menu

Wednesday 6 June 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း

 ကျောက်နီမော်ကို အခြေပြုရတဲ့ အကြောင်းတစ်ခုမရှိလို့ ပြောနိုင်မလား။ ဒီလိုကာလမှာ ဘာကြောင့် သံတွဲကပုဂ္ဂိုလ်တွေက ဗမာပြည်ဘက်ကို ဒီလိုအင်္ကျီအ၀တ်အစားနဲ့ လူမြင်ကွင်းမှာ မှန်လုံကားနဲ့ သွားရတာလဲ။ ဒီဟာတွေ အားလုံးက ပလူပျံနေတယ်။ ခုနက ပြောသလို မသီတာထွေးကိစ္စမှာ ဓာတ်ပုံနဲ့ အထောက်အထားအားလုံး တောင်ကုတ်မှာ ပျံ့နေတဲ့ကာလလေ



ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်များအတွင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်အား Eleven Media Group မှ စစ်တွေမြို့တွင် ဇွန်လ ၄ ရက်နေ့က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် ဒေါက်တာအေးမောင်က တောင်ကုတ်နှင့် ရမ်းဗြဲဖြစ်ရပ်များသည် ဆက်စပ်မှုရှိကြောင်း အပါအ၀င် စစ်တွေတွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်များကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

မေး - အခုဖြစ်ခဲ့တဲ့ ကိစ္စမှာ ဒေါက်တာလည်း ရှိနေတယ်ဆိုတော့ သိသလောက် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။  

ဖြေ - တကယ်တော့ ကျွန်တော်တို့မှာ ဖြေရှင်းနိုင်ခွင့် မရှိဘူး။ ဦးအောင်သန်းဝေဆိုတာက ပါတီရဲ့ စည်းရုံးရေးမှူးတစ်ယောက် ဖြစ်တယ်။ ‘ဒါကြောင့်ပါတီရဲ့ စည်းရုံးရေးမှူးဟာ သက်ရှိထင်ရှား ရှိပါတယ်ဆိုပါတာကို ပြသခြင်းဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားရင်တော့ ကောင်းတာပေါ့။ ပါတီကလူ ပါဝင်နေတာကြောင့် ကျွန်တော်တို့က သွားခဲ့တာဖြစ်တယ်။ လူထုကိုရော၊ အစိုးရကိုရော ပြေရာပြေကြောင်း နှစ်ဖက်ကိုသွားရောက် ညှိပေးဖို့ သွားခဲ့တာဖြစ်တယ်။
မေး - လူမျိုးရေး ပဋိပက္ခတွေအထိ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်နေကြခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - ကျွန်တော့် သဘောထားအနေနဲ့ပေါ့။ ပါတီနဲ့တော့ မပတ်သက်ဘူး။ အခုလို ၀င်ရောက်သွားတယ်။ ဒီလိုမျိုးပြဿနာ အကြီးအကျယ် ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော်တို့ မထင်ခဲ့ဘူး။  နောက်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့တာဝန် ပါတီမှာလည်း ရှိတယ်ဆိုပြီးတော့ လူထုကို ချပြတာ ဖြစ်တယ်။ အဓိကအကြောင်းရင်းက ဘာလဲဆိုလို့ရှိရင် ဒီကိစ္စကြောင့် တောင်ကုတ်ကိစ္စ၊ ရမ်းဗြဲကိစ္စ ဒီမှာ ဆက်နွှယ်သွားဖို့ ကြောက်တယ်။ လူထုက အင်မတန် နည်းပါတယ်။ များတဲ့လူထု မဟုတ်သေးဘူး။ ကျွန်တော်တို့က ပါတီနဲ့ ပတ်သက်တဲ့လူ ပါဝင်နေတဲ့အတွက် ဖြေရှင်းပေးဖို့ ကြိုးစားတယ်။ ပြည်သူတွေကတော့ တောင်းဆိုမှုတစ်ခုပေါ့။ အဲဒီတောင်းဆိုမှုကာလမှာ ပြည်သူ့လွှတ်တော်အမတ်က သွားရောက်ခေါ်နေတဲ့ကာလမှာ လူထုက ဒေါသပေါက်ကွဲပြီး ဖြစ်သွားတာ။ ကျွန်တော်တို့က ပြောတယ်၊ ခဏလေးစောင့်ပါ။ တွေ့ဆုံပေးမယ်။ အဲဒီကြားမှာပဲ ကျွန်တော်တို့က တာဝန်ယူလိုက်တာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ပါတီဝင် ကျန်းကျန်းမာမာ ပြနိုင်ရင် ကျွန်တော်တို့က ပြီးပြီပေါ့။
ပြဿနာဆိုတာက မဖြစ်ဖို့ဘဲ မျှော်လင့်တယ်လေ။ တချို့က ကြီးအောင်လုပ်ချင်တယ်။ တချို့က သေးအောင်လုပ်ချင်တယ်။ အမျိုးမျိုးပေါ့။ သက်သက်ဖန်တီးပေးသူလည်း ရှိမှာပေါ့။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးအောင် ဘယ်လို့လုပ်မလဲဆိုတဲ့ မူပေါ့။ ဘာသာမခွဲခြားဘဲနဲ့ နေသွားကြဖို့ပေါ့။ အခုကလည်း ပါတီနဲ့ လူထုကိုခွဲခြားဖို့ ကြိုးစားသူတွေရှိ ကောင်းရှိနိုင်တယ်ဆိုပြီး လူကိုယ်တိုင် ထွက်ပြတာဖြစ်တယ်။ ကျွန်တော်တို့ မတ်တတ်ရပ်ပြီးခါမှ ပြည်သူတွေက ဦးတည်ချက် ပြောင်းသွား ပြန်တယ်။  အဲဒီကာလမှာ ရှေ့မှာ ရှိတဲ့ ပြည်သူတချို့ရဲ့အမူအရာက လည်း အင်မတန်ကို မယုံနိုင်စရာ ဖြစ်တယ်။ ကျွန်တော်တို့ကိုလည်း မသိတော့တဲ့ပုံ။ ပုံမှန် ဟုတ်၊ မဟုတ် ကို သုံးသပ်ဖို့တောင် ခက်တယ်။
ပုံမှန်လူတစ်ယောက် တောင်းဆိုရမယ့်အချက်တွေ ရှိတာပေါ့။ မရ ရအောင် တောင်းဆိုရမယ့်အချက်တွေ ရှိတယ်။ ယဉ်ယဉ်ကျေးကျေး တောင်းသလို လူအင်အားနဲ့ဖိပြီး တောင်းဆိုရဖို့ အခြေအနေလည်း ရှိတာတွေရှိတယ်။ ရုန်းရင်းကြမ်းတမ်းနဲ့ တစ်ခုခုကို အစွန်းရောက်တွေ ကဏ္ဍမဖြစ်ဘဲနဲ့ ယဉ်ယဉ်ကျေးကျေး တောင်းသင့်တယ်။ အခုက ဦးတည်ချက် ပြောင်းသွားတယ်။

ပြဿနာဆိုတာက မဖြစ်ဖို့ဘဲ မျှော်လင့်တယ်လေ။ တချို့က ကြီးအောင်လုပ်ချင်တယ်။ တချို့က သေးအောင်လုပ်ချင်တယ်။ အမျိုးမျိုးပေါ့။ သက်သက်ဖန်တီးပေးသူလည်း ရှိမှာပေါ့။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မလဲဆိုတဲ့မူပေါ့။
အခုဖြစ်တဲ့ကိစ္စမှာ ဘာဦးတည်ချက်မှန်းတောင် ကျွန်တော်တို့ မသိလိုက်ဘူး။ အခုဖြစ်တာ ဆန္ဒဖော်ထုတ်ကြသူတွေကလည်း ကိုယ့်ကိုယ် မထိန်းနိုင်ဘဲနဲ့၊ မမျှော်လင့်တဲ့ ပုံသဏ္ဌာန် ပြောင်းသွားတာတွေကို အများကြီး တွေ့ရတယ်။ ဒေါသကိုမထိန်းနိုင်ဘဲ ဒီလိုကိစ္စမျိုး နောက်နောင်မဖြစ် သင့်ဘူးလို့ နောင်တရမိတယ်။ ပြီးတော့ တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်ကလည်း ဒီလိုမျိုး နည်းလမ်းတွေကို မသုံးသင့်ဘူးလို့ ထင်တယ်။ နှစ်ပေါင်း များစွာသုံးလာလို့ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်ခဲ့ရတယ်။ ဒီနည်းဟာ ဖြေရှင်းနည်းအစစ် မဟုတ်ဘူး။ ဒီထက်ပျော့ပျောင်းတဲ့ နည်းတွေ၊ လူထုလက်ခံနိုင်တဲ့ နည်းတွေ ဘယ်လိုရှိမလဲဆိုတာပြန်ပြီး သုံးသပ်ဖို့လိုတယ်။ ဒါက ကျွန်တော့်ရဲ့ မှတ်ချက်ပါပဲ။

ပါတီနဲ့ပတ်သက်လို့ သဘောထားမှတ်ချက်ထုတ်ဖို့ကတော့ စီအီးစီ ဆုံးဖြတ်ချက် မှတ်ချက်ဖြစ်တယ်။ ဒီနေ့ ဆွေးနွေးဖို့ရှိတယ်။
မနက်ကတော့ ၀န်ကြီးချုပ်နဲ့ တွေ့ခဲ့တာရှိတယ်။ ဖမ်းဆီးထားတဲ့ လူတွေရှိတယ်ဆိုပေမယ့် မနက်ကတော့ သုံးဦးလွှတ်လိုက်ပြီလို့ ပြောတယ်။ နောက်ထပ်ခြောက်ဦးကိုတော့ ဆက်နွှယ်မှုရှိတယ်ဆိုပြီး စုံစမ်း စစ်ဆေးနေတုန်း ပဲလို့ ပြောတယ်။ အားလုံးလည်း လွှတ်ဖို့ ပြောပါတယ်။ တိမ်းရှောင်နေသူတွေကိုလည်း မိမိအိမ်ကို မိမိပြန်သွားပါလို့ ၀န်ကြီးက ပြောပါတယ်။ ဘယ်သူ့ကိုမှ ဖမ်းဆီးခြင်း မရှိတော့ပါဘူးလို့ ပြောပါတယ်။

ကျွန်တော်တို့က ပြဿနာကို နည်းစေချင်လို့ လုပ်တာပါ။ ခုနက ပြောသလို ကိုအောင်သန်းဝေကို အကြောင်းပြုပြီး ပြဿနာမဖြစ်ချင်လို့ လုပ်တာပါ။ ဒီပြဿနာနဲ့ တောင်ကုတ်ပြဿနာနဲ့ မဆက်စပ်မိအောင် ဆက်စပ်လို့လည်း မရလို့ အစကတည်းက မဖြစ်စေချင်ပါဘူး။ ထပ် မဖြစ်ဖို့လည်း လိုတယ်လို့ ထင်တယ်။
မေး - မသီတာထွေးကိစ္စနဲ့ ဆက်နွှယ်နေတယ်လို့ ပြောကြတဲ့အတွက် ဒီကိစ္စမှာ ဘာတွေ သုံးသပ်မိပါသဲ။
ဖြေ - မသီတာထွေးကိစ္စကို ပြောရရင် စဖြစ်တဲ့ကိစ္စကို မဖော်လို့မရဘူး။ အဲဒါ မီဒီယာတိုင်းမှာ တာဝန်ရှိတယ်။ ဘာကြောင့် ဖြစ်လာသလဲပေါ့။ ဆင့်ပွားပြဿနာမှ စစ်တွေကပြဿနာနဲ့ မဆက်စပ်ဖို့လိုတယ်။ ဒါပေမယ့် တောင်ကုတ်နဲ့ ရမ်းဗြဲဆက်စပ်မှု ရှိတယ်။ အတွင်း ကျကျ လေ့လာပြီးတော့ တင်ပြဖို့ကတော့ မီဒီယာတိုင်းမှာ တာဝန်ရှိတယ်။ တောင်ကုတ်ပြဿနာက ရမ်းဗြဲကြောင့်ဖြစ်တာ။ ဘာကြောင့် ရမ်းဗြဲ ကျောက်နီမော်ကို အခြေပြုရသလဲ။ ကျောက်နီမော်ကို အခြေပြုရတဲ့ အကြောင်းတစ်ခုမရှိလို့ ပြောနိုင်မလား။ ဒီလိုကာလမှာ ဘာကြောင့် သံတွဲကပုဂ္ဂိုလ်တွေက ဗမာပြည်ဘက်ကို ဒီလိုအင်္ကျီအ၀တ်အစားနဲ့ လူမြင်ကွင်းမှာ မှန်လုံကားနဲ့ သွားရတာလဲ။ ဒီဟာတွေ အားလုံးက ပလူပျံနေတယ်။ ခုနက ပြောသလို မသီတာထွေးကိစ္စမှာ ဓာတ်ပုံနဲ့ အထောက်အထားအားလုံး တောင်ကုတ်မှာ ပျံ့နေတဲ့ကာလလေ။ အားလုံးက ဆက်စပ်မှု ရှိတယ်။ အစကိုဖော်ပြပြီးမှ အလယ်ကို ဖော်ပြဖို့ လိုတယ်။ အလယ်ကို ဖော်မပြရင် အဆုံးမရှိနိုင်ဘူး။ ဒါကြောင့် စလယ်ဆုံး ဖော်ပြဖို့ တာဝန်ကတော့ မီဒီယာမှာရှိတယ်။ ပြည်ပရော ပြည်တွင်းရောပေါ့။ ပြည်တွင်းပြည်ပက မေးရင်လည်း ကျွန်တော်တို့က ပြည့်ပြည့်စုံစုံကို ပြော သွားမှာဖြစ်တယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis