menu

Tuesday 7 February 2012

ဆူဒန်သူပုန်များက တရုတ်နိုင်ငံ လုပ်သား ၂၉ ဦးကို ဖမ်းဆီးထား


ခါတွန် - ဆူဒန်နိုင်ငံ တောင်ပိုင်း ကိုဒိုဖန် ပြည်နယ်ရှိ သူပုန်များသည် တရုတ် အလုပ်သမား ၂၉ ဦးကို ဖမ်းဆီးထားကြောင်း သူပုန် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ဇန်န၀ါရီလ ၂၉ ရက်နေ့၌ ပြောကြားသည်။
ဆူဒန်တပ်မတော် (SAF) ၏ အဖွဲ့ ၀င် ကိုးဦးပါဝင်ကြောင်း ဆူဒန်ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမှု မြောက်ပိုင်း (SPLM - N) ၏ ပြောခွင့်ရပုဂ္ဂိုလ် အာနူ ငူတူလူလိုဒီက အေအက်ဖ်ပီကို ပြော ကြားသည်။
သူပုန်များသည် ၂၇ ရက် နေ့က တရုတ်ကုမ္ပဏီတစ်ခု၏ စခန်းချ နေရာကို တိုက်ခိုက်ခဲ့အပြီး ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနသည် ဆူဒန်သံရုံးယာယီ တာဝန်ခံကို ဆင့်ခေါ်ခဲ့ပြီး ဆူဒန်နိုင်ငံ အား ပျောက်ဆုံးနေသော တရုတ်အလုပ် သမားများကို ရှာဖွေရန် တောင်းဆိုထားကြောင်း ၎င်းက ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တောင်ပိုင်း ကိုဒိုဖန်ဒေသ၏ အရှေ့ မြောက်ဘက် ရာရှက်မြို့မှ အယ်အဘာစီယာသို့ သွားနေသော ဆူဒန် စစ်တပ်မော်တော်ယာဉ် တန်းကို စနေနေ့က တိုက်ခိုက်အပြီး ဆူဒန်နိုင်ငံသားများ အပါအ၀င် တရုတ်အလုပ်သမားများပါ ၀င်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှင်ဟွာသတင်းဌာန၏ အဆိုအရ ယင်းတရုတ်အလုပ်သမားများသည် Power Construction Corp of China ကုမ္ပဏီ၏ အလုပ်သမား များဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို နူဘာတောင်တန်းဒေသတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး လုံခြုံရေးအတွက် ပြန်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း၊ ၎င်းတို့အားလုံး အသေအပျောက်နှင့် ဒဏ်ရာရထားခြင်း လုံးဝမရှိကြောင်း သူပုန်ပြောခွင့်ရပုဂ္ဂိုလ် အာနူငူတူလူလိုဒီက ဆိုသည်။
ဆူဒန်အစိုးရသည် စစ်ဖြစ်ရာနေရာသို့ ကူညီကယ်ဆယ်ရေးအေဂျင်စီများ လာရောက်ခြင်းကို အတင်းအကျပ်ကန့် သတ်ထားသည်။
၎င်းမှာ လုံခြုံရေးအရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ကူညီကယ်ဆယ်ရေးအလုပ်သမားများသည် ကုလသမဂ္ဂ၏ လေယာဉ်များဖြင့် သူပုန်များထံ လက်နက်၊ ကျည်ဆန်များ ပို့နေသည်ဟုလည်း စွပ်စွဲထားသည်။
ဆူဒန် တောင်ပိုင်းသည် ပြီးခဲ့သော ဇူလိုင်လက ခါတွန်အစိုးရထံမှ လွတ်လပ်ရေးရရှိခဲ့ခြင်း ဖြစ်သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis