menu

Tuesday 13 March 2012

ချွတ်ယွင်းမှုများကြောင့် ကားအစီးရေ ၇၀၀,၀၀၀ ခန့်အား Toyota ပြန်လည်သိမ်းဆည်း



ကားများတွင်တွေ့ရှိရသည့် ပြဿနာနှင့် ချွတ်ယွင်းမှုအမျိုးမျိုးတို့ကြောင့် ကားအစီးရေ ၇၀၀၀၀၀ ခန့်ကို ကုမ္ပဏီမှပြန်လည်သိမ်းဆည်းခဲ့ရကြောင်း Toyota Motor Sales USA Inc. မှ ပြီးခဲ့သည့်ရက်ပိုင်းကပြောကြားခဲ့သည်။ ပြန်လည်သိမ်းယူခဲ့သည့်ကားများတွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သည့် Tacoma ကုန်တင်ယာဉ် ၄၉၅,၀၀၀ စီးပါဝင်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့ပြီး

၎င်းတို့သည် အစားထိုးပြင်ဆင်မှုလုပ်ရန် လိုအပ်သည့်ယာဉ်များဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၉ မော်ဒယ် Camry sedan ၇၀,၅၀၀ စီးအပါအ၀င် ၂၀၀၉ မှ ၂၀၁၁ မော်ဒယ် Venza crossover ၁၁၆,၀၀၀ စီးခန့်လည်း ပြန်လည်သိမ်းဆည်းရာတွင်ပါဝင်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။
ပြန်လည်သိမ်းဆည်းခြင်းခံရသည့်ကားများမှာ စတီယာရင်ရှိ စပရိန်အသွင်ကေဘယ်ကြိုးများ အစားထိုးရန်လိုအပ်သည့် ယာဉ် များနှင့် ရပ်ဆိုင်းရန်အချက်ပြမီးခလုတ် အစားထိုးလဲလှယ်ရန်လိုအပ်သည့် ယာဉ်များဖြစ်ကြပြီး ကုမ္ပဏီမှ ယင်းယာဉ်များအတွက် လိုအပ်သည့်အစားထိုးပြင်ဆင်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် ကားလက်ဝယ်ရှိနေသည့်ပိုင်ရှင်များအတွက်လည်း အခမဲ့အစားထိုးပြင်ဆင်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။ ယင်းပြဿနာကြောင့် မတော်တဆမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခြင်းမရှိသေးကြောင်းလည်း ကုမ္ပဏီမှပြောကြားခဲ့သည်ဟုသိရသည်။

ရေးသားသူ -ဟေမာ Internet Journal
Ref: WJLA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis