟု လိမ်လည်တင်ထားသည်ကို တွေ့ရစဉ်
ထိုင်းတွင် ရိုက်ကူးထားသည့် ပုံကို မြန်မာပြည်ဟု လိမ်လည်တင်ထားသည်ကို တွေ့ရစဉ်
သင်မှန်းဆကြည့်၍ ရသကဲ့သို့ပင် ဤပုံမှာလည်း အတု ပြုလုပ်ထားသော ပုံဖြစ်ပါသည်။
အမှန်တွင် ဤပုံမှာ မြန်မာနိုင်ငံမှ ဘင်္ဂါလီ လူမျိုးစုများအပေါ် ကျူးလွန်ခဲ့သော ထိုင်းအာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုနှင့် သက်ဆိုင်ပါသည်။ ထိုဒုက္ခသည်များမှာ ရက်သတ္တပတ် အနည်းငယ်ကြာ အောင် ထိန်းသိမ်းခံ ထားရပြီးနောက် ပင်လယ်ထဲသို့ ပြန်မျှောပို့ခံခဲ့ရသည်။
ကိုင်း အောက်ပုံကြည့်ပြီး ဘယ်လောက် အဆက်အစပ်မဲ့သည် ဆိုသည်ကို လေ့လာကြည့်ပါဦး။ မူရင်းပုံမှာ အထက်တွင် ဖော်ပြထားသော ပုံနှင့် မနီးရိုးစွဲပင် မဟုတ်ပါ။ အမှန်တွင် တရုတ်သမ္မတ ဟူကျင်တောင်း ရောက်အလာကို ကြိုကန့်ကွက် ဆန္ဒပြသည့်အနေဖြင့် သူ့ကိုယ်သူ မီးတင်ရှို့ခဲ့သော  တိဘက် ဆန္ဒပြသမား တစ်ဦးသာ ဖြစ်သည်။
အခြားတစ်ပုံကို တွေ့ရစဉ်
အခြားတစ်ပုံကို တွေ့ရစဉ်
အခြားတစ်ပုံကို တွေ့ရစဉ်
အခြားတစ်ပုံကို တွေ့ရစဉ်
လိမ်လည် တင်ပြထားသည့် ပုံတစ်ပုံ
လိမ်လည် တင်ပြထားသည့် ပုံတစ်ပုံ
အပေါ်ပုံမှာလည်း မြန်မာနိုင်ငံတွင်း မူဆလင်အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆိုတာ ဆိုရှယ်မီဒီယာ များတွင် ပျံ့နှံ့နေသော အခြားမှားယွင်းမှု ဥပမာတစ်ခု ဖြစ်ပါသည်။ ဤပုံမှာ ၂ဝဝ၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ထိုင်းအဓိကရုဏ်း များနှင့် ပတ်သက်သည့် မူရင်းပုံ(ယာ)ကို အလွန်အကျွံ မှားယွင်းအောင် လုပ်ကြံထား သောပုံ ဖြစ်သည်။ဤကိစ္စမှာ အလွန်ကြောက်မက်ဖွယ် ဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ နိုင်ငံရပ်ခြားရှိ ညီအစ်ကို မောင်နှမများ ခံစားနေရသည့် ကြီးမားသော ဆုံးရှုံးမှုကို ကျွန်တော် စာနာပါသည်။
လိမ်လည် တင်ပြထားသည့် ပုံတစ်ပုံ
လိမ်လည် တင်ပြထားသည့် ပုံတစ်ပုံ
စောင့်ကြည့် မီဒီယာဟု ခေါင်းစဉ်တပ်ထားသည့် ဘလော့ဂ်၏ လိုဂို
စောင့်ကြည့် မီဒီယာဟု ခေါင်းစဉ်တပ်ထားသည့် ဘလော့ဂ်၏ လိုဂို
ကျွန်တော် ဆန့်ကျင်သည်မှာ လိမ်ညာခြင်း ဖြစ်ပါသည်။ ဤပုံများက ဖော်ပြနေသောလိမ်ညာမှုများ၏ အတိုင်းအတာကို တွေးဆကြည့်ပါ။ ဤကဲ့သို့သော တစ်စုံတစ်ယောက်၏ နိုင်ငံရေး သို့မဟုတ် ပုဂ္ဂိုလ်ရေး အစီအစဉ်အတွက် အထောက်အပံ့ ဖြစ်ရန် လိုအပ်သလို လှည့်ပတ် တည်းဖြတ်ထားသည့် အွန်လိုင်း ဓာတ်ပုံများကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း။ ဆိုရှယ်မီဒီယာနှင့် ကွန်ရက် ဝက်(ဘ)ဆိုက်များမှာ မှန်မှန်ကန်ကန် အသုံးပြုပါက သုံးစွဲသူများကြား အသိအမြင် ဖြန့်ဖြူးရေး ကိရိယာ ဖြစ်နိုင်ပြီး အလွဲသုံးပါက အညီအမျှအန္တရာယ်ရှိသော မီဒီယာတစ်ခု ဖြစ်သွားနိုင်ပါသည်။ ဤပုံများမှာ အမုန်းနှင့် အာဃာတများ ကျွန်တော်တို့၏ လူငယ်များတွင် ပွားများအောင် မီးမွှေးပေးသော အတုအယောင်များ ဖြစ်သည်။ ယုံကြည်နိုင်မှုနှင့် စစ်မှန်မှုကို သတိကြီးကြီး ထားရန် လိုပါသည်။ ယင်းတို့မှာမူ အစွန်းရောက်မှု တစ်ဖက်စွန်းသို့ တွန်းပို့ပေးသော ပုံမှားများသာ ဖြစ်ပါသည်။
၂ဝ၁၂၊ ဇူလိုင် ၁၉ရက်တွင် http://blogs.tribune.com.pklstory အင်တာနက်လိပ်စာ၌ ဖော်ပြထားသော ဘလော့ဂ်ဂါ Faraz Ahmed ၏ ရေးသားချက်များကို ပြန်လည်ကိုးကား ဖော်ပြအပ်ပါသည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis