menu

Wednesday 6 November 2013

အဲကမ္ဘောဇ လေယာဉ်တစ်စင်း ထားဝယ်လေဆိပ်တွင် ရပ်နားထားစဉ် လေကာမှန် အက်ကွဲမှုကြောင့် ခရီးစဉ်များ ရပ်နားထား

Photo: အဲကမ္ဘောဇ လေယာဉ်တစ်စင်း ထားဝယ်လေဆိပ်တွင် ရပ်နားထားစဉ် လေကာမှန် အက်ကွဲမှုကြောင့် ခရီးစဉ်များ ရပ်နားထား

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်လေဆိပ်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက အဲကမ္ဘောဇ လေယာဉ်တစ်စင်း လေယာဉ်ရှေ့လေကာမှန် ကွဲအက်မှုကြောင့် ခရီးစဉ်များ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိဘဲ ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ထားဝယ်လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် f(Jate air 319320)ATR 72- ၅၀၀ အမျိုးအစား၊ XY-AJD လေယာဉ်သည် လေဆိပ်ရပ်နားကွင်းအတွင်း ရပ်တန့်ထားစဉ် အနီးရှိ မြိတ်မြို့သို့ထွက်ခွာမည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် (special B) EMBRAER ၁၉၀ အမျိုးအစား၊ XY-AGQ လေယာဉ်၏ အင်ဂျင်မှလေတွန်းကန်မှု အရှိန်ကြောင့် ကျောက်စရစ်ခဲများ လွင့်ပါလာပြီး လေယာဉ်၏ လေကာမှန်အချို့ကို ထိခိုက်ကာ ကွဲအက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲကမ္ဘောဇ လေယာဉ်ရဲ့ ရပ်နားထားပုံက ကန့်လန့်ဖြစ်နေတော့ EMBRAER ၁၉၀ ထွက်တဲ့အချိန်မှာ အင်ဂျင်ပါဝါ မြှင့်လိုက်လို့ ကျောက်စရစ်ခဲတွေ လွင့်ပါသွားပြီး လေယာဉ်ရဲ့ လေကာမှန်ကို ထိသွားတာ ဖြစ်ပါတယ်။  ၁၉၀ က လေတွန်းကန်အားပြင်းလို့ အခုလို မတော်တဆ ဖြစ်သွားတာပါ။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး" လေကြောင်းဦးစီးဌာန ထားဝယ်လေဆိပ် တာဝန်ခံ ဦးလှစိုးက ပြောကြားသည်။

ယင်းမတော်တဆမှုကြောင့် အဲကမ္ဘောဇ လေယာဉ်၏ လေကာမှန်အချို့ ကွဲအက်သွားပြီး ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များကို ညနေပိုင်းရောက်မှသာ စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ လေယာဉ်မှာ မှန်တစ်ချပ်တော့ ဆိုးဆိုးရွားရွား ကွဲအက်သွားခဲ့တယ်။ ကျန်တဲ့မှန်တွေမှာလည်း အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး။ ရန်ကုန်က အင်ဂျင်နီယာတွေ စင်းလုံးငှား လေယာဉ်နဲ့ လိုက်လာပြီး လေကာမှန်အသစ်ကို တပ်ဆင်မှာ ဖြစ်ပါတယ်" ဟု အဲကမ္ဘောဇ ထားဝယ်ရုံးခွဲ မန်နေဂျာက ပြောကြားသည်။

မှန်အက်ကွဲခဲ့သော အဲကမ္ဘောဇလေယာဉ် ထားဝယ်လေဆိပ်တွင် ရပ်နားထားသည်ကို တွေ့ရစဉ်
မှန်အက်ကွဲခဲ့သော အဲကမ္ဘောဇလေယာဉ် ထားဝယ်လေဆိပ်တွင် ရပ်နားထားသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်လေဆိပ်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက အဲကမ္ဘောဇ လေယာဉ်တစ်စင်း လေယာဉ်ရှေ့လေကာမှန် ကွဲအက်မှုကြောင့် ခရီးစဉ်များ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိဘဲ ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ထားဝယ်လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် f(Jate air 319320)ATR 72- ၅၀၀ အမျိုးအစား၊ XY-AJD လေယာဉ်သည် လေဆိပ်ရပ်နားကွင်းအတွင်း ရပ်တန့်ထားစဉ် အနီးရှိ မြိတ်မြို့သို့ထွက်ခွာမည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် (special EMBRAER ၁၉၀ အမျိုးအစား၊ XY-AGQ လေယာဉ်၏ အင်ဂျင်မှလေတွန်းကန်မှု အရှိန်ကြောင့် ကျောက်စရစ်ခဲများ လွင့်ပါလာပြီး လေယာဉ်၏ လေကာမှန်အချို့ကို ထိခိုက်ကာ ကွဲအက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲကမ္ဘောဇ လေယာဉ်ရဲ့ ရပ်နားထားပုံက ကန့်လန့်ဖြစ်နေတော့ EMBRAER ၁၉၀ ထွက်တဲ့အချိန်မှာ အင်ဂျင်ပါဝါ မြှင့်လိုက်လို့ ကျောက်စရစ်ခဲတွေ လွင့်ပါသွားပြီး လေယာဉ်ရဲ့ လေကာမှန်ကို ထိသွားတာ ဖြစ်ပါတယ်။ ၁၉၀ က လေတွန်းကန်အားပြင်းလို့ အခုလို မတော်တဆ ဖြစ်သွားတာပါ။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး" လေကြောင်းဦးစီးဌာန ထားဝယ်လေဆိပ် တာဝန်ခံ ဦးလှစိုးက ပြောကြားသည်။

ယင်းမတော်တဆမှုကြောင့် အဲကမ္ဘောဇ လေယာဉ်၏ လေကာမှန်အချို့ ကွဲအက်သွားပြီး ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များကို ညနေပိုင်းရောက်မှသာ စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ လေယာဉ်မှာ မှန်တစ်ချပ်တော့ ဆိုးဆိုးရွားရွား ကွဲအက်သွားခဲ့တယ်။ ကျန်တဲ့မှန်တွေမှာလည်း အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး။ ရန်ကုန်က အင်ဂျင်နီယာတွေ စင်းလုံးငှား လေယာဉ်နဲ့ လိုက်လာပြီး လေကာမှန်အသစ်ကို တပ်ဆင်မှာ ဖြစ်ပါတယ်" ဟု အဲကမ္ဘောဇ ထားဝယ်ရုံးခွဲ မန်နေဂျာက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis