menu

Sunday 29 July 2012

တရုတ်ပြည်က ရွှေနဲ့လုပ်တဲ့ကား

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေနဲ့လုပ် ထားတဲ့ ဇိမ်ခံပြိုင်ကားကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့မြင်ရ တဲ့ ဓာတ် ပုံဖြစ်ပါတယ်။ ကားပိုင်ရှင်ဟာ ပါကင်မထိုးရနယ်မြေမှာ ကားရပ်ထားလို့ ရဲများက တင်ဆောင်သွားမှုဖြစ်ပါတယ်။ ယင်းအတွက် ကားပိုင်ရှင်ဟာ ဒဏ်ငွေဆောင်ပြီး ပြန် လည် ရွေးချယ်ခဲ့ ပါတယ်။ ဒါဟာ တမင် နာမည်ကြီးချင်လို့ လုပ်တဲ့အဖြစ်လို့ လူတိုင်းပြောဆိုကြပါတယ်။



ကားကတော့ Nissan မှ ထုတ်တဲ့ Infinite G37 အမည်ရတဲ့ အမိုးပွင့် ပြိုင်ကား ဖြစ်ပါတယ်။ ယင်းအမိုးပွင့် ပြိုင်ကား G37ကို ရွှေ ၂၅ ကာရက်နဲ့ ဖုံးလွမ်းထားခြင်း ဖြစ်ပါတယ်။ ဗိသုကာ ပညာရှင် ငါးဦးနဲ့ ၄လ ကြာ ပြုလုပ်ခဲ့ရတဲ့ ရွှေပြိုင် ကားဖြစ်ပါတယ်။ ရွှေအလွာတစ်ကိုယ်လုံး ဖုံးလွမ်းထားတဲ့ ယင်းပြိုင်ကားကို ဘယ်လိုနေရာမှာ သိမ်းရမယ်ဆိုတာ ကတော့ ပိုင်ရှင်တွေအတွက် ခက်ခဲမယ့် အခြေအနေဖြစ် ပါတယ်။
---
Ref:creativeboys
Photo courtesy of creativeboys. All Rights Reserved.

International News For Myanmar Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis