menu

Monday 23 December 2013

အလှဆုံးအလှမယ် ဆန်ခါတင်၃၀စာရင်းမှာ ထပ်မံရွေးချယ်ခံရတဲ့ ခင်ဝင့်ဝါ

ဓာတ်ပုံ - People

The Ideal Beauty ၀က်ဘ်ဆိုက်က ရွေးချယ်ထားသော အချောလှဆုံးအလှမယ်ဦးရေတစ်ရာထဲမှ ထပ်မံရွေးချယ်သည့် ဆန်ခါတင် ၃၀ စာရင်းတွင် ခင်ဝင့်ဝါ ထပ်မံပါဝင်နေကြောင်း သတင်းရရှိသည်။
အလှမယ် ၅၈၅ ဦးထဲမှ ပထမဆုံးရွေးချယ်ခဲ့သော ဆန်ခါတင် ဦးရေ၁၀၀စာရင်းတွင် ခင်ဝင့်ဝါပါဝင်ခဲ့ပြီး အဆင့်ဆင့်ထပ်မံ၍ ဆန်ခါတင်ရွေးချယ်ခဲ့သော ၃၀ ဦး စာရင်းတွင် ပါဝင်လာခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း နာမည်အကြီးဆုံးနှင့် အဆင့်မီသည့်အလှမယ်ပြိုင်ပွဲများဖြစ်သော Miss World, Miss Universe, Miss Supranational, Miss Earth, Miss International, Miss Grand International 2013 ၂၀၁၃ အလှမယ်ပြိုင်ပွဲကြီးများအားလုံးထဲမှ ပြိုင်ပွဲဝင်အလှမယ် ၅၈၅ဦးထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ““အစက ၅၈၅ ယောက်ထဲက ဒိုင်တွေက အယောက် ၁၀၀ ကို ရွေးတယ်။ အဲဒီထဲကမှ အယောက် ၅၀ ကို ရွေးတယ်။ ဒိုင်တွေရွေး လိုက်တဲ့ အယောက် ၅၀ ထဲမှာထပ်ပြီး ဒိုင်တွေက ၂၅ ယောက်ရွေးတယ်။ ကျန်ငါးယောက်ကို ပရိသတ်ကို ရွေးခိုင်းတယ်။ Like အများဆုံးရတဲ့ ငါးယောက်က ဒီအ ယောက်သုံးဆယ်ထဲမှာ ရွေးခံရတာပါ။

၁၅ ယောက်ထပ်ရွေးမယ် လို့ ကြားတယ်။ ဘယ်နေ့ရွေးမှာလဲတော့မသိသေးဘူး”” ဟု Miss Golden Land Myanmar Organization မှ နေရှင်နယ်ဒါ ရိုက်တာ ကိုဝေယံအောင်ကပြောသည်။ထပ်မံအဆင့်ဆင့် ရွေးချယ် ကာ The Ideal Beauty's Most Beautiful Woman in 2013 ၂၀၁၃ အ ဖြစ် ရွေးချယ်ခံရသူက Diamond Trophy ဆုချီးမြှင့်ခံရမည်ဖြစ်သည်။

အဆိုပါ ၀က်ဘ်ဆိုက်ကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲ အေးဂျင့်များမှ ကျွမ်းကျင်သူများနှင့် တည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ The Ideal Beauty's Most Beautiful Woman ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ ယမန်နှစ်က Miss Universe 2012 ၂၀၁၂ တောင်အာဖရိကအလှမယ်က ရရှိခဲ့သည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis