menu

Friday 14 February 2014

*ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ဒဂုံဆိပ်ကမ်း၊ ရတနာလမ်းမအထက် ကားနှင့်ဆိုင်ကယ်တိုက်မှု လူ ၂ ဦးသေဆုံး*

Photo

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမပေါ်၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည (၈း၄၅) နာရီအချိန်ခန့်က မြန်မာကလိုဂို အထည်ချုပ်စက်ရုံမှ ယာဉ်မောင်း အငယ်လေး (ခ) ရှမ်းလေး မောင်းနှင်လာသည့် ဝန်ထမ်းကြို/ပို့ယာဉ် ည/၃၄၂၅ နှင့် သုံးယောက် စီးနင်းလာသည့်ဆိုင်ကယ်တစ်စီး တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့်အတူ BM ယာဉ်ကြီးသည် လမ်းဘေး သို့ ထိုးဆင်း၍ တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

ဒဏ်ရာရရှိသော အမျိုးသား - ၃ ဦး၊ အမျိုးသမီး - ၁၇ ဦးတို့အား ရန်ကုန် ဆေးရုံကြီးသို့ ရွှေသံလျင် နာရေးကူညီမှုအသင်းမှလူနာတင်ယာဉ်ဖြင့် အရေးပေါ်လူနာအဖြစ် ပို့ဆောင်နိုင်ခဲ့ကြောင်း ရွှေသံလျင် နာရေးကူညီမှုအသင်းမှ ဦးအောင်နိုင်ဦး က ပြောသည်။

၎င်းယာဉ်တိုက်မှုသတင်း ကြားသိခြင်း ရန်ကုန်တိုင်း ကြက်ခြေနီအဖွဲ့နှင့် ချိတ်ဆက်၍ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် အသင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Credit- FFSS
 
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis