တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ
အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ
အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍
ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်----
စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း
အကျဉ်းဦး စီးဌာနမှ ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့်
ပစ်ခတ်ခဲ့၍ အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့်
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးခဲ့ရာတွင် တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း
ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသားကိုကိုနိုင်(၂၆ နှစ်)
ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌
သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု
သိရသည်။
ဆက်လက်စုံစမ်းခဲ့ရာ မတ်လ ၈ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန် ရွှေသူဌေးတာ
အကျဉ်းဦးစီးဌာနမှ ---- တာဝန်ယူ ဆောင်ရွက်သည့် အကျဉ်းဦးစီးဌာန ရန်ပုံငေ
ွအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိ သော တိုက်ကြီးမြို့နယ်
တရားရုံး၏ ရာကြီး ၇၀၃/၂၀၁၁ ပုဒ်မ ၃၈၀အမှု ဖြင့် ထောင်ဒဏ်သုံးနှစ်
ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အဆိုပါ ရဲဘက်စခန်းသို့
စတင်ရောက်ရှိလာသူ ကိုကိုနိုင်၊ မှော်ဘီမြို့နယ် တရားရုံး၏ ရာကြီး ၁၂၇/၂၀၁၁
ပုဒ်မ ၃၈၀ အမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၅
ရက်နေ့တွင် အဆိုပါရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/
၁၃၇၂၂/ မှော်ဘီမြို့နယ်နေသူနှင့် သန်လျင်မြို့နယ် တရားရုံး၏ရာကြီး
၅၀၉/၂၀၁၁ ပုဒ်မ ၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ်
ဇူလိုင်လ ၃၁ ရက်နေ့တွင် ရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူထွန်းနိုင်
(ခ)ကိုဦး(၃၂နှစ်)အစ/၁၁/ ၀၆၈၆၀ သန်လျင်မြို့နယ် နေသူတို့သုံးဦးမှာ
ဇီးဖြူကုန်းချောင်းအား ဖြတ်၍ ထွက်ပြေးသွားသဖြင့် လ-ခ-ရ တာဝန်ကျမှ
ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေး
လွတ်မြောက်ခဲ့သဖြင့် ရဲဘက်စခန်း တာဝန်ခံမှ လိုက်လံရှာဖွေခဲ့ရာ ကိုကိုနိုင်၏
အလောင်းအား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန် တွင်
ဇီးဖြူကုန်းတောအတွင်း၌ တွေ့ ရှိခဲ့ကြောင်း သိရသည်။
EMG |
No comments:
Post a Comment