menu

Monday 27 February 2012

အသေးစား မိုးခေါင်ရေရှားမှုကြောင့် မာယာလူမျိုးတို့၏ လူ့အဖွဲ့အစည်း ပျက်သုဉ်းခဲ့ရခြင်းဖြစ်





၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဆိုသော ကောလာဟလတို့ကို ဖြစ်ပေါ်စေခဲ့သည့် မာယာလူမျိုးတို့၏ ပြက္ခဒိန်ကို ဂျာမနီနိုင်ငံတွင် ပြသထားစဉ်
အေဒီ ၉၅၀ ခန့်က ယနေ့ခေတ် မက္ကဆီကိုနှင့် ဂွာတီမာလာနိုင်ငံ တည်ရှိရာအရပ်တွင် ထွန်းကားခဲ့သော မာယာလူမျိုးတို့၏ လူ့အဖွဲ့အစည်း ပျက်သုဉ်းသွားခဲ့ရခြင်းမှာ အသေးစား မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။
တစ်ခေတ်တစ်ခါက အထူးအဆင့်မြင့်သည်ဟု ဆိုနိုင်သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတစ်ခု ပျက်သုဉ်းသွားရခြင်းမှာ ဆိုးရွားသော မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြီးကြောင့်ဟု ယခင်က ယူဆထားခဲ့ကြသည်။

မက္ကဆီကိုနှင့် ဘရာဇီးမှပညာရှင်များ၏ လေ့လာမှုအရမူ ယင်းသို့ကြီးမားသည့် မိုးခေါင်ရေရှားမှုကြီး ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ ပုံမှန်ထက် မိုးရေချိန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိနည်းသော အသေးစား မိုးခေါင်မှုဖြစ်ပေါ် သည့်အချိန်တွင် ပျက် သုဉ်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဒေသများမှာ မြစ်မရှိဘဲ မိုးရေကိုသာ အဓိကအားထားရသည့်ဒေသများဖြစ်သောကြောင့် မိုးရေချိန် အတော်အတန် လျော့လာသည်နှင့်ပင် ရေသိုလှောင်စနစ်များကို ထိခိုက်စေပြီး လုံလောက်သော ရေထောက်ပံ့ မှု မပေးနိုင်တော့ခြင်းဖြစ်သည်ကို တွေ့ခဲ့ရသည်။
ရေရှားလာသည်နှင့်အမျှ မာယာလူမျိုးတို့သည် မြို့ကြီးများကို စွန့်လွှတ်ခြင်းများဖြစ်လာခဲ့ကာ ပျက်သုဉ်းခဲ့ရခြင်းဖြစ်သည်။ ယခုလေ့လာမှုအရ လုံလောက်သော ရေပမာဏအောက် အနည်းငယ်လျော့နည်းမှုသည်ပင် ကာလကြာလာသော အခါ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ပြီး ယနေ့ခေတ်ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်တွင် ကြုံလာနိုင်ရသည်များကို  မီးမောင်းထိုးပြနေကြောင်း ပညာရှင်များ ကသုံးသပ်ခဲ့သည်။Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis