menu

Thursday 6 February 2014

နောက်ဆုံးထွက် Honda Fit ဖြန့်ချိပြီ


Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။၂၀၀၁ ခုနှစ်ကတည်းက ထုတ်လုပ်တဲ့ကား ဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကိုတော့ တတိယမျိုးဆက်လို့ သတ်မှတ်လိုက်ပါတယ်။ ထူးခြားလာမှု တစ်ခုက ဟိုင်းဘရစ်ဗားရှင်းပါ ပူးတွဲ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဟိုင်းဘရစ် ဖစ်တ် က ဆီတစ်ဂါလံကို ၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့်ကားပါ။ အံ့မခန်း ဆီစားသက်သာတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကနဲ့ ဥရောပ ဈေးကွက်ကပါ Honda Fit အသစ်ကို မျော်နေကြပါပြီ။ပုံစံအားဖြင့် ထူးထူးခြားခြားပြောင်းလဲသွားမှု မရှိသလို အင်ဂျင်အရွယ်လည်း သိပ်မပြောင်းသွားပါဘူး။ ၁.၄ လီတာ ဆလင်ဒါလေးလုံး ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ Fuel Economy အပိုင်းမှာကျ သိသိသာသာ မြင့်တက် သွားမှု ဖြစ်ပါတယ်။ အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။ မိသားစုစီး ကားငယ်ေးလ တစ်စီး အဖြစ် ရှိနေအုံးမှာပါ။
ဂျပန်နိုင်ငံမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ယခုတော့ ကမ္ဘာ့ဈေးကွက်ကို စတင်ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်ကနေလည်း အချို့ အေးဂျင့်တွေ မှာပေးနိုင်မယ်ထင်ပါတယ်။ ၂၀၁၅ မော်ဒယ်ဆိုတော့ ရမရကတော့ မသေချာပါဘူး။ Brand New ကားတွေအတွက် ပေါ်လစီချထားပေမယ့် ၂၀၁၅ ကျတော့ အတော်လေး ဝေးနေပါတယ်။ ဒီတော့ ဟွန်ဒါ ဖစ် ၂၀၁၃ မော်ဒယ်လောက်အထိကို အသစ်ဝယ်စီးလည်း အဆင်ပြေပါတယ်။ http://www.motors.com.mm/cars/honda/ မှာ ဝင်လေ့လာကြည့်နိုင်ပါတယ်။ အဟောင်းဆိုရင် ၂၃၀၀၇ မော်ဒယ်လောက်က သိန်း ၁၀၀ ဝန်းကျင်သာ ကုန်ကျပြီး အဲ့ထက်မော်ဒယ်နိမ့်ရင် သိန်း ၁၀၀ အောက်အထိတောင် ဈေးသက်သာ နိုင်ပါသေးတယ်။အသစ်ဆိုရင်လည်း ဈေးသိပ်ကြီးမယ့်ကား မဟုတ်ပါဘူး။ အကြောင်းကတော့ အင်ဂျင် အရွယ် သေးလို့ ဖြစ်ပါတယ်။ လက်တလောမှာ ဟွန်ဒါဖစ်ဟာ မြန်မာပြည်မှာ တက္ကစီ အနေနဲ့ရော၊ အိမ်သုံး ကားအနေနဲ့ရော အကြိုက်တွေ့သူ ပမာဏ များပြားကြောင်း သိရ ပါတယ်။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis