ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းအပိုင်၊ ပဲခူးတက္ကသိုလ်ဝန်း၊
အမှတ်(၈)ရပ်ကွက်တွင်(၂.၁၁.၂၀၁၃)နေ့ ည(၁၀း၀၀)အချိန်ခန့်က
လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာပဲခူးတက္ကသိုလ်အဆောက်အဦးများဆောက်လုပ်ရာတွင်
သံစီသံကွေးအလုပ်ကိုင်သူ စိုးသူ(၂၇)နှစ်၊(ဘ)ဦးခင်မောင်သန်း၊သည် လည်ပင်း
ဝဲလည်ဂုတ်တွင်ပြရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းကို
အလုပ်သမားအဖွဲ့ခေါင်းဆောင်မှ စိုးသူ၏ ဇနီး
မချိုသန်း၊(၂၈)နှစ်(ဘ)ဦးမြင့်စိုး၊ အမှတ်(၂၉၄)ရွာမအနောက်မြို့ပတ်လမ်း၊
အင်းစိန်မြို့နေသူဆီသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ
၎င်း၏ဇနီးမှာပဲခူးသို့လိုက်လာပြီး စိုးသူသေဆုံးမှုအား
ပဲခူးအမှတ်(၃)စခန်းသို့တိုင်တန်း ရာစခန်းမှ
သေဆုံးသူအားပဲခူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (ပ)၄၅၂/၂၀၁၃
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရအမှုဖွင့်အရေး ယူထားပြီးတရားခံ အား အပူတပြင်း
လိုက်လံ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
by Myanmar News Now
No comments:
Post a Comment