menu

Sunday 27 May 2012

နိုင်ငံတကာအာကာစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်





နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်ကို အာကာသ စူးစမ်းရှာဖွေရေး နည်းပညာ ကော်ပိုရေးရှင်း(SpaceX)က မေလ ၂၂ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပေါင် ၁၀၀၀ မျှလေးသော ကုန်တင်အာကာသယာဉ် Dragon ကို လွှတ်တင်မှုမှာ နိုင်ငံအစိုးရများသာ ဦးဆောင်လုပ်ကိုင်နေရသော အာကာသ စူးစမ်းလေ့လာရေးနယ်ပယ်အတွက် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။


အမေရိကန်အမျိုးသားအာကာ သအေဂျင်စီ(နာဆာ)က အနာဂတ်ကာလတွင် အာကာသစခန်းနှင့် ကမ္ဘာမြေအကြား ပျံသန်းမှုအတွက် ပုဂ္ဂလိကကဏ္ဍအပေါ် မှီခိုသွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယခုပျံ သန်းမှုသာ အောင်မြင်ခဲ့ပြီး နိုင်ငံ တကာအာကာသစခန်းနှင့် အဆင် ပြေပြေချိတ်ဆက်နိုင်ပါက SpaceX  သည် အာကာသစခန်းသို့ ကုန်ပို့ ဆောင်မှု ၁၂ ကြိမ်အတွက် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။

SpaceX သည် နှစ်ကြိမ်တိုင် လွှတ်တင်ရေးကြိုးပမ်းမှု မအောင် မမြင်ဖြစ်ခဲ့ပြီး မေလ ၂၂ ရက် ဒေသ စံတော်ချိန် နံနက် ၃ နာရီ ၄၄ မိနစ်တွင်မှ ယခင်က နာဆာ၏ အာကာသလွန်း ပြန်ယာဉ်များ လွှတ်တင်ရာ ဖလော်ရီဒါပြည်နယ်ကာ နီဗယ်အငူမှ လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

SpaceX ကုန်တင် အာကာသယာဉ်မှာ ၁၅၇ ပေမြင့်သည့် ဒုံးယာဉ် Falcon 9 မှ ခွဲထွက်ပြီးနောက် ကမ္ဘာကို တစ်နာရီ ၁၇၀၀၀ မိုင်နှုန်းဖြင့် ပတ်နေသည့် အာကာသစခန်းနှင့် ချိတ်ဆက်ရမည် ဖြစ်သည်။ မေလ ၂၄ ရက်နေ့တွင် စခန်းအောက်ဘက် ၁ ဒသမ ၅ မိုင်အကွာမှ ကပ်လိုက်ပြီး ဆက်သွယ် ချိတ်ဆက်နိုင်စွမ်းကို စမ်းသပ်ရမည်ဖြစ်သည်။ ယင်းနောက်တွင် ၁၀ ကိုက်အကွာအထိ ချဉ်းကပ်လာရမည်ဖြစ်ပြီး စခန်းရှိအာကာသယာဉ်မှူးတစ်ဦးက စက်လက်ဖြင့် ဆွဲယူကာ ချိတ်ဆက်ပေးမည်ဖြစ်သည်။

အာကာသစခန်းတွင် တစ်ပတ်ကြာ နေပြီးနောက် ပစ္စည်းကိရိယာများနှင့်အတူ မပျက်မစီး ကမ္ဘာမြေပေါ် ပြန်ဆင်းရမည်ဖြစ်သည်။

Ref;NY Times,Telegraph,AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis