menu

Monday 27 February 2012

ရေကမ္ဘာဟုဆိုနိုင်သော ရေနွေးငွေ့ဆန်ပြီး လေထုထူထဲစွာရှိသည့် ဂြိုဟ်သစ်ကိုတွေ့ရှိ





ရေကမ္ဘာဟု ခေါ်ဆိုနိုင်သော ယခင်က မတွေ့ရှိဖူးသေးသည့် ရေနွေးငွေ့ဆန်သော လေထုထူထဲစွာရှိသော ဂြိုဟ်သစ်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း နက္ခတ္တဗေဒပညာရှင်များက ထုတ်ပြန်ကြေညာခဲ့သည်။
မိမိတို့နေထိုင်ရာ စကြ၀ဠာပြင်ပရှိ ဂြိုဟ်တစ်ခုဖြစ်သော အလင်းနှစ် ၄၀ အကွာမှ GJ 1214b  ဟု အမည်ပေးထားသည့် ဂြိုဟ်သည် ယင်းသို့သော ထူးဆန်းသည့်အခြေ အနေမျိုးတွင်ရှိနေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဟပ်ဘယ်လ်တယ်လီစကုပ်ဖြင့် ထပ်မံလေ့လာမှုများအရ ယင်းဂြိုဟ်၏ ဒြပ်ထုအများစုမှာ ရေများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဂြိုဟ်ကို လွန်ခဲ့သည့်  ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာပေါ်ရှိ တယ်လီစကုပ်များဖြင့် လေ့လာစဉ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
သေးငယ် သည့်နေတစ်စင်းကို နီးနီးကပ်ကပ် ပတ်နေသော ယင်းဂြိုဟ်တွင်အပူချိန် မှာ ၂၀၀ ဒီဂရီစင်တီဂရိတ်အထိရှိနေ သည်။
ယင်းဂြိုဟ်သည် ကမ္ဘာထက် အချင်း ၂ ဒသမ ၇ ဆမျှ ကြီးသော်လည်း ဒြပ်ထုမှာ ၇ ဆသာ ပိုများသည်။ (ပုံမှန်အားဖြင့် သိပ်သည်းဆတူပါက ယင်းအရွယ်အစားအရဆိုလျှင် ဒြပ်ထုမှာ အဆ ၂၀ မျှ ပိုများ ရမည်ဖြစ်သည်။)
၂၀၁၀ ပြည့်နှစ်တွင် ပညာရှင်များသည် ယင်းဂြိုဟ်၏ ဒြပ်ထုကို တွက်ချက်ပြခဲ့ပြီး ဂြိုဟ်၏လေထုသည် ရေ သို့မဟုတ် စနေဂြိုဟ်၏ ဂြိုဟ်ရံလတိုက်တန်ကဲ့သို့ မြူမှုန်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့သည်။ ယခုအခါ ဟပ်ဘယ်လ်တယ်လီစကုပ်ဖြင့် လေ့လာ မှုအရ ရေထုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis