menu

Sunday 15 July 2012

GE ဆေးရုံသုံး ပစ္စည်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့် အခမ်းအနား အမေရိကန် သံအမတ်သစ် ဒဲရစ် မဲချယ် တက်ရောက်

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိသော အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီ အစည်းအဝေးနှင့် တိုက်ဆိုင်လျက် အမေရိကန်နိုင်ငံမှ GE အမှတ်တံဆိပ် ခေတ်မီ ရောဂါ ရှာဖွေရေးနှင့် ကုသရေး စက်ပစ္စည်းများ ဝယ်ယူခြင်းအတွက် GE Healthcare ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သော Sea Lion Co., Ltd. နှင့် ယင်းပစ္စည်းများကို ဝယ်ယူအသုံးပြုသည့် ဗဟိုရ် စည်ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့ အရောင်းအဝယ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ယနေ့ညနေတွင် ကျင်းပရာ အမေရိကန် စီးပွားဖွံ့ဖြိုးရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Robert Hormats၊ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Francisco Sanchez၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဗဟိုရ်စည် ဆေးရုံမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဦးကျင်ထွန်းနှင့် နာယက အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သိန်းသိန်းမြင့်တို့က လည်းကောင်း။ ပန်းလှိုင် ဆေးရုံကိုယ်စား SPA/ FMI Co., Ltd. ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် ဆေးရုံအုပ်ချုပ်ရေးမှူး ဒေါက်တာ ရဲမိုးမြင့်တို့က လည်းကောင်း၊ Sea Lion Co., Ltd. ကိုယ်စား အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဝင်းဇော်အောင်က လည်းကောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ကြသည်။

“အမေရိကန်နဲ့ မြန်မာ ဆယ်စုနှစ် နှစ်စု အကြားမှာ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ပထမဦးဆုံး သဘောတူ စာချုပ်လို့ ပြောလို့ ရပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍဟာ ဝါရှင်တန် အစိုးရရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်သလို မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ် ” ဟု သက်တမ်း ၂၂ နှစ်အတွင်း ပထမဦးဆုံး အမေရိကန် သံအမတ်သစ် ဖြစ်လာသူ Mr. Derek Mitchell က ဆိုသည်။
Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis