menu

Thursday 16 August 2012

မွမ်ဘိုင်း ဆန္ဒပြပွဲအတွင်း လူနှစ်ဦး သေဆုံး

အာသံပြည်နယ်နှင့် မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် ပြုမူ ဆက်ဆံမှုများကို ကန့်ကွက်ဆန္ဒပြရန် မွမ်ဘိုင်းမြို့ တောင်ပိုင်း၌ စုရုံး ရောက်ရှိလာသော အဖွဲ့အစည်း ပေါင်းစုံမှ မူဆလင် ၂၅,ဝဝဝ ခန့်တွင် ဆန္ဒ ပြပွဲမှ အကြမ်းဖက်မှု အဖြစ် ပြောင်းလဲသွားပြီး နှစ်ဦး သေဆုံး၍ အများအပြား ဒဏ်ရာရသွားသည်။
မွမ်ဘိုင်း ဆန္ဒပြပွဲ နောက်ဆက်တွဲ မြင်ကွင်း
မွမ်ဘိုင်း ဆန္ဒပြပွဲ နောက်ဆက်တွဲ မြင်ကွင်း
လူနှစ်ဦးမှာ စိန့်ဂျော့(ချ)ဆေးရုံ ကြီးတွင် သေဆုံးသွားခဲ့ပြီး ၄ဝ ကျော် မှာ ဆေးကုသမှု ခံယူနေရကြောင်း၊ ဘေးဒုက္ခ စီမံခန့်ခွဲရေး အဖွဲ့အရာရှိတစ်ဦး IANS သတင်းဌာနသို့ ပြောကြားသည်။
“ဒီနေ့ (စနေနေ့)ညနေ ၃ နာရီ ၁၅ မိနစ် လောက်မှာ ဆန္ဒပြအုပ်စု တစ်စုက ရန်စလာတဲ့အတွက် အခြေအနေ က ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတာပါ။ တရားဟောစင်ပေါ်မှာ ရှိနေတဲ့သူတို့ အထဲက တချို့ကို ကျွန်တော် ပုဂ္ဂိုလ်ရေးအရ စကားပြောပြီး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ မေတ္တာရပ်ခံ ခဲ့ပါသေးတယ်”ဟု ရဲအရာရှိ Arup Patnaik က သတင်း မီဒီယာ သမားများကို ပြောပြသည်။
ထိုအုပ်စုသည် ဘတ်(စ) ကားများကို ကျောက်ခဲများနှင့် ပစ်ပေါက်ကြပြီး မီဒီယာနှင့် ရဲကားများကို မီးတင်ရှို့ခဲ့ကြောင်း၊ ဘတ်(စ)ကား ၁ဝ စီးနှင့် ဗင်ကား ၆ စီး ပျက်စီးခဲ့ ရကြောင်း၊ ရဲများက နံပါတ်တုတ်ဖြင့်  လူစုခွဲခဲ့ရကြောင်း၊ မိုးပေါ်သို့ သေနတ် ပစ်ဖောက်၍ မိန်းလမ်းမကြီးနှစ်ခုကို ပိတ်ထားခဲ့ရကြောင်း သူက ပြောသည်။
ဆန္ဒပြပွဲကို အစ္စလမ်မစ် ယဉ်ကျေးမှု တိုးတက်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Raza Academy က ဦးဆောင်ခဲ့ပြီး  မူဆလင်များအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချကန့်ကွက်ရာမှာ Sunni Jamaitul Ulma နှင့် Jamate Razae Mustaza ကဲ့သို့သော အဖွဲ့များက ထောက်ခံ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
မဟာဂုတ်(ရှ)ထရာ ပြည်နယ်၊ ပြည်ထဲရေး ဝန်ကြီး R.R Ratil က တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းကြပါရန် မေတ္တာရပ်ခံခဲ့ပြီး သင့်တော်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကတိပြုကာ၊ ပြစ်မှု ကျူးလွန်သူများကို အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။
Ref: IANS
Indeoendent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis