menu

Monday 20 February 2012

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ ဒီရေတောများ အပေါ်တွင် မှီခိုနေရသော ဒေသခံ ရေလုပ်သားများ လျော်ကြေးငွေ ရရှိရန်မျှော်လင့်




72110 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊နဘုလယ်ဒေသတွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုအတွက် မြေဧရိယာ (၂၀၄.၅၀၈၈၂) စတုရန်းကီလိုမီတာ၊ (၅၀၅၃၅.၀၂၃၃) ဧက လျာထား သတ်မှတ်ထားပြီး လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ရွှေ့ပြောင်းနေရာချထားမှုအတွက် စီစဉ်မှုများကို ထားဝယ်ရေနက် ဆိပ်ကမ်း အထောက်အကူပြု အဖွဲ့မှ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့မှ လျော်ကြေးငွေ ပေးအပ်ရန် ပြုစုထားသော စာရင်းများအရ လယ်မြေ(၈၂၇၂)ဧက၊ ဥယျာဉ်ခြံ(၂၇၃၆၉)ဧက၊ စနိ (၂၀၆)ဧကနှင့် အခြားမြေများ ပါရှိကြောင်း သိရသည်။ သို့သော် အဆိုပါစီမံကိန်း အတွင်းရှိ ဒေသခံများအတွက် မှီခိုအားထားရာ လုပ်ငန်းတစ်ခုဖြစ်သည့်ဒေသ အခေါ်ရပ်တော(ဒီရေတော)များ ကိုမူ လျော်ကြေးငွေသတ်မှတ်ရာ တွင်ပါဝင်ခြင်းမရှိ၍ ၎င်းရပ်တောများအပေါ် မှီခိုလုပ်ကိုင်နေရသော ဒေသခံရေလုပ်သားများက လျော်ကြေးငွေ သတ်မှတ်ပေးစေလိုကြောင်း သိရသည်။

“ဒီရပ်တော(ဒီရေတော)တွေ မှာ ကဏန်း၊ ငါးနဲ့ အခြားပင်လယ်ထွက် ပစ္စည်းတွေကို လုပ်ကိုင်ကြပါတယ်။ ဂဏန်းလုပ်တာက အ၀ယ်ဒိုင်တွေဆီကနေ ကြိုတင်ငွေထုတ်ပေးထားပြီး ရသမျှကဏန်းတွေကို သူတို့ဆီပို့ရတာပါ။ ရပ်တောတွေက သီဟိုဋ္ဌ်ပင်ထက် တန်ဖိုးရှိတယ်။ သီဟိုဋ္ဌ်က ရာသီချိန်ရောက်မှ အသီး သီးတာ။ ဒီရပ်တောတွေကတော့ တစ်နှစ်ပတ်လုံး လုပ်ကိုင်လို့ရတော့ ကျွန်တော်တို့လိုဒီနေရာကို မှီခိုနေသူ တွေအတွက် ထမင်းအိုးကြီးလိုပါ။ တစ်နှစ်ကို ဘယ်လောက်ရလဲဆိုတာ ကတော့ ပုံသေပြောလို့ မရပါဘူး။ တစ်လမှာ သုံးခါ ငွေရှင်းပါတယ်။ တစ်ခါရှင်းရင် တစ်သိန်းလောက် အနည်းဆုံးရှိတယ်။ ကဏန်းကို ပိဿာအလိုက် ရောင်းပါတယ်။ ကဏန်းခြင်းတစ်ခါဖော်ရင် ပိဿာ (၅၀)လောက်ရတယ်။တစ်လကို ရများတဲ့အခါရှိသလို အရနည်းတဲ့ အခါလည်းရှိတော့ ပျှမ်းမျှဝင်ငွေ(၃) သိန်းလောက်တော့ ရပါတယ်။ ဒီကြားထဲက ငါးထောင်ပြီးရောင်းလို့လည်း ရတယ်။ စားလည်းစားတာပေါ့။ အခု သူတို့စီမံကိန်းနဲ့ မလွတ်လို့ ပြောင်းခိုင်းလိုက်ရင် ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်ပါပြီ။ ဒီနေရာမှာပဲ ဒီအလုပ်ရှိတာ။ တခြားနေရာ မှာ ဘာလုပ်ရမှာလဲ။ ကျွန်တော်တို့ အခု အလုပ်လုပ်ပြီး စားသောက် နေရတဲ့ရပ်တော(ဒီရေတော)တွေ မရှိရင် ဘာလုပ်ရဦးမှာလဲ။ ဒီအတွက် ရပ်တောကြီးကို မှီခိုနေရတဲ့ သူတွေအတွက် လျော်ကြေး ပေးစေချင်ပါတယ်။ ကျွန်တော်တို့ တစ်ရွာလုံးရပ်တော (ဒီရေတော)တွေကိုပဲ မှီခိုပြီး စားသောက်နေရတာ။အခု တော့ ဒီနေရာကိုပစ်သွားရတော့ မယ်။ ကိုယ့်ထမင်းအိုးကြီးကို ပစ်သွားရသလိုပါပဲ”ဟု နဘုလယ် ဒေသရှိ ဗျစ်နီရွာမှရပ်တော (ဒီရေ တော)တွင် လုပ်ကိုင်စားသောက် နေသူဦးဖေ၀င်းက ပြောပြသွားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis