menu

Monday 16 January 2012

အနုပညာ သက်တမ်း ၂၁ နှစ်ပြည့်အဖြစ် ထွန်းအိန္ဒြာဗိုလ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမည်

e7163
အနုပညာဖြတ်သန်းမှု သက်တမ်း ၂၁ နှစ်ပြည့်အဖြစ် ထွန်းအိန္ဒြာဗို၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲကို ထူးခြားသည့် အစီအစဉ်များစွာဖြင့် တင်ဆက်သွားမည်ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များအား လှူဒါန်းရန်ရည်ရွယ်ထား သည်ဟု သိရှိရသည်။

“ကျွန်မရဲ့ အနုပညာသက်တမ်း က ၂၀၁၁ မှာ အနှစ် ၂၀ ပြည့်ပါတယ်။ အနုပညာသက်တမ်း နှစ် ၂၀ ပြည့်အဖြစ် အမှတ်တရဖြစ်အောင် တစ်ကိုယ်တော်ပွဲလေး လုပ်ချင်ခဲ့ပေမယ့် တကယ်တမ်းမှာ ဇာတ်ကား ရိုက်ရက်တွေနဲ့ ပြည့်နေခဲ့တာကြောင့် မလုပ်ဖြစ်လိုက်ပါဘူး။ ဒါကြောင့် အခုအနုပညာသက်တမ်း၂၁နှစ်ပြည့် တဲ့ အခုနှစ် နိုဝင်ဘာလမှာတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလေး လုပ်ဖြစ်အောင်လုပ်ဖို့ စိတ်ကူးထားပါတယ်။ အဓိကတော့ အလှူဒါနလေးတွေ လုပ်ချင်တယ်။ ဒီပွဲကိုအဲဒီအတွက် ရည်ရွယ်ပြီးလုပ်ဖြစ်မှာပါ။ ထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေ ဖြစ်အောင်တော့ အချိန်ယူပြင်ဆင်ဖြစ်ပါလိမ့်မယ်” ဟု သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက ရှင်းပြခဲ့သည်။
ထွန်းအိန္ဒြာဗို၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင်ပင် ပြုလုပ်ရန်စီစဉ်ထားပြီး ရက်နှင့် နေရာ အတိအကျကို ထပ်မံကြေညာသွားမည်ဟု သိရှိရသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis