menu

Tuesday 13 March 2012

သင်္ကြန်နောက်ခံ ဗီဒီယို ဇာတ်ကားအချို့ကို ဧပြီလဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိ





e7242 ခရမ်းပြာ ထုတ်လုပ်ရေးမှ ယခုနှစ် သင်္ကြန်မတိုင်မီ ဖြန့်ချိနိုင်ရန် စီစဉ်နေသည့် ‘သင်္ကြန်ဂိမ်း’ ဗီဒီယိုဇာတ်ကား
သင်္ကြန်နောက်ခံ ဗီဒီယိုဇာတ် ကားအချို့ သင်္ကြန်မတိုင်မီ ထွက်ရန် အတွက် ရိုက်ကူးထားသည့် ထုတ်လုပ်ရေး လုပ်ငန်းအချို့ ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ ထုတ်လုပ်ရေး အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း သင်္ကြန်နောက်ခံ ဇာတ်ကားတစ်ကား ဖြန့်ချိဖူးတယ်။ နောက်နှစ်တွေမှာတော့ ထပ်မရိုက်ဖြစ်ခဲ့ဖူး။ ဒီနှစ်ကျမှ တစ်ကား ထပ်ရိုက်ဖြစ်တာပါ။ ထုတ်လုပ်ရေးတွေ အနေနဲ့ သင်္ကြန်ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ကြတာက ဇာတ်ကားရိုက်ကူးမှုကနေစပြီး ဖြန့်ချိဖို့အထိ အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ ပြီးအောင် လုပ်ရတာကြောင့် ဖြစ်နိုင်ပါတယ်’’ ဟု ခရေဖြူထုတ်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
၂၀၁၂ ခုနှစ် သင်္ကြန်ကာလ မတိုင်မီ ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိသည့် သင်္ကြန် ဇာတ်ကားများမှာ ခရေဖြူထုတ်လုပ်ရေးမှရိုက်ကူးထုတ် လုပ်သည့်  ‘ ချစ်ရင်ဖက်ထား’ ဗီဒီယို ဇာတ်ကား၊ ခရမ်းပြာ ထုတ်လုပ်ရေး မှ ရိုက်ကူးထုတ်လုပ်သည့် ‘ သင်္ကြန် ဂိမ်း’၊ Studio 35 မှ ရိုက်ကူးထုတ်လုပ်သည့် ‘ သင်္ကြန်ကကြိုး ‘ ဗီဒီယိုဇာတ် ကားများဖြစ်သည်။

ထို့ပြင် ZMN  ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးသည့် ကျေးလက် ဒေသများ၏ သင်္ကြန်ရေ ကစားမှု ပုံရိပ်များပါဝင်သည့် ‘ဆက်ကြေး’ ဗီဒီယိုဇာတ်ကားကိုလည်း ဧပြီလဆန်းပိုင်းတွင် ဖြန့်ချိနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
‘သင်္ကြန်ကကြိုး’ ဗီဒီယိုဇတ်ကားတွင် သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေခွင့်ရရှိရန် ကြိုးစားကြသည့် အနုပညာ ၀ါသနာပါသူ လူငယ်များအကြောင်း တင်ပြထားသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာကိုသောင်း ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးဖွဲ့ရိုက်ကူးခြင်းဖြစ်ပြီး ကျော်ကျော်နှင့် မေသက်ခိုင်တို့ အဓိက ပါဝင် သရုပ်ဆောင်ထားသည်။
‘သင်္ကြန်ဂိမ်း’ ဗီဒီယိုဇာတ်ကားသည် ပိတောက်ပန်းခူးရာမှ တစ်ဆင့် စကားများခဲ့ကြသည့် ကောင်လေး နှင့် ကောင်မလေးတို့နှစ်ယောက်၏ သင်္ကြန်ကို အကြောင်းပြုကာ ကစားပွဲတစ်ခု ပြုလုပ်ကြသည်ကို ရိုက်ကူး တင်ပြထားသည်။ ယင်းဇာတ်ကားသည် ဆုမြတ်မွန်မွန်၏ ၀တ္ထုကို  ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က အောင်ရဲလင်း၊ ၀တ်မှုံရွှေရည်တို့နှင့် အတူ ဇာတ်ပို့ဇာတ်ရံများဖြင့် ရိုက်ကူးထားသည်။
‘ချစ်ရင်ဖက်ထား’ ဗီဒီယိုဇာတ်ကားသည်လည်း ဆုမြတ်မွန်မွန်၏ ၀တ္ထုကို နေစိုးသော်က ဇာတ်ညွှန်းရေးဖွဲ့ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ပြေတီဦး၊ ၀တ်မှုံရွှေရည်တို့နှင့် အတူ ရိုက်ကူးထားခြင်း ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis