menu

Sunday 29 July 2012

တရုတ် သင်္ဘောသား ၁၃ ဦး၏ အသတ်ခံရမှု နှင့် ပက်သက်၍ စုံစမ်းရေး အဖွဲ့ များ မြန်မာနိုင်ငံသို့ လာရောက်


ရွှေတြိဂံ နယ်မြေ မဲခေါင်မြစ် အတွင်း ယမန်နှစ် အောက်တိုဘာလ တွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက်၍ တရုတ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုဌာနမှ ညွန်ကြားရေးမှူး လျူ ရီဂျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ရောက်ရှိ ၍ ဆွေးနွေးကာ အကြံဥာဏ် ဖလှယ်၍ တိုင်ပင် မှုများ ပြုလုပ်နေကြောင်း တရုတ် အစိုးရမှ သတင်းထုတ်ပြန် သည်။

၎င်းသည် မဲခေါင်မြစ်အတွင်း ယမန်နှစ် အောက်တိုဘာလတွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက် ၍ စုံစမ်းနေသော စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်လည်း ဇူလိုင် ၂၇ ရက်နေ့က တွေ့ဆုံခဲ့သည်။



ရှမ်းလူမျိုး နော်ခမ်း ဦးစီးသော ဂိုဏ်းအဖွဲ့သည် မဲခေါင်မြစ်အတွင်း ကတရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက် ၍ နောက်ကွယ်မှ ပါဝင် ပတ်သက်နေနိုင်ကြောင်း ထိုင်းစစ်တပ်က ပြောကြားသည်ဟု ဘန်ကောက်စ်ပို့ သတင်းစာတွင် ဖော်ပြပါရှိသည်။

နော်ခမ်း ကို ယခုနှစ် ဧပြီလအတွင်း လာအိုနိုင်ငံ အတွင်း ဖမ်းဆီးရမိခဲ့ပြီး တရုပ်နိုင်ငံသို့ လာအိုအစိုးရမှ လွှဲပြောင်းပေးခဲ့သည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis