menu

Saturday 17 March 2012

လူရမ်းကား အမေရိကန်တပ်သား၏ အာဖဂန်နစ္စတန် လူသတ်ပွဲတွင် အာဖဂန်နိုင်ငံသား ၁၆ ဦး သေဆုံး



အာလ်ကိုဇိုင်း(အာဖဂန်နစ္စတန်) - မတ်လ ၁၁ ရက် အရုဏ်မတက်မီ ပြုလုပ်ခဲ့သော အမေရိကန်လူရမ်းကား စစ်သည်တစ်ဦး အရမ်းကာရော ပစ်ခတ် သတ်ဖြတ်မှုကြောင့် မိန်းမသားများနှင့် ကလေးငယ်များ အပါအ၀င် အာဖဂန် နိုင်ငံသား ၁၆ ဦး သေဆုံးသွားပြီး နှစ်နိုင်ငံ အကြား ဆက်ဆံရေး အကျပ် အတည်းသစ် ဖြစ်ပေါ်လာခဲ့ရသည်။
အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက အဆိုပါသတ်ဖြတ်မှုအား ခွင့်လွှတ် နိုင်ဖွယ်မရှိကြောင်း ရှုတ်ချပြောကြား လိုက်သည်။
"အာဖဂန်နိုင်ငံသားတွေကို အမေရိ ကန်စစ်သားတွေက တမင်တကာ ပစ်ခတ်သတ်ဖြတ်နေကြတဲ့ အခုအခါ မှာ အခုသတ်ဖြတ်မှုဟာ လူသတ်မှု ကျူးလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်းဖြစ်ပြီး ခွင့်လွှတ်နိုင်ဖွယ်မရှိကြောင်း" ကာဇိုင်း က ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ပြောကြားလိုက်သည်။
"အဆိုပါအမေရိကန်စစ်သားသည် ကန်ဒါဟာ တောင်ပိုင်းရှိ အရပ်သား များနေထိုင်သည့်အိမ်အတွင်းသို့ ၀င် ရောက်ပြီး ကလေးငယ် ကိုးယောက်နဲ့ အမျိုးသမီးသုံးဦးအပါအ၀င်ဖြစ်သော လူ ၁၆ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း"အဆိုပါကြေညာချက်တွင် ဖော်ပြလိုက်သည်။

"အာဖဂန်ပြည်သူတွေနဲ့ အစိုးရက အခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး အမေ ရိကန်အစိုးရထံမှ ထုချေရှင်းလင်းချက် တင်ပြရန် တောင်းဆိုကြောင်း"ကာဇိုင်းက အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဆက်လက်ဖော်ပြလိုက်သည်။
နေတိုး၏ နိုင်ငံတကာလုံခြုံရေး ထောက်ကူမှုတပ်ဖွဲ့ (အိုင်အက်စ်အေ အက်ဖ်)က ၎င်းတို့ အဆိုပါအဖြစ်အပျက် နှင့် ပတ်သက်သည့် စစ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားပြီး အဖွဲ့၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်ကလည်း အကြီးအကျယ် စိတ်မသက်သာဖွယ် အဖြစ်အပျက်ကို ပြစ်တင်ရှုတ်ချလိုက်သည်။
ဒီရုန့်ရင်းကြမ်းတမ်းတဲ့ လုပ်ဆောင် မှုကို ဘယ်လိုစိတ်စေ့ဆော်မှုမျိုးနဲ့ လုပ်တယ်ဆိုတာကို ကျွန်တော် ရှင်းလင်း ပြောကြားနိုင်ခြင်း မရှိပါ။
သို့သော် ဒီအပြုအမူဟာ အိုင်အက်စ်အေအက်ဖ် အဖွဲ့က တာဝန်ပေးလုပ်ဆောင်စေခဲ့တဲ့ စစ်ရေးဆိုင်ရာ လုပ်ဆောင်မှုတစ်ရပ် မဟုတ်တာအမှန်ပါပဲ" ဟု ဂျွန်အယ် လင်၏ ဒုတပ်မှူးချုပ် ဒုတိယဗိုလ်ချုပ် အေဒရီယန်ဘရတ်ရှောက ထုတ်ပြန် ကြေညာ ချက်တစ်ရပ်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
"အမေရိကန်ပြည်ထောင်စုက ယနေ့ ပြုလုပ်ခဲ့တဲ့ စိတ်မချမ်းမြေ့ဖွယ် ပစ်ခတ် မှုတွေမှာ အသက်ဆုံးရှုံးခံကြရသူတွေရဲ့ မိသားစုတွေ အတွက် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း စာနာ အကြောင်းကြားပြီး ကျွန်ုပ်တို့၏ အာဖဂန် မိတ်ဆွေများအပေါ် ကျူး လွန်သည့် ယင်းအကြမ်းဖက်တိုက်ခိုက်မှုအတွက် စိတ်မချမ်းမြေ့ပါကြောင်း"နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရအမျိုးသမီးက လည်း ပြောကြားလိုက်သည်။
အာဖဂန်နစ္စတန်ရှိ နေတိုးဦးဆောင် သော တပ်ဖွဲ့မှ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်ကလည်း တနင်္ဂနွေနေ့က လူ ၁၆ ဦး သေဆုံးစေ ခဲ့သည့် သတ်ဖြတ်မှုတွင် တာဝန်ရှိသူဟု တွေ့ရှိရသူ မည်သူတစ်ဦးတစ်ယောက် ကိုမဆို အပြည့်အ၀တာဝန်ရှိသူအဖြစ် အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်း ကတိပေးပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဘာရက် အိုဘားမားကလည်း တနင်္ဂနွေနေ့တွင် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအား အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ ၎င်း၏ တုန်လှုပ်ချောက်ချားမှုကို တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောကြားပြီး ၀မ်းနည်း ကြေကွဲကြောင်း ပြောဆို လိုက်သည်။
ယင်းသို့တယ်လီဖုန်းဖြင့် ပြောကြား ရာတွင် အိုဘားမားက ၎င်း၏ထပ်တူ ထပ်မျှ ကြေကွဲဝမ်းနည်းမှုကို အာဖဂန် လူထုသို့ လက်ဆင့်ကမ်းလိုက်ပြီး ၎င်း၏ အစိုးရက အဖြစ်မှန်များကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး တာဝန်ရှိသူအား ဖြစ်ကြောင်းကုန်စင် အပြည့်အ၀ ပြန်လည်တာဝန်ယူထုတ်ဖော်စေပြီး ပြစ်ဒဏ်ချမှတ်ရန် ရှင်းလင်းပြတ်သား စွာ ပြောကြားလိုက်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာကလည်း တနင်္ဂနွေနေ့ တွင် ဖုန်းဆက်ပြောကြားရာ၌ ကာဇိုင်း အား ကုန်လုံပြည့် ၀သော စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ယုံကြည် စိတ်ချရန် ပြောကြားလိုက်သည်။
အမေရိကန်စစ်သားများ ကိုရမ်ကျမ်း စာအုပ်များကို မတော်တဆမီးလောင် စေခဲ့မှု၊ အာဖဂန်တို့က အမေရိကန် တပ်သားများအား သတ်ဖြတ်မှုများနှင့် မရိန်းတပ်သားများက အသတ်ခံရသော သူပုန်များ၏ ရုပ်အလောင်းများပေါ်သို့ ကျင်ငယ်စွန့်နေသည့် ဗီဒီယို ခွေများ ကြောင့် ဖြစ်ပေါ်လာသော အဓိကရုဏ်း များသည် နေတိုးတပ်ဖွဲ့များနှင့် ၎င်းတို့၏ အာဖဂန်မဟာမိတ်များအကြား ပေါ် ပေါက်လာသည့် ကြာလေဆိုးရွား နက်ရှိုင်းလေဖြစ်သည့် စိတ်ဝမ်းကွဲပြား မှုများ၏ နောက်ဆုံးအရိပ်အယောင်များ သာဖြစ်သည်။
ကဘူးလ်တွင် ဟာမစ်ကာဇိုင်းက တနင်္ဂနွေနေ့တွင် ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှုများကို ခွင့်လွှတ်နိုင်ဖွယ်မရှိ ဟု ပြောကြားခဲ့ခြင်းဖြင့် ၀ါရှင်တန်နှင့် အပြန်အလှန်စွပ်စွဲမှုများကို ပြန်လည် ပေါ်ပေါက်စေခဲ့ပြီး ယင်းစွပ်စွဲမှုများတွင် ထင်ရှားသော လွှတ်တော်အမတ်တစ်ဦး က ကာဇိုင်းကို အမေရိကန်တို့ အာဖဂန် မှ ပြန်ထွက်ရေး မဟာဗျူဟာကို ချောမော ပြေပြစ်မှုမရှိအောင် လုပ်ဆောင်နေသည့် တစ်ဦး တည်းသော သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်အဖြစ် စွပ်စွဲပြောကြားလိုက် သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis