menu

Saturday 2 June 2012

အသက် ၇၃ နှစ်အရွယ် ဂျပန်အမျိုးသမီး ဧ၀ရက်တောင်ထိပ်အား တက်နိုင်သော ကမ္ဘာအသက်ကြီးဆုံး အမျိုးသမီးဖြစ်လာ





အသက် ၆၅ နှစ်အရွယ် Tamae Watanabe ကို ၂၀၀၄ ခုနှစ် ဇွန်လ ၂ ရက်က တွေ့ရစဉ်
အသက် ၇၃ နှစ်ရှိပြီဖြစ်သော ဂျပန်အမျိုးသမီးသည် ဧ၀ရက်တောင်ကိုတက်ခြင်းဖြင့် ၎င်း၏ ၁၀ နှစ်တာ မှတ်တမ်းကိုချိုးနိုင်ကာ ဧ၀ရက်တောင် တက်နိုင်ခဲ့သော ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

Tamae Watanabe အမည်ရ ယင်းအမျိုးသမီးသည် Sherpa ဟုခေါ်သော တောင်တက်ကျွမ်းကျင်သည့် အဖော်သုံးဦးနှင့် ဧ၀ရက်တောင်အား တရုတ်-တိဗက်ပိုင်းတွင်ရှိသော မြောက်ဘက်ဆင်ခြေလျောမှ တက်ခဲ့ခြင်းဖြစ်ပြီး ပေပေါင်း ၂၉၀၂၈ ကျော်(၈၈၄၈ မီတာ)မြင့်သော ဧ၀ ရက်တောင်သို့ မေလ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ရောက်ရှိခဲ့သည်။


သူမသည် ၂၀၀၂ ခုနှစ်က အသက် ၆၃ နှစ်အရွယ်ရှိစဉ်ကလည်း ဧ၀ရက်တောင်အား နီပေါနိုင်ငံဘက်မှ တောင်ထိပ်အထိရောက်အောင် တက်ရောက်နိုင်ခဲ့သည်။

နီပေါနိုင်ငံနှင့် တရုတ်တိဗက်ဘက်ခြမ်းတို့ နယ်နိမိတ်စည်းမျဉ်း အလယ်တွင်ရှိသော ဧ၀ရက်တောင်အား ၂၀၀၈ ခုနှစ်က နီပေါနိုင်ငံသား အသက် ၇၆ နှစ်အရွယ် Min Ba-hadur က တက်ရောက်နိုင်ခဲ့၍ ဧ၀ရက်တောင်တက်နိုင်သော ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသားဖြစ်လာခဲ့သည်။

ဧ၀ရက်တောင်တက်ရောက်နိုင်သော ကမ္ဘာ့အသက်ငယ်ဆုံးမှာ ၂၀၁၀ ပြည့်နှစ်က အသက် ၁၃ နှစ် အရွယ် အမေရိကန်နိုင်ငံသား ဂျော်ဒန်ရိုမီရိုဆိုသူ ဖြစ်သည်။ ၂၀၁၁ ခုနှစ်က အသက် ၈၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ္ဘာ့အသက်ကြီးဆုံး တောင်တက်နိုင်သူအဖြစ် မှတ်တမ်း တင်ရန် ကြိုးစားစဉ်အတွင်း ဆုံးပါးသွားခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis