menu

Saturday 19 May 2012

အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ဆိုက်ကပ်




အမေရိကန်ရေတပ်မှ တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးသည် အငြင်းပွားရေပိုင်နက် Scarborough shoal အနီးရှိ ဖိလစ်ပိုင်ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့ကြောင်း မနီလာရေတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

USS North Carolina ရေငုပ်သင်္ဘောသည် ပုံမှန်သင်္ဘော ဖြည့်တင်းသွားမှုအတွက် Subic ပင်လယ်အော်ရှိ အကောက်ခွန် ကင်းလွတ်ခွင့်ရ ဆိပ်ကမ်းသို့ မေလ ၁၃ ရက်နေ့တွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အိုမာတွန်ဆေးက ပြောကြားခဲ့သည်။


ရေငုပ်သင်္ဘောဆိုက် ကပ်ခြင်းမှုသည် အရေးပါသည့်အရာများ ပြုလုပ်ရန်အတွက် မဟုတ်ကြောင်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုဖြစ်နေသည့် Scarborough Shoal ကို တွန်ဆေးက ရည်ညွှန်းပြောကြားခဲ့သည်။ Scarborough Shoal ရှိ ရေပိုင်နက် အငြင်းပွားမှုနှင့်ပတ်သက်ပြီး မနီလာနှင့် ပေကျင်းတို့က စစ်ဖက်သုံးမဟုတ်သည့် သင်္ဘောများကို အဆိုပါဒေသတွင် ထားရှိခဲ့သည်။

Scarborough Shoal သည် အမေရိကန် ရေတပ်စခန်းဟောင်းတစ်ခုရှိရာ Subic ပင်လယ်အောက် အနောက်ဘက် ၂၃၄ ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။ ဧပြီ ၈ ရက်နေ့တွင် တရုတ်ငါးဖမ်းသမားများကို ဖိလစ်ပိုင်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့မှုကို တရုတ်က တားမြစ်ခဲ့ချိန်တွင် Scarborough Shoal ကျွန်း၌ အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ကမ်းရိုးတန်းများသည် ဖိလစ်ပိုင်နှင့် အခြားအာရှနိုင်ငံများနှင့် နီးကပ်သည်ဆိုသော်လည်း တောင်တရုတ်ပင်လယ်သည် မိမိတို့၏ ပိုင်နက်ဖြစ်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာ ပြောကြားခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis