menu

Saturday 17 March 2012

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်း သုံးနှစ်ဆက်တိုက် ရပ်တည်





ကားလို့စ်ဆလင်းမ်(နံပါတ်-၁)
ဘီလ်ဂိတ်(နံပါတ်-၂)
ဝါးရင်းဘတ်ဖတ်(နံပါတ်-၃)
ဘားနတ်အာနိုးလ်(နံပါတ်-၄)
အမန်စီယိုအော်တေဂါ(နံပါတ်-၅)
ခရစ္စတီဝေါ်လ်တန်(အချမ်းသာဆုံးအမျိုးသမီး)
ဖော့ဘ်စ်မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းတွင် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်းသည် သုံးနှစ်ဆက်တိုက် နံပါတ်တစ်နေရာ၌ ဖော်ပြခံခဲ့ရသည်။
ဆက်သွယ်ရေးလုပ်ငန်းများမှ ဆောက်လုပ်ရေး လုပ်ငန်းများအထိ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများလုပ်သည့် စီးပွားရေးလုပ်ငန်းရှင် ကားလို့စလင်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၉ ဘီလျံရှိသည်ဟု ဖော့ဘ်စ်မဂ္ဂဇင်းက ခန့်မှန်းခဲ့သည်။ ဖော့ဘ်စ်မဂ္ဂဇင်း၏ အချမ်းသာဆုံးစာရင်း ဒုတိယ နေရာတွင် ဖော်ပြခံရသည့် မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၁ ဘီလျံရှိပြီး တတိယနေရာတွင် ဖော်ပြခံရသည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင်းဘက်ဖက်၏ ပိုင်ဆိုင်မှုမှာဒေါ်လာ ၄၄ ဘီလျံရှိကြောင်း သိရှိရသည်။
ဥရောပ နိုင်ငံသားနှစ်ဦးဖြစ်သည့် ပြင်သစ်ဇိမ်ခံကုန် ပစ္စည်းများထုတ်လုပ်သည့် LVMH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဘားနတ်အာနိုးနှင့် Zara စပိန် ဖက်ရှင်လုပ်ငန်း တည်ထောင်သူ အမန်စီယိုအော်တေဂါတို့က စတုတ္ထနှင့် ပဉ္စမနေရာတွင် ဖော်ပြခံရသည်။

ဒေါ်လာ ၃၆ ဘီလျံ ကြွယ်ဝသည့် Oracle အမေရိကန် ဆော့ဖ်ဝဲလ်အုပ်စု တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ လာရီအယ်လီဆင်သည် သတ္တမနေရာတွင် ဖော်ပြခံခဲ့ရသည်။
န၀မနေရာတွင် ဖော်ပြခံရသည့် ဟောင်ကောင် အခြေစိုက် Hutchison Whampoa and Cheung Kong Holdings ပိုင်ဆိုင်သူ လီကာရှင်းသည် အာရှနိုင်ငံသားများတွင် အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၂၅ ဘီလျံ ကြွယ်ဝကြောင်း သိရှိရသည်။ အမေရိကန် ကုန်စုံဆိုင်လုပ်ငန်းစု ဝေါလ်မတ်မှ ခရစ္စတီဝေါ်လ်တန်မှာ အဆင့် ၁၁ တွင် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်သည်။
အိန္ဒိယ စတီးလုပ်ငန်းသူဌေး လက်ရှ်မီးမစ်တဲလ်သည် ထိပ်တန်း ၁၀ ဦးစာရင်းမှ ဖယ်ထုတ်ခံရပြီး ၂၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ဥရောပမှ စတီးအမှာနည်းပါးမှုနှင့် ကုန်ကျစရိတ်မြင့်မားမှုများကြောင့်  ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ သန်းခန့် နည်းပါးသွားခြင်းဖြစ်သည်။ ၎င်း၏ လက်ရှိကြွယ်ဝမှုမှာ ဒေါ်လာ ၂၀ ဒသမ ၇ ဘီလျံရှိကြောင်း ဖော့ဘ်စ်က ခန့်မှန်းခဲ့သည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis