menu

Wednesday 11 December 2013

ယူကရိန်းရဲတပ်ဖွဲ့က သပိတ်စခန်းကို အင်အားသုံးကာ ၀ိုင်းရံပိတ်ဆို့

Photo: ယူကရိန်းရဲတပ်ဖွဲ့က သပိတ်စခန်းကို အင်အားသုံးကာ ၀ိုင်းရံပိတ်ဆို့

ဒီဇင်ဘာ ၁၁။

ယူကရိန်းရဲတပ်ဖွဲ့က မြို့တော် Kiev တွင် ကြီးမာသည့် သပိတ်စခန်း ဖွင့်လှစ်ထားသော ကန့်ကွက်သူများစုဝေးရာ နေရာ တစ်ခုလုံးကို ရာပေါင်းများစွာသော တပ်ဖွဲ့အင်အားဖြင့် ၀န်းရံပိတ်ဆို့ထားသည်။ 

ယနေ့ ဒီဇင်ဘာ ၁၁ရက်နံနက်ပိုင်းက မြို့တော်ရှိ လွတ်လပ်ရေး
ရင်ပြင်တွင် ရဲတပ်ဖွဲ့ဝင်များသည် အတားအဆီးများစွာဖြင့် လာရောက်စောင့်ကြပ်နေကြပြီး အဓိကရုဏ်းနှိမ်နှင်ရေး လက်နက်များစွာကိုလည်း အသင့်ပြင်ဆင်ထားကြသည်။ 

ရဲတပ်ဖွဲ့ သည် အင်အားသစ်၊ တပ်သားသစ် များဖြည့်တင်းကာ 
လိုအပ်လျှင် အကြမ်းဆုံးနည်းဖြင့် ကန့်ကွက်ပွဲများကို နှိမ်နင်းရန် 
ပြင်ဆင်နေသည့်ပုံ ပေါ်လွင်နေသည်။ 

ရာပေါင်းများစွာသော ကန့်ကွက်သူများကလည်း သူတို့နောက်ဆုံး ထိန်းချုပ်ထားသော မြို့တော်၏ အချက်အချာနေရာရှိ ဟောပြောရေး စင်မြင့်များရှေ့တွင် လိမ္မော်ရောင် ဦးထုပ်ကိုယ်စီဆောင်းကာ 
မနုဿတံတိုင်း ကာရံထားသည်။ 

ယမန်နေ့ည တစ်ညလုံး ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် တစ်ဘက်နှင့်တစ်ဘက် စောင့်ကြည့် အကဲခတ်လျှက် ရှိသည်။ ကန့်ကွက်သူများသည် နိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုကြပြီး၊ ရဲတပ်ဖွဲ့များ တစ်လှမ်းတိုးလာတိုင်း ငါတို့နရာ အရွေ့မခံဟု အော်ဟစ်နေကြသည်။

ရဲတပ်ဖွဲ့များသည် သပိတ်စခန်းများကို ပိတ်ဆို့ဝန်းရံထားခြင်းမှာ ကန့်ကွက်သူအင်အား ထပ်မံမတိုးပွားလာစေရန်နှင့် အစားအစာ၊် ရေနှင့် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးတည့်နေသော လောင်စာများ ပြတ်လတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင် ကြောင်း လေ့လာသူများက ဆိုသည်။

ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ပြည်သူများက လိုလားချိန်တွင် လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျက ရုရှားနိုင်ငံနှင့်သာ အခင်အမင်မပျက် ဆက်လက် လက်တွဲလိုသည့် လုပ်ရပ်များကြောင့် ဥရောပသမဂ္ဂသို့ ၀င်ရောက်ရန် ငြင်းဆိုထားသည်။ 

ဥရောပနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှိတန်နှင့် အမေရိကန် ဒုတိယနိုင်ငံခြားဝန်ကြီး ဗစ်တိုးရီးယားနျူလန်တို့က လက်ရှိအစိုးရနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် မကျေမလည်မှုများအတွက် ကန့်ကွက်သူများနှင့် အစိုးရ အာဏာပိုင်တို့ နှစ်ဘက်စလုံးနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
 
Ref: Al Jazeera

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis