menu

Friday 20 July 2012

ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ဘေးဒုက္ခသည်များအား အမေရိကန်မှ ခြောက်လစာ ဆန်ထောက်ပံ့မည်

ရန်ကုန်၊ဇူလိုင်-20
အမေရိကန်အစိုးရမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေနှင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သည်
့ ဒေသများမှ စစ်ဘေးဒုက္ခသည် ငါးသောင်းငါးထောင်အတွက် ခြောက်လစာ ဆန် မတ်ထရစ်တန် သုံး
သောင်းလေးထောင်အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှတဆင့် လှူဒါန်းမည်ဖြစ်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်ကယနေ့ပြောကြားသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း သံအမတ်အဆင့် ဆက်ဆံရေးမရှိခဲ့သည့် အမေရိကန်နှင့် မြန်မာနိုင်ငံအကြားတွင် ပထမဆုံး သံအမတ်အဖြစ်ပြန်လည်ခန့်အပ်ခြင်း ခံရသည့် မစ္စတာ ဒဲရစ်မစ်ချယ်သည် သူ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်
သက်တမ်း ၁၀ ရက်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံမှုများနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများအ
ကြောင်းလည်း ပြောကြားသွားသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis