menu

Saturday 2 June 2012

‘လူမှုရေးလုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် ဘ၀ရဲ့အဓိပ္ပာယ်ကို သိခွင့်ပိုရလာသလို ဘ၀ကပိုပြီး လေးနက်လာတယ်’ သရုပ်ဆောင် အဆိုတော်ချစ်သုဝေနှင့် တွေ့ဆုံခြင်း




e595 သီချင်းတချို့ကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးဖန်တီးထားတဲ့ ချစ်သုဝေက လူမှုရေးလုပ်ငန်းတွေကိုလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆောင်ရွက်လေ့ရှိသူပါ။ မေလပထမပတ်မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး သွားရောက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာလည်း မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ချစ်သုဝေရဲ့လူမှုရေးလုပ်ငန်းတွေအပေါ် သဘောထား၊ ရှေ့ဆက်သွားမယ့် အနုပညာလမ်းကြောင်းနဲ့ မကြာခင်ကထွက်ရှိထားတဲ့ တိမ်တွေနေတဲ့အရပ် ဗီစီဒီစတဲ့ အနုပညာရေးရာ အဖြာဖြာကို တွေ့ဆုံစကားပြော ဖြစ်ခဲ့ရာမှာတော့ . . .

မေး ။ ထိုင်းနိုင်ငံမှာ သွားရိုက်ဖြစ်တဲ့ ဇာတ်ကားအကြောင်းကို အရင်ပြောပြပေးပါဦး။
ဖြေ ။ ဒါရိုက်တာ ကိုမင်းထင်ကိုကိုကြီးရယ် ကိုရဲတိုက်ရယ်က ထိုင်းနယ်စပ်မှာ ရှိနေတဲ့ ကလေးတွေရဲ့ပညာရေးအတွက် ဇာတ်ကားလေးတစ်ကား ရိုက်မယ်လို့ ပြောလာတယ်။ စီစဉ်တဲ့ ဒီဖောင်ဒေးရှင်းကလည်း ရည်ရွယ်ချက်ကောင်းသလို သူတို့ရဲ့လုပ်ဆောင်ချက်တွေကလည်း လေးစားအားကျစရာ ဖြစ်လာတဲ့အတွက် ဇာတ်ကားတိုလေးမှာ ပါဝင်ဖြစ်တာပါ။ ဖူးခက်ကနေ နာရီဝက်လောက်သွား ရတဲ့ ပငဆိုတဲ့နေရာလေးမှာ ရိုက်ခဲ့တာပေါ့။ Scene ပေါ်မှာ မြင်ရခံစားရတာ ထက် ရိုက်ကွင်းအပြင်ဘက်မှာ မငိုရတဲ့နေ့ဆိုတာ မရှိဘူး။ တခြားနိုင်ငံမှာ သွားလုပ်တယ်ဆိုရင် အဆင်ပြေကြတယ်၊ ကိုယ့်နိုင်ငံထက်စာရင် အဆင်ပြေလို့ သွားလုပ်ကြတယ်လို့ပဲ သိထားတာ။ တကယ်တမ်း တွေ့လိုက်ရတဲ့အချိန်မှာ သူတို့ရဲ့စိတ်မလုံခြုံတဲ့ ခံစားမှုတွေကို သိလိုက်ရတဲ့အတွက် အရမ်းစိတ်မကောင်းဘူး။ သူတို့အတွက်လည်း နောက်ဆံတင်းသွားတယ်။ မြန်မာတွေ ဒုက္ခရောက်နေတဲ့ အဖြစ်အပျက်ပေါင်းများစွာကို သိမြင်ခဲ့ရတယ်။ ရော်ဘာခြစ်တဲ့ အလုပ်သမားတွေဆိုရင် ညဘက်မှာခြစ်ကြတယ်။ အဖေရယ်အမေရယ် သွားခြစ်နေတယ်ဆိုရင် ကလေးတွေချည်း အိမ်မှာကျန်ခဲ့မယ်။ အပျိုအရွယ်ကလေးတွေ ကျန်ခဲ့မယ်ဆိုရင် ဘယ်လောက်များ လုံခြုံမှုမရှိလိုက်မလဲ။ အန္တရာယ်တွေ အများကြီး ခံစားနေကြရတာ။ ထရီဇာတို့ လုပ်နိုင်တာက နောက်မျိုးဆက်ကျရင် မဖြစ်ရအောင် ပညာပေးလို့ပဲရတယ်။ တချို့ကျတော့လည်း မြန်မာပြည်ကို ပြန်လာချင်တယ်တဲ့။ ကြားရတာ စိတ်မကောင်းဘူး။
မေး ။ ရိုက်ခဲ့တဲ့ ဇာတ်ကားနဲ့ပတ်သက်လို့ရော ဘယ်လောက် ထိရောက်မှုရှိမယ်လို့ ယုံကြည်ထားလဲ။
ဖြေ ။ ငါတို့မြန်မာတွေ ဒုက္ခရောက်နေပါလား၊ ပိုက်ဆံကလွဲပြီး တခြား life တွေပျောက်ဆုံးနေပါလား ဆိုတဲ့ အသိတရားလေး ရသွားနိုင်တာပေါ့လေ။ သူတို့ပြန်လာနိုင်အောင် ဘယ်လိုအခွင့်အလမ်းမျိုးတွေ ဖော်ဆောင်ပေးမလဲဆိုတာ လောက်အထိ ထရီဇာတော့ မျှော်လင့်ပါတယ်။
မေး ။ နိုင်ငံတကာမှာ celebrities တွေက လူမှုရေးလုပ်ငန်းတွေ အတွက် သံတမန်သဘောမျိုး ဆောင်ရွက်ကြတာလည်း ရှိတော့ ထရီဇာ အနေနဲ့ရော လူမှုရေးလုပ်ငန်းတွေကို ဘယ်လိုဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ လူမှုရေးလုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် သူတို့ ဘ၀ထဲကို သွားကြည့်ခွင့်ရတယ်၊ ဘ၀ရဲ့အဓိပ္ပာယ်ကို သိခွင့်ပို ရလာတယ်။ အဲဒီလိုလေးတွေ လုပ်ခွင့်ရခြင်းအားဖြင့် ဘ၀ကပိုပြီး လေးနက်လာတယ်လို့လည်း ခံစားရပါတယ်။  ဒါကြောင့် လူမှုရေးလုပ်ငန်းတွေကိုတော့ လုပ်ဖြစ်နေမှာပါ။
မေး ။ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အနုပညာရှင် တချို့လည်း တတ်နိုင်သလောက်စပြီး ကူညီနေကြပြီဆိုတော့ ထရီဇာအနေနဲ့ရော ပါဝင်ဖြစ်မလား။ သူတို့ကို ပြောချင်တဲ့ message မျိုးရော ရှိလား။
ဖြေ ။ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြောချင်တဲ့ စကားတစ်ခွန်း ကတော့ ဘ၀ဆိုတာ အမြဲတမ်းတော့ ဒီလိုမနေပါဘူး။ ဒုက္ခတွေဆင်းရဲဒုက္ခတွေ ဆိုတာကလည်း အမြဲတော့ မရှိနိုင် ပါဘူး။ ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေ အများကြီးရှိနေပါသေးတယ်လို့ ပြောချင်ပါတယ်။
မေး ။ အခုထွက်ထားတဲ့ ထူးထူးခြားခြား မိသား ဇာတ်ကားလေးက ပေါက်တယ်နော်။ ဆိုင်တက်လည်း များတယ်ဆိုတော့ အဲဒီဇာတ်ရုပ် နဲ့ ပတ်သက်တဲ့ အမှတ်တရလေးလည်း ပြောပြပါဦး။
ဖြေ ။ ဒီကားထဲမှာ မိတ်ကပ်မလိမ်းဘဲ ချွေးတွေသံတွေနဲ့ ရိုက်ခဲ့တာပေါ့လေ။ ကိုယ်ချစ်တဲ့သူကို ထုတ်ဖော် လည်းမပြရဲ၊ သူချစ်တဲ့ကောင်မလေး နဲ့လည်း အဆင်ပြေစေချင်တဲ့ မလူးသာမလွန့်သာ ဇာတ်ရုပ်မျိုးလေးပေါ့။
မေး ။ တိမ်တွေနေတဲ့ အရပ် ဗီစီဒီလေးကို အားပေးကြတဲ့အပေါ်မှာရော ပြောချင်တာများရှိလား။
ဖြေ ။ ထရီဇာ အဲဒီဗီစီဒီလေး စရိုက်ကတည်းကလည်း တစ်ပုဒ်ချင်းကို သေချာအားလေးစိုက်ပြီး ထရီဇာ လုပ်ပြချင်တာလေးတွေ ကိုရိုက်ပြထားတာ။ အသေးစိတ်လေးက အစကြိုက်တယ်ဆိုပြီး ပရိသတ်တွေ ဖုန်းဆက်ပြောကြတဲ့အခါ အရမ်းလည်း အားရှိသွားတယ်။ ပျော်လည်းပျော်တာပေါ့နော်။
မေး ။ ဒီနှစ်ထဲမှာ နောက်ထပ်စီးရီးရော ထွက်ဖို့ ရှိမလား။
ဖြေ ။ ကိုလင်းနဲ့နှစ်ယောက်တွဲ အခွေက အချောတွေဆိုနေပါပြီ။ တော်တော်များများ ပြီးနေပါပြီ။ စုံတွဲဆိုတာမျိုးထက် ကိုလင်းတစ်ပုဒ်ဆိုလိုက်၊ ထရီဇာတစ်ပုဒ်ဆိုလိုက် မတူကွဲပြားတဲ့ပုံစံလေးတွေ လုပ်ထားပါတယ်။ 
EMG          

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis