menu

Sunday 15 July 2012

မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက်များတွင် အင်္ဂလန်နှင့် ဂျပန်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လေ့လာမှုများ စတင်ပြုလုပ်




မြန်မာကမ်းလွန် ရေနံလုပ်ကွက်များတွင် အင်္ဂလန်နှင့် ဂျပန်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လေ့လာမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရှိရသည်။
လက်ရှိကာလ၌ မြန်မာ့ကမ်းလွန်ရှိ deep sea block နှင့် shallow block များကို ဂျပန်နိုင်ငံမှ Itlchu,Nippon Oil,Idemitsu Iogmec ကုမ္ပဏီများမှ လိုအပ်သော လေ့လာမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း၊ အလားတူ အင်္ဂလန်နိုင်ငံအခြေစိုက် British Gas, British Petroleum, Shell, Stat Oil  နှင့် ကိုရီးယားနိုင်ငံမှ BKB(Korea) စသည့် ကုမ္ပဏီများမှ လာရောက်လေ့လာနေကြောင်းလည်း သိရှိရပါသည်။

''ကမ်းလွန်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်ကလာပြီး လေ့လာနေပြီ။ အင်္ဂလန်ကုမ္ပဏီတွေဖြစ်တဲ့ BG,BP,Shell တို့ကလည်း လာပြီး လေ့လာနေကြပါတယ်။ Shell ကုမ္ပဏီဆိုရင် ကုန်းတွင်းလုပ်ကွက်တွေမှာ လာပြီးလုပ်ကိုင်ဖူးတယ်။ နောက်ပိုင်းမှာ မလုပ်တော့ဘူး။ အခုလည်း ကမ်းလွန်လုပ်ကွက်တွေမှာ လုပ်ကိုင်ချင်တယ်ဆိုပြီး လာလေ့လာနေကြတာပါ။ အခုဆိုရင် အမေရိကန်ကလည်း မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သတ္တူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့တဲ့အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက်တွေမှာ အမေရိကန်ကုမ္ပဏီတွေ ၀င်ရောက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်''ဟုလည်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
သို့ဖြစ်ရာ မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက်များ၌ ယခင်ကလုပ် ကိုင်ခဲ့သော Texaco, Arco, Amoco  စသည့် ကုမ္ပဏီများအပြင် လက်ရှိလုပ်ကိုင်ပါဝင်နေသော Cherron, Occidental တို့သည်လည်းကောင်း၊ အခြားရေနံကုမ္ပဏီများလည်း ပါဝင် လုပ်ကိုင်လာနိုင်ကြောင်းလည်း  စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သူများက သုံးသပ်ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis