menu

Wednesday 11 December 2013

ကျောင်းသားလေးယောက် ပျောက်လို့ရှာ တရားခံက ဆီးဂိမ်းဖြစ်

မရမ်းကုန်မြို့နယ် အထက (၄)မှ ကျောင်းသားလေး လေးဦး ထူးဆန်း စွာပျောက် ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ်သတင်းတွေ ပလူပျံ သွားသည်။ ထိုကလေးတွေက လိမ္မာယဉ်ကျေးရှိသည်ဟုလည်း ဆိုသည်။ ရှာသူတွေ ခေါင်းနောက် ကုန်သည်။

''သူတို့က နေပြည်တော် မှာ ကျင်းပနေတဲ့ ဆီးဂိမ်းကိုကြည့် ချင်လို့ ထွက်သွားကြတာတဲ့ဗျာ။ အခု နေပြည်တော်ဘူတာကို ရောက်ပြီး မသွားတတ်၊ မလာ တတ်ဖြစ်နေပြီတဲ့''ဟု အဆိုပါက လေးများထဲမှ တစ်ဦးက သူ့အစ်ကို ဖုန်းသို့ဆက်သွယ်ခဲ့သည့် သတင်း ကို အိမ်နီးချင်းတစ်ဦးက ရန်ကုန် တိုင်းမ်သို့ မသက်မသာပြောပြ သည်။
အဆိုပါကလေး လေးဦးမှာ အသက် ၁၃နှစ်ခန့်ရှိ သတ္တမတန်း ကျောင်း သားများ ဖြစ်ကြသော မရမ်းကုန်းမြို့နယ်နေ တင်ကိုကို၊ သုတဆွေ၊ ငြိမ်းချမ်းသော်၊ မင်း ကိုကို စသည့် လူငယ်လေးဦးတို့ ဖြစ်သည်။

ယင်းပျောက်ဆုံးသွားသော ကလေးလေးဦးကို မိဘများက ကျောင်း မတက်ဘဲ အိမ်မှပျောက် သွားသည်ကို ဒီဇင်ဘာ ၉ရက် ည နေပိုင်း ကျောင်း ဆင်းချိန်တွင် အထက(၄)ကျောင်းမှဆရာ၊ ဆရာ မများက ကျောင်း မတက်ကြောင်း မိဘများထံ အကြောင်းကြား လာသည့်အချိန်တွင် သိလိုက်ကြ ရတော့သည်။ ထိုအခါ သက်ဆိုင် ရာ ကျောင်းသား မိဘများက ခေါင်းမီးတောက်ကာ သက်ဆိုင် ရာ မရမ်းကုန်းရဲစခန်းသို့ လူပျောက် တိုင်ကြားခြင်း၊ ၎င်းတို့သွားလာ တတ်သည့်နေရာအများစုကို တာ ဝန်ရှိသူများနှင့် ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ အဆိုပါကလေး များ၏ မိဘများသည် နေပြည်တော်သို့ သွားရောက်ခေါ်ဆောင် ရန် ဒီဇင်ဘာ ၁ဝရက်က ထွက် ခွာသွားခဲ့ကြသည်။


မရမ်းကုန်းရဲစခန်းမှ တာဝန်ရှိနယ်ထိန်းက ''သူတို့သွားလာ တတ်တဲ့ ဂိမ်းဆိုင်တွေ၊ ပြည်သူ့ ရင်ပြင်တွေ၊ အားကစားကွင်းတွေ နဲ့ အောင်မင်္ဂလာအဝေးပြေးကား ဂိတ်ကအစ ရှာဖွေတာ မတွေ့ သေးဘူး။ သူတို့ရဲ့အတန်းဖော် သူငယ်ချင်း ကပြော တော့ အိမ် မှာနေရတာ စိတ်ညစ်လို့ ကရင် ပြည်နယ်ဘက်ကို ထွက်သွားမယ် ဆိုပြီးပြောခဲ့တယ်လို့ သိရလို့ ကျွန် တော်တို့ မရမ်းကုန်းရဲစခန်းအနေ နဲ့ မြဝတီရဲစခန်းကို သူတို့လေး ယောက်ရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ကို ပူးပေါင်း ရှာဖွေဖို့ပေး ထားတယ်။ အခုလော လောဆယ်တော့ မတွေ့သေးဘူး'' ဟု ယင်းကလေးများအားရှာဖွေ ရန်ဆောင်ရွက်ခဲ့ပုံကို ပြောသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲ ကို ဒီဇင်ဘာ ၄ရက်မှ ၂၂ရက်အ ထိကျင်းပမည်ဖြစ်ရာ ယင်းကဲ့သို့ အားကစားဝါသနာပါသည့် လူ ငယ်များအနေဖြင့် မိမိတို့၏သဘောဆန္ဒအလျောက် မည်သူ့ ကိုမှ အသိပေးအကြောင်းကြား ခြင်းမရှိဘဲသွားသည်ထက် သက် ဆိုင် ရာကျောင်းများမှ စာရင်း ကောက်၍ လေ့လာရေးသဘော မျိုး ပို့ဆောင်ကြည့်ရှုစေမည်ဆို ပါက ပိုမိုကောင်းမွန်မည်ဖြစ် ကြောင်း ကျောင်းသားမိဘတစ်ဦး က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ကျော်မြတ်ဇံ ၊ ဇင်မျိုးထက်

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis