menu

Tuesday 13 March 2012

ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာ ရယူနိုင်သည့် စက်များကိုပါ ပူးတွဲတပ်ဆင်မည်




72415 CB ဘဏ်ရုံးချုပ်တွင် တပ်ဆင်ထားသော ATM စက်များကို မတ်လ ၉ ရက်နေ့ က သုံးစွဲနေသည်ကို တွေ့ရစဉ်
ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုရန်အတွက် ငွေသွင်းလက်ခံသည့် စနစ် နှင့် ငွေသွင်းထားသည့် ပြေစာထုတ်ပေးသည့် စက်များကိုလည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ဆောင်ရွက်နေသော ဘဏ်များ၏ တာဝန်ရှိသူများက ပြောကြားချက် အရ သိရှိရသည်။
ATM စက်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ စတင်တပ်ဆင် ဆောင်ရွက်ခဲ့ပြီး လူစည်ကားသည့် ရှော့ပင်းစင်တာများတွင်လည်း တပ်ဆင် အသုံးပြု ဆောင်ရွက်နေပြီ ဖြစ်သည်။

ကမ္ဘောဇဘဏ် လီမိတက်မှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က “ကျွန်တော်တို့ ဘဏ်အနေနဲ့ ဒီစနစ်ကို ဆောင်ရွက်နေတဲ့ အချိန်ကာလတိုအတွင်းမှာပဲ သုံးစွဲသူက ထင်ထားတာထက် ပိုပြီးတော့ အောင်မြင်နေပါတယ်။ အခုချိန်မှာလူစည်ကားတဲ့ ရှော့ပင်းစင်တာတွေမှာ အသုံးပြုလို့ရနေပြီ။ ဒါ့အပြင် ATM စက်ကငွေထုတ်ယူတဲ့ အလုပ်တစ်မျိုးတည်း အပြင် ငွေစုနိုင်တဲ့စနစ်ကိုပါ ဆောင်ရွက်သွားမယ်။ အဓိကကတော့ ဘဏ်တွေမှာ ပိုက်ဆံအပ်ပြီး စုဖို့ အဆင်မပြေတဲ့သူတွေအတွက် ပိုပြီး ရည်ရွယ်ပါတယ်။ ပိုက်ဆံ အနည်းငယ်ကစပြီးတော့ ထည့်သွင်းပြီးတော့ စုနိုင်ပါတယ်။ အခုအချိန်အထိ ATM ကတ် အသုံးပြုတဲ့သူ အရေအတွက်က တစ်သောင်းကျော် လောက် ရှိနေပါတယ်”ဟု လက်ရှိဈေးကွက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
အလားတူ အဆိုပါစနစ်ကို သုံးစွဲရန် စီစဉ်နေသည့် ဃြ ဘဏ်မှ မန်နေဂျင်းဒါရိုက်တာဦးဖေမြင့်က”ကျွန် တော်တို့ဘဏ်ရဲ့ ATM ကတ်ကို အသုံးပြုတဲ့သူက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှာပဲ အရေအတွက်က ၄၇၀၀လောက်ရှိနေပါပြီ။ ATM စက် ကို မတ်လ ၁၆ရက်နေ့မှာ Junction-8 Centre မှာ စတင် အသုံးပြုလို့ရပါပြီ။ ဒါ့အပြင် တခြားနေရာတွေကိုလည်း ဆက်လက် တပ်ဆင်သွားမယ်။ လူစည်ကားတဲ့ နေရာတွေမှာ စက်တွေတပ် ဆင်ပြီးသွားရင် ငွေထုတ်ယူနိုင်တဲ့ စနစ်အပြင် ငွေထည့်သွင်းစုနိုင်တဲ့ စက်၊ ငွေသွင်းပြီးသား ပြေစာ ထုတ်ယူနိုင်တဲ့ စနစ်ပါတဲ့ စက်နှစ်ခုကို ပူးတွဲပြီးတော့ တပ်ဆင်ပေးသွားမယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ စက်တစ်ခုတည်းကပဲ အလုပ်သုံးခုကို တစ်ပြိုင်တည်း လုပ်နိုင်တဲ့စက်တွေကို တပ်ဆင်ထားတယ်။ ဒီမှာကတော့ ၀ယ်ယူရတဲ့ဈေး အရမ်းများတဲ့အတွက် တစ်နေရာတည်းမှာ စက်သုံးလုံး ထားရှိသွားမယ်။ မကြာခင် မှာ ဒီစနစ်ကိုသုံးစွဲသွားမယ်။ ကျွန်တော့် ဘဏ်အနေနဲ့ သုံးစွဲသူအခြေအနေကို ကြည့်ပြီးတော့ ငွေသွင်းနိုင်တဲ့ စက်နဲ့ ငွေစုပြေစာ ထုတ်ယူနိုင်တဲ့ စက်တွေကို တချို့နေရာတွေမှာ အရန်သင့်တော့ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ သုံးစွဲခွင့်တော့ မပေးသေးဘူး” ဟု ရှေ့လုပ်မည့်ဈေးကွက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ငွေထုတ်ယူနိုင်သည့် ATM စက်ကို ဘဏ်ခွဲများတွင် အသုံးပြုရန် နေရာထားရှိမှု အဆင်ပြေသော်လည်း တချို့သော လူစည်ကားသည့်နေရာများတွင် ပိုင်ရှင်ဖြစ်သူနှင့် ဘဏ်တာဝန်ရှိသူအကြား စက်ထားရှိမည့်နေရာ အခက်အခဲနှင့် Network ပိုင်းအားနည်းမှုများကြောင့် စက်အရေအတွက် တိုးချဲ့မှု အခက်အခဲ ဖြစ်နေကြောင်း CB ဘဏ်၏ တာဝန်ရှိသူက ပြောကြားသည်။
ကမ္ဘောဇဘဏ်မှ တပ်ဆင်ထားသော စက်များတွင် အသုံးပြုသူများ အနေဖြင့် တစ်ကဒ်လျှင် တစ်နေ့တာ အတွက် ကျပ်ဆယ်သိန်းထိ ထုတ်ယူနိုင်ကြောင်း၊ CB ဘဏ်မှစက်များ တွင်လည်း အသုံးပြုသူများအနေ ဖြင့်တစ်ကဒ်လျှင် ၅၀၀၀ ကျပ်တန်ဖြင့် ထုတ်ယူပါက ငွေကျပ်သုံးသိန်း ထုတ်ယူနိုင်ပြီး၊ ၁၀၀၀ ကျပ်တန် ထုတ်ယူပါက ငွေကျပ်ခြောက် သိန်းထိထုတ်ယူနိုင်ကြောင်း သက်ဆိုင်ရာ ဘဏ်များ၏ ပြောပြချက်အရ သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis