နှစ်ချုပ်လုပ်ငန်းများ မလုပ်ကိုင်မီကပင် ထိုစာရင်းများသည် ကျွန်တော့်အား
ခြောက်လှန့်နေပါသည်။ ယခုအခြေအနေကို ရင်မဆိုင်လို၍
တစ်နှစ်ပတ်လုံးကြိုးစားကာ လုပ်ကိုင်ခဲ့ပါသော်လည်း မျှော်လင့်သလို
ဖြစ်မလာခဲ့။ နှစ်ချုပ်စာရင်းများ ပြီးသွားသောအခါ အရှုံးသည်ပို၍ ပေါ်
လွင်လာခဲ့သည်။ အရှုံးအနိုင်ဆိုတာ မတွေးဘဲ ဘာသိဘာသာနေသူဆိုလျှင်
မထောင်းသာသော်လည်း နဂိုကပင် အောင်မြင်လို၍ ကြိုးစားခဲ့သော ကျွန်တော့်
အတွက်တော့ ထိုအဖြေသည် ခါးသည်းလှပါသည်။
ကျွန်တော်တာဝန်ကျသော
မိုးညိုမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တောင်နှင့်မြောက်
အရှည်လိုက် ၃၈ မိုင်ကျော် တည်ရှိပြီး အရှေ့နှင့်အနောက် ၁၀
မိုင်ကျော်သာရှိသော မြို့တန်းရှည် တစ်ခုဖြစ်ပါသည်။ လူဦးရေတစ်သိန်း
နှစ်သောင်းကျော် မှီတင်းနေထိုင်ပြီး အရှေ့ဘက်တွင် ရွှေတောင်မြို့၊
နတ္တလင်းမြို့၊ ကြို့ပင်ကောက်မြို့၊ အုတ်ဖိုမြို့၊ မင်းလှမြို့နှင့်
လက်ပံတန်းမြို့ အားလုံးနှင့် ဆက်စပ်နေလေသည်။ အနောက်ဘက်တွင် လည်း
ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမှသည် ဟင်္သာတအထိ
တရှည်တလျားထိ စပ်လျက်ရှိပါသည်။ တချို့သော မိုးညိုမြို့နယ်အပိုင်မှ
လူများသည် မိုးညိုမြို့သို့ တစ်ခါမှပင်မရောက်ဖူးဘဲ နီးစပ်ရာ ဟင်္သာတ၊
မြန်အောင်၊ နတ္တလင်း၊ မင်းလှ၊ ကြို့ပင်ကောက်မြို့များသို့သာ
လူးလာခေါက်ပြန်သွားလာရင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
စီးပွားရေးလုပ်ငန်းများကို အားကိုးအားထားပြုလျက် ရှိပေသည်။ အမှန်စင်စစ်
အဆိုပါလူဦးရေတစ်သိန်းနှစ်သောင်းတွင် မိုးညိုကို အမှန်တကယ်မှီခိုအားထားသူက
လူဦးရေခုနစ်သောင်းပင် မရှိနိုင်ပေ။
တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းသည် ကျွန်တော်တို့ အဓိကဆောင်ရွက်နေရသော
ရောဂါထိန်းချုပ်ရေး လုပ်ငန်းများထဲမှ
တစ်ခုဖြစ်ပါသည်။ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးမှ တီဘီရောဂါရှာဖွေရန်အတွက်
ရည်မှန်းလူဦးရေသတ်မှတ်ချက် ရှိလေသည်။ လူတစ်သိန်းလျှင် တီဘီပိုးတွေ့လူနာ
တစ်ရာ့ငါးဦးရှာတွေ့ရမည်ဟု ရည်မှန်းကာ ရှာဖွေဆေးကုသပေးရပါသည်။ ကျွန်တော်တို့
မိုးညိုမြို့နယ်အတွက်ဆိုလျှင် တီဘီပိုးတွေ့ လူနာတစ်ရာနှစ်ဆယ့်ခြောက်ဦး
ရှာဖွေရမည်ဖြစ်ပါသည်။ သို့သော် တစ်နှစ်စာကာလပတ်လုံး ကျွန်တော်တို့ထံတွင်
ဆေးကုသမှုခံ ယူနေသည့်ပိုးတွေ့လူနာက ခုနစ် ဆယ်မပြည့်တပြည့်သာရှိသည်။
ပိုး တွေ့လူနာအဖြစ် မှတ်ပုံတင်နိုင်ရန် သလိပ်ကိုသုံးကြိမ်စစ်ဆေးရန်လို
အပ်ပါသည်။ အစစအရာရာအင် အားချို့တဲ့သော ကျွန်တော်တာဝန် ကျသည့်မြို့ကလေးတွင်
သလိပ်ကို ဓာတ်ခွဲစစ်နိုင်သည်က မြို့နယ်ဆေး ရုံတစ်ခုတည်းတွင်သာ ရှိလေသည်။
ဝေးလံလှသော မြောက်ဖျားနှင့် တောင်ဖျားမှလူများ ကျွန်တော်တို့ထံ မလာတော့
နီးစပ်ရာမြို့များသို့သာ လိပ်စာတစ်ခုခုယူ၍ သွားပြကြ၊ သလိပ်စစ်ကြတော့သည်။
ကျွန်တော်က အောက်ခြေအထိဆင်း၍ နီးစပ်ရာမြို့နယ်များတွင် သွားရောက်စစ် ဆေးပါ။
ပြီးလျှင် လွှဲစာယူခဲ့ပါ၊ ကျွန်တော့်ဆီမှ အောက်ခြေကျန်းမာရေးဝန်ထမ်းများက
အိမ်တိုင်ရာရောက် တီဘီဆေးများလာပေးပါမည်ဟု စည်းရုံးသော်လည်း မဆင်မပြေခဲ့။
ကျွန်တော်နှင့်အဝေးဆုံးသော မြောက်ဖျားရှိ ရွှေတောင်မြို့နယ်နားကပ်နေသော
မြန်အောင်မြို့တစ်ဖက်ကမ်း ဆင်မနိုင် ကျန်းမာရေးဌာနဆိုလျှင်
တစ်နှစ်လုံးပိုးတွေ့လူနာ တစ်ဦးမှ မရှာနိုင်ခဲ့ပေ။ လူနာများ မရှိမဟုတ်
ရှိပါသည်။ မိုးညိုသို့လာလျှင် တစ်ညအိပ်လောက်နေရမည်တွင် မြန်အောင်သို့
နေ့ချင်းပြန် မပင်မပန်း သွားနိုင်နေ၍ နီးစပ်ရာကိုသာသွားသည်ကို နား
လည်နိုင်ပါသည်။သို့သော်ကျွန်တော် တို့ထံတွင်စာရင်းကအတော့်ကိုဆိုး
ဆိုးဝါးဝါးကျဆင်းလျက်ရှိနေတော့ သည်။ယခု၂၀၁၂-၂၀၁၃ခုနှစ်ကာလ တွင်တော့
အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးမှသလိပ်စုဆောင်းသော
နေရာကလေးများဆောင်ရွက်ပေးတော့ မည်ဖြစ်၍ လူနာရှာဖွေနှုန်း တက်လာမည်ဟုတော့
မျှော်လင့်ရပေသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေဖြင့် ၂၀၀၃ ခုနှစ်ဝန်းကျင်ကပင်
အနာကြီးရောဂါ ကင်းဝေးပြီဟု ကြေညာနိုင်ခဲ့ပါသည်။ အနာကြီးရောဂါကင်းဝေးပြီဟု
ဆိုနိုင်ရန်အတွက် လူဦးရေတစ်သောင်းတွင် အနာကြီးရောဂါဖြစ်ပွားသူ
တစ်ယောက်အောက် သာရှိရပေမည်။ ကျွန်တော်တို့ မိုးညိုမြို့နယ်အတွက်
အနာကြီးရောဂါဖြစ်ပွားသူ ၁၂ ဦးထက် မပိုသင့်ပေ။ သို့သော် ၂၀၁၁ ခုနှစ်
နှစ်ကုန် အနာကြီးလူနာဦးရေသည် အယောက် ၂၀ ကျော် ရှိနေပါသည်။ မကြာသေးမီ ကာလမှ
နယ်လှည့်ဆေးကုရင်း ယခင်ဖြစ်ပွားခဲ့ဖူးသော နေရာများတွင်
ပိုက်စိတ်တိုက်ရှာဖွေခဲ့ရာ ယခုဆိုလျှင် အနာကြီးရောဂါဖြစ်ပွားသူ ၃၀ဦးကျော်
ရှာတွေ့ခဲ့ပြီး ဆေးကုသမှု ပေးနိုင်ခဲ့ပါသည်။ တစ်နေရာထဲမှ ဖြစ်ပွားနေခြင်း
မဟုတ်ဘဲ ကျန်းမာရေးဌာနအသီးသီးမှ ရှာဖွေပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံတွင် ကူးစက်တတ်သောရောဂါများကို နှိမ်နင်းရန်
လိုအပ်နေပါသေးသည်။ ကျေးလက်ဒေသကို အဓိကခြိမ်းခြောက်နေသည်မှာ ကူးစက်တတ်သော
ရောဂါများသာဖြစ်ပါသည်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက်
ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်လျင်ပင် ခရီးတစ်ဝက်မက
အောင်မြင်နေပါလိမ့်မည် . . .
|
စာရင်းဇယားများ လှပအောင်လည်း ကျွန်တော်မလိမ်ချင်။ ၀န်ထမ်းများကိုလည်း
မလိမ်ခိုင်းပါ။ ကျွန်တော်သူတို့ကို အမြဲပြောနေသော စကားတစ်ခုရှိပါသည်။ ငပေါ
ဖြစ်ချင်ပါသလား ဟူ၍ပင်။ သူတို့က ပြန်ဖြေပါသည်။ လုံးဝမဖြစ်ချင်ပါတဲ့။
ငပေါမဖြစ်ချင်ရင် ငပေါတပည့်ရော ဖြစ်ချင်သလားဟု မေးလိုက်ပြန်သည်။
ပိုလို့တောင် မဖြစ်ချင်သေးဟု သူတို့ဖြေပါသည်။ ခင်ဗျားတို့ စာရင်းဇယားတွေ
လိမ်လည်ပြီးတင်နေရင် ကျွန်တော် ငပေါ ဖြစ်ပြီပေါ့။ ကျွန်တော်
ငပေါဖြစ်လို့ကတော့ ခင်ဗျားတို့လည်း ငပေါတပည့်တွေပဲဟု အမြဲပြောခဲ့ဖူးပါသည်။
တီဘီလူနာများ ရှာမတွေ့စဉ်က အောက်ခြေ၀န်ထမ်းများကို ကျွန်တော်စိတ်
မကြည်လင်မိပါ။ သူတို့ အလုပ်မလုပ်ဟုသာ ရိုးစွပ်ချင်နေပါသည်။ သို့သော်
သူတို့က အလုပ်လုပ်နေကြောင်းကို အနာကြီးရောဂါ ရှာဖွေရေးဖြင့်
သက်သေပြနေကြသည်။ များသင့်တာနည်း၍ နည်းသင့်တာ များတာကတော့ ကျွန်တော်၏
ကံကြမ္မာလို့သာ ပုံချရပေတော့မည်။ သူတို့အလုပ် လုပ်နေကြပါလျက် ဘာကြောင့်
တီဘီရောဂါလူနာသစ် ရှာဖွေနှုန်း တက် မလာရပါသနည်း။ အနာကြီးရောဂါရှာဖွေရန်
ကျွမ်းကျင်သူတစ်ဦးသာ လိုအပ်ပါသည်။ ဓာတ်ခွဲခန်း ပို့စစ်စရာမလိုပေ။ လူနာအား
အိမ်တိုင်ရာရောက် သွားတွေ့၍ စစ်ဆေး ဆေးပေးရုံသာရှိပါသည်။ မြို့နယ်အဆင့်သို့
လည်း ခေါ်ရန်မလိုပေ။ တီဘီရောဂါအတွက် ဓာတ်ခွဲ စစ်ဆေးရန်လိုပါသည်။
ဓာတ်ခွဲကိရိယာ၊ ဓာတ်ခွဲကျွမ်းကျင်သူ၊ ဓာတ်ခွဲဆေးဝါး၊ နေရာစသည်တို့
လိုအပ်ပါသည်။ မြို့နယ်မှ လုပ်ယူရန်မလွယ် ကူသလို လုပ်ထုံးလုပ်နည်းများအရ
ကိုယ်အားကိုယ်ကိုး ပြင်ပမှဓာတ်ခွဲမှူးများ ငှားရမ်းလုပ်ကိုင်ရန်လည်း
အဆင်မပြေပါ။ နိုင်ငံတော်မှ ချထားပေးရန်ဖြစ်ပါသည်။
ယခုအခါ လွှတ်တော်ထဲတွင် ကျန်းမာရေးအတွက် ကိုယ်စားလှယ်များ
တောင်းဆိုနေသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရပါသည်။ အသစ် အသစ်များနှင့်
အဆင့်မြင့်သည်များကို တောင်းဆိုနေသည်ကို မကန့်ကွက်ပါ။ သို့သော်
ကျွန်တော့်အမြင်အရ တိုင်းနှင့်ပြည်နယ်ဆေးရုံကြီးတိုင်းတွင် MRI ကဲ့သို့
စက်ကြီးများ ထားမည့်ကုန်ကျစရိတ်ထက် အောက်ခြေအကျဆုံး
တိုက်နယ်ဆေးရုံတိုင်းတွင် ဓာတ်ခွဲမှူးတစ်ဦးနှင့် ဓာတ်ခွဲပစ္စည်းများ
ချထားပေးခြင်း စရိတ်က ပိုမိုသက်သာပါလိမ့်မည်။ ပြည် သူများအတွက်လည်း
ပိုမိုအကျိုးပြုနိုင်မည်ဟု ထင်မြင်မိပါသည်။ အလှမ်းကျယ်၍ အလယ်မလပ်စေလိုပါ။
ကျွန်တော်တို့နိုင်ငံတွင် ကူးစက်တတ်သောရောဂါများကို နှိမ်နင်းရန်
လိုအပ်နေပါသေးသည်။ ကျေးလက်ဒေသကို အဓိကခြိမ်း ခြောက်နေသည်မှာ ကူးစက်တတ်သော
ရောဂါများသာ ဖြစ်ပါသည်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက်
ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်လျင်ပင် ခရီးတစ်ဝက်မက
အောင်မြင်နေပါလိမ့်မည်။ အာရောဂျံပရမံ လာဘံဟုဆိုသည်မဟုတ်ပါလား။
EMG |
No comments:
Post a Comment