menu

Sunday 29 July 2012

"ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလတောင်းဆိုနေ"

Navi Pillay
ရခိုင်ပြည်နယ် ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဏာအလွဲသုံးစားပြု၍ ဖိနှိမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ(UN human rights chief) နာဗီ ပီလေး(Navi Pillay)က တောင်းဆိုသည်ဟု BBC သတင်းတစ်ရပ်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ထိန်းသိမ်းနှိမ်နင်းရန် စေလွှတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အစ္စလာမ်ဘာသာဝင်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ကြသည်ဟု ရေးသားအစီရင်ခံမှုများ ရှိနေသည်ဟု မစ္စပီလေးက ဆိုသည်။


အဆိုပါဒေသတွင်း ပဋိပက္ခများကြောင့် လူဦးရေ ၈ သိန်းခန့်မှာ နေအိမ်စွန့်ခွာ၍ စိတ်ချလုံခြုံရာများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ သိရသည်။
အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြပြီး ၄င်းတို့ အတွက် လိုအပ်မည့် ရွက်ဖျင်တဲများကို လေယာဉ်ဖြင့် ထပ်မံပို့ဆောင်ပေးနေပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှ သိရသည်။

“လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တစ်ဖက်သတ်တုံ့ပြန်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်ဆိုတဲ့ အစီရင်ခံစာတွေ ပဋိပက္ခတွေမှာ သူတို့(လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ)ဟာ လှုံ့ဆော်သွေးထိုးမှုတွေ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ကို ကျွန်မတို့ လက်ခံရရှိခဲ့ပါတယ်”ဟု မစ္စပီလေးက ဆိုသည်။

လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂသံတမန်တစ်ဦးအား ရခိုင်ပြည်နယ်သို့ သွားရောက်စစ်ဆေးရန် အစိုးရ၏ ခွင့်ပြုမှုအား ကြိုဆိုသော်လည်း လွတ်လပ်၍ အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုကိုမူ ၄င်းက အစားထိုး နိုင်ခြင်းမရှိဟု သူမက ဆိုသည်။

PN-055
Ref: BBC
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis