menu

Wednesday 14 March 2012

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို(ကိုသိန်း (ကျောက်ကြီး))့

အရင်ဦးဆုံး စာဖတ်သူများကို ၀န်ခံလို တာကတော့ ကျွန်တော်ဟာ စာရေးဆရာ တစ်ယောက် မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။
သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါ တယ်။
ကျွန်တော့ရဲ့ အရေးအသား အတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက် တည့်ချင်မှ တည့်ပါလိမ့် မယ်။
ဒါပေမယ့် ကျွန်တော့ရင်ထဲ၊ စိတ် ထဲမှာ ကျွန်တော်တို့တိုင်းပြည်ကြီး ကမ္ဘာ့ အလယ်မှာ ထည်ထည်ဝါ၀ါနဲ့ တည်ငြိမ် အေးချမ်းစေ ချင်တဲ့ဆန္ဒ၊ နိုင်ငံသူ နိုင်ငံ သားတွေလည်း ကမ္ဘာ့အလယ်မှာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ပဲသွားသွား မျက်နှာမငယ်စေချင်တဲ့ဆန္ဒ၊ ပြည်သူ ပြည်သားအားလုံး ဆင်းရဲခပ်သိမ်း ကင်း စေချင်တဲ့ဆန္ဒ၊ ဒေါသခပ်သိမ်း ကင်းစေ ချင်တဲ့ဆန္ဒ၊ စိုးရိမ်ခပ်သိမ်း ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တဲ့ ဆန္ဒ တွေ ပြည့်လျှံလျက်ရှိနေပါတယ်။
ဤကမ္ဘာကြီး တည်ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာ့အလယ်မှာ မျက်စိသူငယ်၊ နား သူငယ်နဲ့ မကျန်ရစ် ခဲ့ရလေအောင် ပြည်သူတစ်ဦးချင်းစီမှအစ နယ်ပယ် အသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူများအဆုံး လူ့အဖွဲ့အစည်း မှာ အခြေခံကျလှတဲ့ ကိုယ်ကျင့်တရား များကို လက်ကိုင်ထားပြီး မိမိတို့မှာရှိကြ တဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ပြုပြင်ဖာထေး ကြရပါမယ်။ (ဖာထေး၍ မရသည်များကို အသစ်နဲ့ လဲလှယ်ပစ် ရပါမယ်)။

လူ့အဖွဲ့အစည်းအတွင်းမှာ ပွင့်လင်း မြင်သာလာတဲ့ နည်းပညာအဆင့် အတန်းတွေကို မျက်ခြည်မပြတ် ချိတ် ဆက် ဆောင်ရွက်ခွင့်ပြု ပေးသင့်သလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် လည်း အားလုံးက လက်တွေ့ကျကျ အသုံးချနိုင်အောင် လေ့လာလိုက်စား ဆည်းပူးကြရမှာပါ။
မိမိတို့တိုင်းပြည်ကြီး အမြန်ဆုံး တိုးတက်စေချင်တယ်ဆိုရင် တော့ မိမိတို့ထက် အတွေ့အကြုံ၊ နည်း ပညာ၊ လူမှုရေးအခြေခံ ကောင်းတွေ ရင့်ကျက်လှတဲ့ လူ့အဖွဲ့အစည်း (ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများကို ဆိုလိုပါသည်) အသီးသီးနဲ့ ရဲရင့်ပြတ်သားစွာ ပူးပေါင်း ဆောင်ရွက်ဖို့ အချိန်အခါကောင်းကို ရောက်ရှိနေတဲ့အချိန်လည်း ဖြစ်ပါ တယ်။
ချီတုံချတုံ ဟိုတွေးဒီတွေးနဲ့ လက်တွန့်နေဦးမယ်ဆိုရင်တော့ ရရှိလာ မယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါ တယ်။
အရိုးစွဲနေတဲ့အကျင့်ဆိုးတွေကို ပြုပြင်လို့မှမရရင် အများပြည်သူတွေ အတွက် စတေးသင့်ရင် ပြတ်ပြတ်သား သား စတေးပစ်လိုက်ဖို့ အချိန်တန်ပါပြီ။
နယ်ပယ်အသီးသီး၊ အလွှာအသီးသီး မှာ ရှိကြတဲ့ လူထုလူတန်းစားတွေနဲ့ အုပ်ချုပ်သော တာဝန်ရှိသူတွေ အသီးသီး ဟာ မိမိတို့ တာဝန်ယူ ဆောင်ရွက်နေကြ တဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှအစ နိုင်ငံ တော်စီမံကိန်းကြီးတွေအဆုံး တာဝန်ယူ ကြရမှာဖြစ်သလို မိမိတို့ရဲ့လုပ်ရပ်၊ မိမိတို့ ရဲ့ အရေးအသား၊ မိမိတို့ရဲ့ ပြောစကား၊ မိမိတို့ရဲ့ ညွှန်ကြားချက်၊ ဆုံးဖြတ်ချက် များအပေါ် ရဲရဲရင့်ရင့်နဲ့ ဗမာ့သွေးပါသူ များပီပီ တာဝန်ယူကြရမှာ။
သွေးကြောင် နေကြရမယ့်အချိန် မဟုတ်တော့ပါဘူး။
မိမိတို့ အိမ်ထောင်စုတစ်စုမှာတောင် အိမ်ထောင်ဦးစီး ယောက်ျားလုပ်တဲ့သူ က အိမ်ထောင့်တာဝန်ကို ဦးစီးပြီး တာဝန် မယူနိုင်ဘူး ဆိုရင် မိမိထက် အရည် အချင်းရှိပြီး အိမ်ထောင်ဦးစီး တာဝန်ယူ ဆောင်ရွက်နိုင်တဲ့ မိန်းမလုပ်သူကို အိမ်ထောင်ဦးစီးတာဝန် ပေးအပ်ပြီး လိုအပ်တဲ့ပံ့ပိုးမှုကို နောက်ကနေ ပံ့ပိုးပေး ကြရမှာပါ။
ရှေ့ကလည်း မနေ၊ နောက်က လည်း မလိုက်၊ ဘေးကနေလည်း ပါမလာ ဆိုသလိုမျိုး လုပ်နေမယ်ဆိုရင်တော့ အဲဒီမိသားစုဟာ ဘယ်တော့မှ ကြီးပွား တိုးတက်လာမှာမဟုတ်ပါဘူး။
မိသားစု တစ်စုချင်းအလိုက် မကြီးပွားမတိုးတက် ရင် နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း မကြီးပွား မတိုးတက်နိုင်ပါဘူး။
အရည် အချင်းရှိသူတွေကို အရည်အချင်းရှိတဲ့ အလျောက် မြှောက်စားရမယ့်အချိန် ရောက်နေသလို ကိုယ့်ထက်သာ မနာလို ဆိုတဲ့ စိတ်ထားမျိုးတွေကိုလည်း ဖယ် ထုတ်ပစ်ကြရမှာပါ။
ကိုယ့်လူမျိုး အချင်းချင်း မစ္ဆရိယစိတ်တွေပွားနေရ မယ့်အချိန် မဟုတ်တော့ပါဘူး။
လူမျိုး ပေါင်းစုံ လက်ချင်းချိတ်လို့ 'သာတူညီမျှ' ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး 'ညီမျှခြင်း' ဆိုတဲ့ အရာအပေါ် အလေး အနက်ထား ဆောင်ရွက်သွားကြမယ်ဆို ရင် တန်ဖိုးရှိတဲ့ ရက်စွဲများကို ကျွန်တော် တို့ သားစဉ်မြေးဆက်ပိုင်ဆိုင်နိုင်ကြမှာ ပါ။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ပြည်သူပြည်သားအများစုတွေဟာ အား လပ်ရက်တွေ၊ အပန်းဖြေရက်တွေ၊ ပွဲလမ်းသဘင် အမျိုးမျိုးတွေနဲ့ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ကျင်းပနေကြတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူ မိသားစုဝင် အများစုဟာ နေ့စဉ် မနက်စာ၊ ညစာကို ဟင်းကောင်းကောင်းလေးနဲ့ နပ်မှန် အောင် စားနိုင်ဖို့ မနည်းရုန်းကန်နေကြ ရတာပါ။
ပျော်ရွှင်မှု၊ ပျော်ပွဲရွှင်ပွဲဆိုတာ သာမန်မိသားစုတွေအဖို့ အိပ်မက် တောင် မမက်နိုင်ကြပါဘူး။
ကျွန်တော် တို့ သာမန်ပြည်သူတွေဟာ ဟက်ဟက်ပက် ပက် ရယ်မောပြီး မပျော်ရွှင်နိုင်တာ နေ့ရက်များစွာ ကြာခဲ့ပါပြီ။
မိသားစု အများစုဟာလည်း ကျွန်တော်တို့လိုပဲ ခံစားကြရမယ်လို့ ထင်မိပါတယ်။
တစ်ပိုင်တစ်နိုင်နဲ့ မိသားစု ၀င်ငွေလေး ရဖို့၊ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ သမ္မာအာဇီဝကျစွာနဲ့ ရိုးရိုးသားသား နေ့စဉ်ရုန်းကန် နေကြရပေမယ့်လည်း ဒီနေ့ ဒီအချိန်အထိ လွတ်လပ်စွာနဲ့ လှုပ်ရှားသွားလာ လုပ်ကိုင်စားသောက် နိုင်မှု မရှိကြရသေးပါဘူး။
အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ် ပိတ်ပင်မှုတွေ ရှိနေပါ သေးတယ်။
အထက်က မူဝါဒကောင်း တွေ ချမှတ်ပေးထားပေမယ့်လည်း အောက်ခြေက အကောင်အထည်ဖော် နေကြတဲ့ အချို့ အချို့သော အဖွဲ့အစည်း တွေမှ ပုဂ္ဂိုလ်တွေဟာ တာဝန်နဲ့ လုပ်ပိုင် ခွင့်အပေါ် အခွင့်အရေးယူပြီး လုပ်ကိုင် ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။
အဆိုပါပုဂ္ဂိုလ်တွေကိုလည်း ကိုယ်ချင်း စာတရား ထားစေချင်ပြီး ကိုယ့်ရဲ့စီးပွား ရေး၊ ကိုယ့်ရဲ့မိသားစုအရေးများဖြစ်ခဲ့ ရင် ဆိုတဲ့ အသိလေးတွေ ၀င်စေချင်ပါ တယ်။
မြို့နယ်၊ ရပ်ကွက် အဖွဲ့အစည်း အသီးသီးမှသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းအထိ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်ကြီးငယ်များဟာ မိမိတို့ သာမန် ပြည်သူတွေရဲ့ ဘ၀တွေကို ထဲထဲဝင်ဝင် သိရှိအောင် လေ့လာစေချင်ပါတယ်။
ခေတ်အဆက်ဆက် အထက်နဲ့အောက် ကွာဟချက်တွေ ကျဉ်းမြောင်းအောင် မဆောင်ရွက်နိုင်ခဲ့ကြလို့သာ ကျွန်တော် တို့ ပြည်သူ တွေဟာ စားဝတ်နေရေး ကျပ်တည်းခဲ့ကြရတာပါ။
တာဝန်ရှိသူ တွေအနေနဲ့ ပြည်သူတွေရဲ့ ရုန်းကန်နေ ကြရတဲ့ ဘ၀အမှန်ကိုသိရှိပြီး ကိုယ်ချင်း စာတရားထားကာ ရင်ဝယ်သားလို ဆက်ဆံဆောင်ရွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ သာယာလှပလာမှာဖြစ်သလို အခြား ကမ္ဘာ့နိုင်ငံက ပြည်သူပြည်သားတွေ နည်းတူ ပျော်ရွှင်စရာ နေ့ရက်များစွာ ပိုင်ဆိုင်လာနိုင်ကြမှာပါ။
ကျွန်တော်တို့ သာမန်ပြည်သူတွေဟာ ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေဈေးတွေ နဲ့ ကားဈေးတွေပေါ် စိတ်မ၀င်စားနိုင်ကြ ပါဘူး။ (စိတ်ဝင်စားနိုင်လောက်တဲ့ အင်အားလည်း မရှိကြပါဘူး)။
ဘယ်နေရာမှာ မုန့်ဟင်းခါတစ်ပွဲ ၁၀၀ နဲ့ ရောင်းလဲဆိုတာ စုံစမ်းပြီး ဗိုက်ဖြည့်နေကြရတဲ့ ဟာတွေက များပါတယ်။
အထူးယာဉ် တွေ အသီးသီးပေါ်လာခဲ့ပေမယ့် ကျပ် ၂၀၀ တန် အထူးယာဉ် မစီးနိုင်ကြလို့ ၅၀ တန် ရိုးရိုးယာဉ်တွေကိုသာ တိုးဝှေ့ စီးနေကြရတဲ့ ပြည်သူအများစု ရှိနေဆဲ ပါ။
ကျွန်တော်တို့ပြည်သူအများစုဟာ သိပ်ပြီး ကြီးကြီးမားမား မမျှော်လင့်တတ် ကြပါဘူး။
ဒါကြောင့်မို့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်စား သောက်နိုင်အောင်၊ အခွန်အခတွေ အသက်သာဆုံးနှုန်းထား ရောက်ရှိလာ အောင် တာဝန်ရှိသူအဖွဲ့အစည်း အသီးသီးက စီစဉ်ဆောင်ရွက်ပေးမှသာ ပြည်သူအများစုဟာ အခက်အခဲ အကျပ် အတည်းကြားကနေ လွတ်မြောက်နိုင်မှာ ပါ။
ပြည်သူအများ စားဝတ်နေရေး ပြေလည်ပြီး အခက်အခဲ အကျပ် အတည်းကြားနေ လွတ်မြောက်မှသာ သာယာဝပြောတဲ့ မိသားစု ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။
မိသားစုတိုင်း မိသားစုတိုင်း သာယာဝပြောလာမှသာ ကျွန်တော်တို့တိုင်းပြည်ကြီး သာယာ ၀ပြောတဲ့ နေ့ထူးနေ့မြတ်တွေကို ပိုင်ဆိုင် လာမှာပါ။
နေ့ထူးနေ့မြတ်တွေဆိုလို့ ကမ္ဘာပေါ် မှာလည်း နေ့ထူးနေ့မြတ်တွေက တိုင်း ပြည်နိုင်ငံအလိုက် တည်ရှိနေကြသလို ထီးမွေနန်းမွေ ဆက်ခံတဲ့နေ့၊ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့၊ လွတ်လပ်ရေး နေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ လွတ် ငြိမ်းချမ်းသာပေးတဲ့နေ့၊ မင်္ဂလာအခမ်း အနားကျင်းပတဲ့ နေ့များစွာရှိသလို နေ့ ထူးနေ့မြတ်အသီးသီးကိုလည်း သတင်း စာ၊ ဂျာနယ်၊ ရုပ်သံသတင်းတွေမှာ ကြားသိ မြင်တွေ့နေကြမှာပါ။
အထူး သဖြင့်တော့ လူအများစိတ်ဝင်စား အတု ယူ စံထားလေးစားလောက်တဲ့ နိုင်ငံ့အမျိုး သားခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်ရက်စွဲတွေ၊ သမိုင်းဦးစွန့်ဦးတီထွင်ခဲ့ကြတဲ့ ပုဂ္ဂိုလ် ကြီးတွေနဲ့ ယှဉ်တွဲပြီး သူတီထွင်အောင် မြင်ခဲ့တဲ့ နေ့စွဲ နေ့ရက်တွေ၊ ကိုလိုနီနယ် ချဲ့ပဲပြောပြော၊ နယ်မြေသစ်ရှာဖွေကြတဲ့ ပုဂ္ဂိုလ်တွေလို့ပဲဆိုဆို ကမ္ဘာတစ်လွှား ရွက်လှေလွှင့်ပြီး ကမ္ဘာ့ နယ်မြေသစ်တွေ ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ရက်စွဲတွေဟာ သူ့ နိုင်ငံ သူ့လူမျိုးတွေအတွက် ဂုဏ်ယူစရာ နေ့စွဲများပင် ဖြစ်ပါသည်။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုပြီး နေ့ထူးနေ့မြတ်တွေ ရှိခဲ့ကြပေမယ့်လည်း အများစုဟာ နှစ်တွေကြာသွားလို့လား၊ သွေးအေးသွားကြလို့လား၊ အစဉ်အလာ အရသာ ပြုလုပ်နေကျမို့လားမသိ၊ စိတ် ၀င်စားမှု လျော့နည်းနေကြတာကတော့ အမှန်ပါပဲ။
ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ကလို ၂၀၁၂ နှစ်ဆန်းပိုင်းလောက်မှာပဲ နေ့ထူး နေ့မြတ်တွေဟာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာ တာကိုတော့ လူတိုင်း ငြင်းဆိုနိုင်မယ် မထင်ပါဘူး။
အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းတဲ့နေ့၊ သမ္မတ ကြီး ဦးသိန်းစိန် နိုင်ငံတော်သို့ မိန့်ခွန်းခြွေ တဲ့နေ့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့၊ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်တဲ့နေ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး တွေ့ဆုံခဲ့တဲ့နေ့၊ တိုင်းရင်းသား ပေါင်းစုံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပတဲ့နေ့များ၊ ကုလသမဂ္ဂ အထူးသံတမန်တွေနဲ့ EU က အထင်ကရ ပုဂ္ဂိုလ်တွေ၊ အင်္ဂလန်၊ အမေရိကန် အစ ရှိတဲ့ အနောက်နိုင်ငံခြားတိုင်းပြည်များ က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လွှတ်တော် အမတ်တွေ လာရောက်ခဲ့တဲ့ နေ့တွေဟာ ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာ ဂတ်မျှော်လင့်ချက်တွေအတွက် ရောင် ခြည်သန်းလာမယ့် နေ့ထူးနေ့မြတ်တွေ ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။
ယနေ့အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတာက တိုင်းရင်းသားအားလုံးချစ်ကြည် ရင်းနှီးစွာနဲ့ အတူတကွလက်တွဲပြီး လျှောက်လှမ်းရမယ့်အချိန် ရောက်နေပါ ပြီ။ မကြာတော့သော အချိန်ကာလမှာ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး အသီးအပွင့်တွေ စံစား ခံစားရမယ့်အချိန် ရောက်ရှိလာတော့မှာပါ။
အဲဒီအတွက် လည်း ဒေသခံပြည်သူတွေအပါအ၀င် နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူများ အားလုံး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့် စောင့်စားနေကြပါပြီ။
တိုင်းရင်းသား ညီရင်း အစ်ကိုမောင်နှမ၊ တောင်ပေါ် မြေပြန့်မကျန် သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းသာယာမှသာ ကျွန်တော်တို့ တိုင်းပြည် အေးချမ်းသာယာပြီး စည်ပင် တိုးတက်လာမှာပါ။
မကြာတော့တဲ့ ကာလတစ်ခုမှာပဲ ကြားဖြတ်ရွေးကောက် ပွဲကြီး ကျင်းပပြုလုပ်တော့မှာမို့ ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ အချိန်အတွင်းမှာ တိုင်းရင်းသား ညီရင်းအစ်ကိုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွ ပါဝင်ဆင်နွှဲစေချင်တဲ့ ဆန္ဒကြောင့်ပါ။
ရွေးကောက်ပွဲကြီး သန့်ရှင်းမျှတစွာနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးစီးနိုင် ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဆန္ဒပြု ရတဲ့အတိုင်းလည်း ဖြစ်ပေါ်လာလိမ့်မယ် လို့ ယုံကြည်မိပါတယ်။
ကြားဖြတ်ရွေး ကောက်ပွဲကြီးကနေ ဖြစ်တည်လာမယ့် လွှတ်တော်အမတ်တွေ ပြည်သူ့လွှတ် တော်ထဲရောက်ရှိမယ့် ရက်စွဲတွေ၊ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ကိုယ်စားပြုပြီး ပြည်သူတွေအကျိုးရှိ မယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အစရှိတဲ့ မဏ္ဍိုင်တွေကို တည့် မတ်ပေးနိုင်မယ့် ရက်စွဲတွေကို ပြည်သူ ပြည်သားတွေ အများစုက စောင့်မျှော် စောင့်ကြိုနေကြပါပြီ။
အိမ်ထောင်စု တစ်စုမှာ သားသမီးတစ်ဦးဟာ သူ့ဆန္ဒ မပြည့်ဝလို့ ငိုယိုပူဆာနေမယ်ဆိုရင် အဲဒီ အိမ်ထောင်စု မိသားစုရဲ့အိမ်ဟာ မင်္ဂလာ မရှိနိုင်ပါဘူး။
သားသမီးအလိုဆန္ဒ ပြည့်ဝ အောင် ဖြည့်ဆည်းပေးရမယ့်တာဝန်က မိဘနှစ်ပါးပါ။
ထိုနည်းတူစွာပဲ မိဘနဲ့ တူတဲ့ နိုင်ငံတော်အကြီးအကဲများက သားသမီးတွေနဲ့တူတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အလိုဆန္ဒပြည့် ၀အောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မင်္ဂလာရှိ တဲ့ မိသားစုအသိုင်းအ၀ိုင်းကြီး ပေါ် ထွန်းလာမှာဖြစ်သလို မင်္ဂလာရှိတဲ့ တိုင်း ပြည်ကြီးနဲ့အတူ မင်္ဂလာရှိတဲ့ နေ့စွဲ များကိုလည်း ကျွန်တော်တို့ ပြည်သူတွေ ပိုင်ဆိုင်လာကြမှာ ဧကန်မလွဲပါပဲ။
အဲဒီလိုသာ ကျွန်တော်တို့ မင်္ဂလာရှိတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်လာကြပြီဆို ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် ဟာလည်း သာယာလှပလာတော့မှာပါ။
မင်္ဂလာရှိတဲ့ရက်စွဲတွေ ပိုင်ဆိုင်ကြဖို့ လူတိုင်းလူတိုင်းဟာ ကိုယ်ကျင့်တရား ကောင်းကြဖို့ လိုအပ်သလို စည်းကမ်း ကောင်းပြီး တစ်ဦးချင်း ဉာဏ်ရည်ထက် မြက် မြင့်မားဖို့လည်း လိုအပ်လှပါတယ်။
နယ်ပယ်အသီးသီးမှာ မနာလိုကင်း ၀န်တိုရှင်းဆိုတဲ့ စကားလိုပဲ တစ်ဦး ကြီးပွားတာကို တစ်ဦးက မုဒိတာပွားများ ကြရမှာပါ။
ဒီနေ့ဒီအချိန်အခါဟာ တော်ရင်တော် သလို ချီးမြှင့် မြှောက်စားရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ နိမ့်ကျလှတဲ့ စိတ်ထား အတွေးအခေါ်တွေကို ဖယ်ထုတ်ဖြစ်ကြ ရတော့မှာပါ။
နယ်ပယ်အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပုပ်ချ၊ အမြင်စောင်း ပြောဆိုနေကြရမယ့်အချိန် မဟုတ်တော့ပါဘူး။
ဝန်ထမ်းလည်း ၀န်ထမ်းအလျောက်၊ ပြည်သူလည်း ပြည်သူ့အလျောက်၊ ကျောင်းသားလည်း ကျောင်းသားအလျောက် တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေ၊ စည်းကမ်းတွေ၊ ကိုယ် ကျင့်တရားတွေ အထူးကောင်းမွန်ကြဖို့ ကျင့်ကြံကြရတော့မှာပါ။
ကျွန်တော်တို့ ရဲ့ အမိနိုင်ငံတော်ကြီး သားစဉ်မြေးဆက် ကမ္ဘာ့အလယ်မှာ တည်ငြိမ်အေးချမ်း တိုးတက်ပြီး သာယာလှပတဲ့ နိုင်ငံတော် ကြီးအဖြစ် မော်ကွန်းတင် ကမ္ပည်းထိုးနိုင် ဖို့ ယနေ့လူငယ်လူရွယ်များနှင့်တကွ ပြည်သူပြည်သားအားလုံး တာဝန် အသီးသီးရှိကြ ပါတယ်။
ယနေ့နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပေါ်မှာ ကျန်စစ်သား တို့ထုံး နှလုံးမူပြီး ပြည်သူပြည်သား တွေနဲ့တကွ ပါတီအသီးသီး၊ အဖွဲ့ အစည်းအသီးသီးတွေနဲ့ အတူတက်ညီ လက်ညီ လက်တွဲဆောင်ရွက်သွား မယ်ဆိုရင် ကျွန်တော်တို့တိုင်း ပြည်ရဲ့ နောင်အနာဂတ်ဟာ သာယာလှပ လာပြီး ကျွန်တော်တို့ ပြည်သူပြည် သားတွေဟာလည်း လူမျိုးအလိုက် ဂုဏ် ပြုဖွယ်ရာ မင်္ဂလာရှိသော နေ့မြတ် များကို မလွဲဧကန် ပိုင်ဆိုင်နိုင်ကြတော့ မှာပါ။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis