menu

Monday 27 February 2012

ချောင်းဦးမြို့တွင် ကြက်ကောင်ရေ ၆၀ ခန့်သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ၂၅ ရက် နေ့မှစ၍ ကြက်ဥကြက်သား ရောင်းချတင်သွင်းခွင့်များ ပိတ်ပင်ထား



ချောင်းဦးမြို့တွင် ကြက်ကောင် ရေ ၆၀ ခန့် သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ကြက်ဥ၊ ကြက် သားရောင်းချခွင့်၊ တင်သွင်းခွင့်များ ပိတ်ပင်လိုက်ကြောင်း သိရသည်။
''ချောင်းဦးမြို့ မြောက်ဘက်အ ထွက်မှာ ကြက်ခြံတွေရှိပြီး ကြက်ခြံ တစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက်သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်း သပ်နေတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ချောင်းဦးမြို့ပေါ်မှာ ကြက်ဥ၊ ကြက်သားတင်သွင်းခွင့် ရောင်းချခွင့်တွေ ပိတ်ထားတယ်။ သက်ဆိုင်ရာကလာစစ်တော့ အနီးနားက ကြက်ခြံတစ်ခြံမှာလည်း ကြက်တစ်ကောင်သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်'' ဟု မုံရွာခရိုင် ချောင်းဦးမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
ယခုအခါတွင် ချောင်းဦးမြို့သို့ အ၀င်အထွက်ရှိသော ဆိုင်ကယ်များ၊ ကားများအား ဇီဝလုံခြုံရေးအတွက် ဆေးဖြန်းမှုများ ပြုလုပ်လျက် ရှိကြောင်းသိရသည်။ ထို့အပြင် မြို့မဈေးအပါအ၀င် ချောင်းဦးမြို့တစ်မြို့လုံး၌ ကြက်ဥ၊ ကြက်သားရောင်းချခြင်းကိုလည်း သက်ဆိုင်ရာမှ တရားဝင် ပိတ်ပင်ထားကြောင်း သိရသည်။

ကြက်ခြံတစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက် သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်းသပ်နေတယ်လို့ သိရတယ် . . 
ထို့အပြင် မုံရွာမြို့အရှေ့မြောက်ဘက်ရှိ ငုံး/ကြက်မွေးမြူရေးအထူးဇုန်၌လည်း ဇီဝလုံခြုံရေးစနစ်များတိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး မုံရွာမြို့နယ်ရှိ ကြက်ခြံများတွင် ကြက်များ အသစ်မွေးမြူမည်၊ ထုတ်ရောင်းမည်ဆိုပါက မြို့နယ်တိမွေးကု၌ ထောက် ခံချက် ရယူရမည်ဖြစ်ကြောင်း သိရှိရသည်။  
EMG    

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis