menu

Friday 20 July 2012

“မြောက်ဥက္ကလာနှင့် ကွမ်းခြံကုန်းတွင် လေဆင်နှာမောင်းတိုက်၊ နေအိမ်အချို့ ပျက်ဆီးသော်လည်း လူထိခိုက်မှုမရှိ”

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ဇူလိုင် ၁၉ရက်ညနှင့်ယနေ့နေလည်ပိုင်းတို့တွင်
လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်းအိမ်ခြေတစ်ရာကျော်
ပျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇူလိုင် ၁၉ ရက်ည ၉နာရီ ၂၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)
ရပ်ကွက်အတွင်း သုံးမိနစ်ကြာခန့် လေဆင်နှာမောင်းတိုက်ခိုက်ခဲ့ရာ စိန်ချယ်လမ်းရှိ ပျဉ်ထောင်အိမ်တစ်လုံးပြိုကျပျက်ဆီးခဲ့သည်။ ထို့ပြင် ခေမာ
(၃၊၄၊၅၊၆၊၈)လမ်း၊ ဆဒ္ဒန်၊ စကားဝါ၊ ခိုင်ရွှေဝါ၊ ပတ္တမြား၊ နှင်းဆီ၊သစ္စာ၊စိန်ချယ်နှင့်  ကျောင်းလမ်းတို့မှ စုစုပေါင်းလူနေအိမ် (၁၀၂) လုံး အမိုးများပျက်ဆီးသွားခဲ့ကြောင်းသိရသည်။
အလားတူ ယနေ့နေ့လည် ၂ နာရီခွဲခန့်အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ကိုင်းလျားရှည်ကျေးရွာအုပ်စု၊ အင်တင့် ကျေးရွာ၌ လေဆင်နှာမောင်းဝင်
ရောက်တိုက်ခတ်မှုကြောင့် တဲအိမ် ၂ လုံးပြိုကျ၍ ၈လုံးမှာ အမိုးများပျက်ဆီးခဲ့ကြောင်း ယင်းဌာနမှသိရသည်။
ထိုသို့ ဖြစ်ပွားခဲ့သည့်မြို့နယ်များတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်း ထပ်လောင်းသိရသည်။
Popular News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis