menu

Tuesday 7 February 2012

၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦး၏ အထိမ်းအမှတ် ဗိမာန်အား ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်မည်




w71910 မန္တလေးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ဦး၏ အထိမ်းအမှတ်ဗိမာန်ကို ပြန်လည်သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံမှာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို အလံမလှဲစတမ်း ငြိမ်းချမ်းစွာတိုက်ပွဲဝင်ရင်း အာဇာနည်ရဟန်း ရှင်လူ ၁၇ ဦးကျဆုံးခဲ့ပါတယ်။ အဲဒီ အာဇာနည် ၁၇ ဦးကို တမ္ပ၀တီ သူကြွယ်ကုန်းရပ်မှာ မြို့လူထုနှစ်သိန်းလောက် လိုက်ပါသင်္ဂြိုဟ်ပြီး အာဇာနည်ဗိမာန် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအာဇာနည် ဗိမာန်ကို နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့အတွက် အခု ဆိုရင်အပင်တွေ၊ အညစ်အကြေး တွေနဲ့ မြင်မကောင်းအောင် ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် အာဇာနည် ၁၇ ဦးရဲ့ အထိမ်းအမှတ်ဗိမာန်ကို ပြန်လည်သန့်ရှင်း သပ်ရပ်မှုရှိဖို့ ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့ တွေ ၀ိုင်းဝန်းဆောင်ရွက်ဖို့ စီစဉ်နေကြတာပါ”ဟု မန္တလေးမြို့ရှိ လူမှုရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သောအာဇာနည် ၁၇ ဦး၏ အထိမ်းအမှတ်ဗိမာန်အား ပြန်လည်သန့်ရှင်း သပ်ရပ်မှုရှိစေရန် အကြိုညှိနှိုင်း အစည်းအဝေးကို ချမ်းမြသုခ လူမှုကူညီရေးအသင်း တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့က ကျင်းပရာ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ လူငယ်အသင်း အဖွဲ့များစသည့် အသင်းအဖွဲ့ပေါင်း ၂၁ သင်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis