menu

Sunday 15 July 2012

မေးခွန်းမေးမြန်းခံရသည့် ပြည်ထောင်စုဝန်ကြီးများ ပွင့်ပွင့်လင်းလင်းဖြေကြားရန် လွှတ်တော်ဥက္ကဋ္ဌပြောကြား

လွှတ်တော်၌ မေးခွန်းမေးမြန်း ခြင်း၊ အဆိုတင်သွင်းခြင်းကိစ္စများ သည် လွှတ်တော်ကိုယ်စားလှယ်များ ၏ အခွင့်အရေးဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အ စည်းများ၏ ဖြေကြားချက်များသည် သူတို့၏တာဝန်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်၌ လွှတ် တော်ကိုယ်စားလှယ်များ၏ မေးမြန်း ချက်များအား သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အ စည်းများ၏ ပြန်လည်ဖြေကြားချက် များသည် ပြည့်စုံမှုမရှိသည့်အတွက် ယင်းက ယခုကဲ့သို့ပြောကြားလိုက် ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ တတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးမှာလည်း ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ် ထက်နွယ်ဦးကလည်း ထိုအကြောင်း အရာမှာ ပြည့်စုံမှုမရှိဘူး။ ဒါကြောင့် မို့ ပြန်လည်တင်ပြတဲ့အတွက် သက် ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနနဲ့ ညှိနှိုင်းတဲ့အခါ လာရောက်ဖြေကြား တာရှိပါတယ်။ အဲဒီနည်းတူပဲ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ မေး မြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာန ဖြေကြားဖို့ ကျန်နေသေးတဲ့ကိစ္စများကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်က မိမိ ထံတင်ပြတဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ညှိနှိုင်းတဲ့သူတို့ လာ ရောက်ပြောကြားခဲ့တာလည်းရှိပါ တယ်။ မေးခွန်းမေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းကိစ္စဟာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို သက် ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာအ ဖွဲ့အစည်းများက ဖြေကြားဖို့ဟာ လည်း သူတို့ရဲ့တာဝန်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နှစ်ဖက် အငြင်းပွားမှုနဲ့ နှစ်ဖက်ထိပ်တိုက် မတွေ့ရှိနိုင်ရေးအတွက်ကို မေးခွန်း မေးမြန်းတဲ့အခါမှာလည်း လွှတ် တော်ဥက္ကဋ္ဌကို ဦးတည်ပြီးတော့ မေး ရတာဖြစ်သလို သက်ဆိုင်ရာအဖွဲ့အ စည်းများ၊ ပြည်ထောင်စုအဆင့်များ က ဖြေကြားတဲ့အခါမှာလည်း ဒီမေး ခွန်းအဖြေကို လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များကို တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက် ဆိုင်ရာပြည်ထောင်စုဝန်ကြီးအဖွဲ့နဲ့ သက်ဆိုင်ရာပြည်ထောင်စုအဆင့်တွေ ကမေးခွန်းမေးတဲ့ပုဂိ္ဂုလ်တစ်ယောက် ထဲကို ဖြေကြားခြင်းမဟုတ်ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ဥက္ကဋ္ဌကို ဖြေကြားခြင်း ဖြစ်တယ်ဆိုတာကို သိရှိထားမယ်ဆို ရင် မိမိတို့ရဲ့လုပ်ငန်းတွေဟာ ချော မွေ့အဆင်ပြေအောင်မြင်မှာဖြစ်ပါ တယ်။ ဒီနေ့ကိုယ်စီကိုယ်စီ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင်နေ တယ်။ ဒီလိုထမ်းဆောင်တဲ့နေရာမှာ ဒီတာဝန်ကို ဥပဒေနဲ့အညီ ထမ်း ဆောင်တယ်ဆိုတာကို နှစ်ဖက်နား လည်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆို လို့ရှိရင် မိမိတို့ပြုပြင်ပြောင်းလဲလိုက် ပါ။ ဆောင်ရွက်တဲ့စနစ်ဟာ ပိုပြီး တော့ သဘာဝကျကျနဲ့ အောင် အောင်မြင်မြင်ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဦးတင်မောင်ဦးက စပြီး တော့ မေးခွန်းမေးတဲ့အချိန်မှာ နောက်ဆက်တွဲဖော်ပြတာကိုမူတည် ပြီးတော့ သက်ဆိုင်ရာပြည်ထောင်စု ၀န်ကြီးကို ထပ်ပြီးတော့ ရှင်းခိုင်း တယ်။ ပြီးတဲ့အခါမှာလည်း မိမိတို့အ နေနဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာ နဲ့ ဒီနေ့ မိမိတို့လုပ်ဆောင်မယ့်တာ ၀န်တွေကို ရှင်းလင်းဖို့အတွက် လွှတ် တော်ကို တင်ပြရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ဆက် လက်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါကကောင်းတဲ့လက္ခဏာတ ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ် တွေဆိုတာ ပြည်သူကိုကိုယ်စားပြု တဲ့သူတွေ။ ပြည်သူ့ကိုယ်စားမေးခွန်း မေးရတဲ့သူ။ အဲဒီအတွက်ကြောင့် ၀န်ကြီးဌာနတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ မေး မြန်းချက်ကို ပြန်ဖြေရှင်းပေးရတယ် လို့မမြင်ဘဲပြည်သူတွေကိုပြန်ဖြေရှင်း ပေးရတယ်လို့သတ်မှတ်ထားသင့်ပါ တယ်” ဟုလှည်းကူးမြို့နယ် မဲဆန္ဒ နယ်မှဦးဖြိုးမင်းသိန်းကပြောပါသည်။

ယင်းအပြင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦး ခိုင်မောင်ရည်ကလည်း “လွှတ်တော် မှာသုံးဦးသုံးဖလှယ်ညီညွတ်ရတာ။ လွှတ်တော်ကိုယ်စားလှယ်၊သက်ဆိုင် ရာဝန်ကြီးဌာနရာယ်ပြည်သူရယ်။ နိုင် ငံအတွက်အကျိုးရှိအောင်လုပ်မယ် စေတနာမှန်ရင်အကျိုးပေးမှာပဲ။ လွှတ်တော်ဆိုတာကလည်း ပွင့်လင်း မြင်သာထင်သာမှုရှိရမယ်” ဟုပြော ပါသည်။

ယခင်ကျင်းပခဲ့သော လွှတ် တော်အစည်းအဝေးများတွင်ဝန်ကြီး ဌာနများ၏ဖြေကြားချက်များမှာကျေ နပ်လောက်စရာအဖြေမရှိသည့်အ တွက် ယခုကဲ့သို့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းခြင်းဖြစ်ကြောင်းလွှတ် တော်ကိုယ်စားလှယ်များကသုံးသပ် ပြော
ကြားသည်။

ခိုင်မင်း(နေပြည်တော်)၊ ဇော်မင်းနိုင်
 The Myanmar Post News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis