menu

Wednesday 21 March 2012

၂ သိန်းတန်ဂျီအက်စ်အမ်ဖုန်းလိုင်းများကို အထောက်အထားမလိုအပ်ဘဲ အရစ်ကျရောင်းချပေးမည်ဟုဆို


ဂျီအက်စ်အမ်ဖုန်းလိုင်းများကို လေးလအရစ်ကျစနစ်ဖြင့် အထောက်အထားပြသရန်မလိုအပ်ဘဲ ၀ယ်ယူနိုင်မည်ဟု ABC IT & Mobile အရောင်းဆိုင်မှ ဦးအောင်မျိုးလွင်ကပြောသည်။အရစ်ကျစနစ်အတွက် ၀န်ဆောင်ခကို လေးသောင်းကျပ်သက်မှတ်ထားပြီး လူဦးရေ ၁၀ ယောက် ခန့်စုပေါင်းဝယ်ယူပါက သုံးသောင်းကျပ်အဖြစ်လျော့ချပေးမည်ဖြစ် သည်။ ““အထောက်အထားတွေပြသနေဖို့မလိုပါဘူး။ လာဝယ်တဲ့လူဟာ ကနဦးပေးသွင်းငွေအနေနဲ့ ခြောက်သောင်းကျပ်ပေးသွင်းပြီးနာမည်ပေးခဲ့ရုံပါပဲ””  ဟု ဦးအောင်မျိုးလွင်ကပြောသည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းတန်ဖိုး နှစ်သိန်းကျပ်နှင့် အရစ်ကျဝန်ဆောင်ခတန်ဖိုး လေးသောင်းကျပ်၌ ကနဦးပေးသွင်းငွေ ခြောက်သောင်းကျပ်ကို ပေးချေရမည်ဖြစ်သည်။ ““ကျန်တဲ့ငွေကို လေးလအ တွင်းအချိုးအစားအရ လစဉ်ပေးသွင်းရမှာပါ။ လစဉ်လာရောက်ပေးသွင်းခြင်းရှိဘူးဆိုရင်တော့ ဖုန်းလိုင်းဟာ ကိုယ့်အမည်ပေါက်နဲ့ရရှိတော့မှာမဟုတ်သလို လိုင်းကိုလည်းပိတ် သိမ်းလိုက်မှာဖြစ်ပါတယ်””ဟု ၄င်းကပြောသည်။
အထောက်အထားပြသရန် မလိုအပ်ဘဲ ဂျီအက်စ်အမ်ဖုန်းလိုင်းဝယ်ယူနိုင်မည့်အစီအစဉ်ကို ဧပြီလ ၁၇ ရက်နေ့၌စတင်မည်ဖြစ်သည်။ ““ဆက်သွယ်ရေးက ဧပြီလ ၉ ရက် နေ့စရောင်းမှာဆိုတော့ဆိုင်မှာ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့လောက်ရမယ်။ အထောက်အထားပြသဖို့မလိုဘဲဝယ်ယူနိုင်တယ်ဆိုပေမယ့် လစဉ်တော့ပုံမှန်ပေးသွင်းဖို့အဓိကကျတယ်””ဟု ဦးအောင်မျိုးလွင်ကဆိုသည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းများအပြင် တန်ဖိုးနည်းပါးသည့်ဂျီအက်စ်အမ်ဟန်းဆက်များကိုလည်း ဖုန်းလိုင်းနှင့်အတူ အရစ်ကျစနစ်ရောင်းချပေးလျှက်ရှိကြောင်း သုံးသောင်း ခွဲတန်ဟန်းဆက်များကို ဖုန်လိုင်းနှင့်အရစ်ကျစနစ်ပူးတွဲဝယ်ယူမည်ဆိုပါက ၀န်ဆောင်ခဈေးနှုန်းလေးသောင်းကျပ်မှာပြောင်းလဲခြင်းမရှိဘဲ လစဉ်အရစ်ကပေးသွင်းငွေ၌ အနည်းငယ်ပိုမိုသွားမည်ဖြစ်ကြောင်းသိရသည်။ မိုဘိုင်းဖုန်းဆိုင်များအနေဖြင့် ငါးသိန်းတန်မိုဘိုင်းဖုန်းလိုင်းများကို အရစ်ကျနစ်ဖြင့်ဝန်ဆောင်မှုပေးခဲ့သော်လည်း ဘဏ်များနှင့်သာချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချို့သောဖုန်းဆိုင်များအနေဖြင့် ဘဏ်အထောက်အထားမလိုအပ်သော်လည်း အခြားသောထောက်ခံချက်များလိုအပ်ကြောင်း၊ ယခု စ တင်ရောင်းချမည်ဖြစ်သည့် အရစ်ကျစနစ်မှာ အထောက်အထားဟူ၍ တစ်စုံတစ်ရာပြသရန်မလိုအပ်ကြောင်းသိရသည်။
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis