menu

Tuesday 13 March 2012

ကီရီဘာတီ ကျွန်းနိုင်ငံငယ်မှာ ရေအောက်ရောက်သွားနိုင်သောကြောင့် ဖီဂျီနိုင်ငံမှ မြေ၀ယ်ထားရန်စီစဉ်





ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံငယ် ကီရီဘာတီမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် အတူတစ်နိုင်ငံလုံး ရေအောက်ရောက် သွားနိုင်သောကြောင့် အိမ်နီးချင်း ဖီဂျီနိုင်ငံမှ မြေ၀ယ်ယူထားရန် စီစဉ်နေကြောင်း သိရသည်။
ဖီဂျီနိုင်ငံဘက်ကသာ လက်ခံလိုက်ပါက မျက်မှောက်ခေတ်တွင် ကမ္ဘာ့ပထမဆုံး ရာသီဥတုပြောင်းလဲလာမှုကြောင့် နိုင်ငံလိုက်ရွှေ့ပြောင်း အခြေချမှု ဖြစ်လာမည်ဖြစ်သည်။  ကီရီဘာတီသမ္မတသည် ဖီဂျီကို အုပ်ချုပ်နေသော စစ်အစိုးရနှင့် ညှိနှိုင်းနေပြီး နေထိုင်သူမရှိသည့် မြေဧက ၅၀၀၀ ကို ၀ယ်ယူရန်ကြိုး ပမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကီရီဘာတီ၏ သန္တာကျောက်တန်းနှင့် ကျွန်းအချို့မှာရေအောက်သို့ ရောက်သွားခဲ့ပြီးဖြစ်ပြီး ယင်းအရပ်မှ လူများသည် မြင်းခွာပုံ ကျွန်းတန်း ရှည်ဖြစ်နေသည့် အုပ်ချုပ်ရေးအခြေစိုက်ရာ တာရာဝါမြို့သို့ ရွှေ့ပြောင်းထားရပြီးဖြစ်သည်။

လူဦးရေ တစ်သိန်းကျော်သာရှိသော ကျွန်းနိုင်ငံငယ်၏ သမ္မတအန်နိုတီတွန်က ''ဒါနောက်ဆုံး နေစရာပါပဲ။ နောက်တစ်နေရာ ရွှေ့စရာ မကျန်တော့ပါဘူး။ ဒီရေကသာ ကျွန်တော်တို့အိမ်တွေနဲ့ ကျေးရွာတွေကို လွှမ်းသွားပြီဆိုရင် ကျွန်တော်တို့ ပြည်သူတွေကို ရွှေ့ပြောင်းအခြေချ ခိုင်းရပါတော့မယ်''ဟု ပြောကြားခဲ့သည်။
သမ္မတက ကျွမ်းကျင်လုပ်သားများကို ဦးစွာရွှေ့ပြောင်းစေရန် စီစဉ်ထားပြီး အခြေချမည့် ဖီဂျီနိုင်ငံသား များနှင့် အဆင်ပြေစွာ အခြေကျစေရန် ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:Telegraph
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis